THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

အစ္စလာမ်ကောင်စီ၏ အားလုံးအညီတေးကဗျာ

အစ္စလာမ်ကောင်စီ၏ အားလုံးအညီတေးကဗျာ
 
တေးရေး - ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင်
 
[(ဒို့ပြည်ထောင်စုသားများဖြစ်ကြသည်၊
မွတ်စ်လင်မ်ပီအောင် ကြိုးစားမည် ၊
ညီညာ စိတ်ထား မြင့်မြတ်ရမည် ၊
ညီနောင်ချင်း ချစ်အောင် တကယ်ပင် လုံးပန်းပါမည်။
ဘာသာစုံ လေးစားကြမှအတည်၊
အခြေခံအခွင့်အရေးများကိုမှီ၊
မြန်ပြည်ဘောင် ကြီးပွားချမ်းသာ တိုးတက်ရေးကို ကြိုးစားကြမည်၊
အားလုံးအညီ)၂
 
တိုင်းရင်း မွတ်စ်လင်မ် နောက်ကျခဲ့လှပြီ၊
လျင်စွာ ထင်စွာ ရှေ့သို့ စိုက်စိုက်ချီ၊
ကောင်စီ အစ္စလာမ် နည်းပေး လမ်းပြသည်၊  
ပညာ သာသနာ တိုးတက်ရတော့မည်။
 
စံတည်-မွတ်စ်လင်မ်သည်
အရှင်မြတ်ရဲ့ လမ်းမှာ အတည် 
ခါးစည်းကာ လုံးပန်း လိုက်ရမည်။ 
အစ္စလာမ်သာသနာ မီးရှူးသည်
ဖြူစင်စွာ တက်လမ်း မုချပြပြီ၊ 
တိုင်းရင်းသားပေါင်းစုံ တကယ်ပင် ချစ်ကြည်စေမည်။
 
ဘာသာစုံ လေးစားကြပါ့ အတည်၊
အခြေခံ အခွင့်အရေးများကိုမှီ၊
ဒို့ကောင်စီ ကြီးပွားလမ်းသာ တိုးတက်ရေးကို ကြိုးစားကြမည်၊ 
အားလုံးအညီ] ၂