THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

(၅၇)နှစ်မြောက် အစ္စလာမ်သာသနာရေးရာ ကောင်စီနေ့ အခမ်းအနားကျင်းပ

 

ဒီဇင်ဘာလ (၅)ရက်နေ့မှာ ကျရောက်မယ့် အစ္စလာမ်သာသနာရေးရာကောင်စီ၏ (၅၇)နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားကို ဒီနေ့ ၂၀၁၁-ခု၊ ဒီဇင်ဘာလ (၄)ရက်နေ့မှာ ရန်ကုန်မြို့ရှိ စင်ထရယ်ဟိုတယ်လ်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားသို့ အစ္စလာမ်သာသနာရေးရာကောင်စီဝင်များ၊ သံရုံးများမှကိုယ်စားလှယ်များ၊ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသောဧည့်သည်များ စုစုပေါင်း (၅၀၀)၀န်းကျင် တက်ရောက်ကြပါတယ်။ ဦးဝဏ္ဏရွှေနှင့် ဒေါက်တာမောင်မောင်တို့က အင်္ဂလိပ်+မြန်မာ (၂)ဘာသာဖြင့် အခမ်းအနားမှူးများအဖြစ် ပြုလုပ်ကြပါတယ်။။ အခမ်းအနားကို အစီအစဉ်(၆)ရပ်နဲ့ ကျင်းပခဲ့ပါတယ်။

 

အစီအစဉ်(၁)အရ ကျမ်းမြတ်ကုရ်အာန်ဖတ်ရွတ်၍ အခမ်းအနားအစီအစဉ်ဖွင့်လှစ်ခြင်း။

အစီအစဉ်(၂)အရ အာန်ဆွာရီတေးကဗျာ စုပေါင်းသီဆိုခြင်း။

အစီအစဉ်(၃)အရ အစ္စလာမ်သာသနာရေးရာကောင်စီဥက္ကဌဦးညွန့်မောင်သျှိန်မှ မိန့်ခွန်းပြောကြားခြင်း။

အစီအစဉ်(၄)အရ ဂုဏ်ပြုအမှာစကားပြောကြားခြင်း။

အစီအစဉ်(၅)အရ အားလုံးအညီတေးကဗျာ စုပေါင်းသီဆိုခြင်း။

အစီအစဉ်(၆)အရ ဒုအာဆုမွန်တောင်းခြင်း။

 

အစီအစဉ်(၁)အရ ကျမ်းမြတ်ကုရ်အာန်ကို မောင်နာလာဦးအုန်းသောင်မှ ဖတ်ရွတ်ပေးပါသည်။

အစီအစဉ်(၂)အရ အာန်ဆွာရီတေးကဗျာကို စုပေါင်း၍ သီဆိုကြပါသည်။

အစီအစဉ်(၃)အရ ဥက္ကဋ္ဌမှ အင်္ဂလိပ်+မြန်မာ (၂)ဘာသာဖြင့် မိန့်ခွန်းပြောကြားပါသည်။

အစီအစဉ်(၄)အရ ……….

(က) လူမှုရေးဝန်ကြီးဒေါက်တာမြင့်သိန်း

(ခ) တိုင်းဒေသကြီး သာသနာရေးမှူး ဦးဇော်ဇော်ဦး

(ဂ) ဦးမြသန်း(သံအမတ်ကြီး) [ Interfaith group (အဘိဓမ္မာကျောင်းအုပ်ကြီး) ]

(ဃ) ဦးစိန်ဝင်းအောင် (အငြိမ်းစား သံအမတ်ကြီး)၊ [ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ]

(င) ဒေါက်တာသာဥာဏ် [အတွင်းရေးမှူး၊ Interfaith Dialogue group, ခရစ်ယာန်ဘာသာကိုယ်စားလှယ်]

(စ) ဦးအောင်နိုင် [ဒု-ဥက္ကဋ္ဌ၊ Interfaith Dialogue group, ဟိန္ဒူဘာသာကိုယ်စားလှယ်]

(ဆ) ဦးကျော်ဇောနိုင်  (ပါမောက္ခ) [ဘာသာတရားများလေ့လာရေးပညာရှင် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့]

(ဇ) ဦးတင်မြင့် (မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့/ငြိမ်း) [ဆရာကြီးဦးရာဇတ်၏သား]

(ဈ) ဦးလှမောင် (အငြိမ်းစားသံအမတ်ကြီး) ………………… တို့က ဂုဏ်ပြုအမှာစကားများပြောကြားခဲ့ကြပါသည်။

အစီအစဉ်(၅)အရ အားလုံးအညီတေးကဗျာ စုပေါင်းသီဆိုကြပါသည်။

အစီအစဉ်(၆)အရ ဆရာအုမရ်မြင့်နိုင်မှ ဒုအာဆုမွန်တောင်း၍ အခမ်းအနားအစီအစဉ်ကို ရပ်နားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသူများအား ညစာဖြင့်တည်ခင်းဧည့်ခံကျွေးမွေးပါသည်။

ဥက္ကဋ္ဌကြီးမှ သဘာပတိမိန့်ခွန်းပြောကြားစဉ်

 

အခမ်းအနားတွင် ပြောကြားခဲ့သော သဘာပတိမိန့်ခွန်း