THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

အစ္စလာမ့်ဝန်ထမ်း အန်ဆွာရီ တေးကဗျာ

အစ္စလာမ့်ဝန်ထမ်း အန်ဆွာရီ တေးကဗျာ
 
တေးရေး - ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင်
 
(အစ္စလာမ့်ဝန်ထမ်း၊
ငါတို့ အန်ဆွာရီ ၊
အရှင့်ထံမှီကတိခံသည်၊ 
ဘာသာ့ ဝတ္တရားလည်း
အကောင်းဆုံး ရွက်ဆောင်မည်၊
နွမ်းပါစေ၊
ပန်းပါစေ၊
အရိုးကြေကြေ၊
အရေခန်းလည်း၊
အမြဲတမ်းရှေ့ကချီ။)၂
 
 ဘာသာစုံညီ ထောက်ထားရမည်၊
နိုင်ငံစည်ပင် ဖွံ့ဖြိုးရမည်၊ 
အကျိုးမျှော် တို့နော် ရွက်ဆောင်ခဲ့သည်။
ရပ်ရေးတွေ ရွာရေးတွေ အေးချမ်းစေ၊
ပြည်ထောင်စုအတွက် အသက်ပေး ဝန်ထမ်းမည်။
 
အမျိုးသားတွေ အမျိုးသမီးတွေ နိုးကြားစေ၊
အစ္စလာမ်ရေးအတွက် တို့အသက်ကို အပ်မည် ။ 
 
ကတိနဲ့တာဝန်ခံယူသည်၊
အလ္လာဟ့်လမ်း၌ မတ်မတ်တည်၊
ဖွှရဒွ် - ငါးသွယ် ကိုယ်ဝယ်တည်၊
ငါတို့ရဲ့ မွန်မြတ်တဲ့ စိတ်ထားညီ။
 
သစ္စာ - မဖောက်  ၊  
အစစ်ပါ - မကြောက်၊
ပေါက်ပေါက် ရောက်ရောက်
တောက်လျှောက် ချီတက်မည်။
 
ကုရ်အာန် - တို့အသည်း ၊  
ချစ်သည် အမြဲ ၊
ပြုံးလို့သာ ဆုံးသက်ထိအောင် ကာကွယ်မည် ၊ 
မွတ်စ်လင်မ် ပီပီ  စိတ်မဝမ်းမကွဲ ၊
လက်တွဲ ကူညီမည်။
 
မန် - အန်ဆွာရီ အိလ္လလ္လာဟ်။
(အလ္လာဟ်အရှင့်လမ်းတော်၌ မည်သူကူညီကြမည်နည်း။) 
 
နဟ်နု - အန်ဆွာရွလ္လာဟ်။
(အလ္လာဟ်အရှင့်လမ်းတော်၌ ကျွန်ုပ်တို့ကူညီကြပါမည်။)