THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

အစ္စလာမ်ကောင်စီနှစ်(၅၀)ပြည့်ရွှေရတု အထိမ်းအမှတ်အခမ်းအနား

 
အစ္စလာမ်ကောင်စီနှစ်(၅၀)ပြည့်ရွှေရတု အထိမ်းအမှတ်အခမ်းအနား
 
အစ္စလာမ်သာသနာရေးရာကောင်စီအား (၁၉၅၄)ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ (၂၀၀၄)ခုနှစ်တွင် အစ္စလာမ်ကောင်စီနှစ် (၅၀) ပြည့် ရွှေရတုကာလဖြစ်သဖြင့် အစ္စလာမ်ကောင်စီဌာနချုပ်မှ ဒေသနာနှိုးဆော်လွှာအမှတ် (၈/၂၀ဝ၄) ထုတ်ပြန်၍ အစ္စလာမ်ကောင်စီနှစ်(၅၀)ပြည့် ရွှေရတုအခမ်းအနားများ ကျင်းပရန် နှိုးဆော်ခဲ့ပါသည်။ ယင်းနှိုးဆော်ချက်နှင့်အညီ အစ္စလာမ်ကောင်စီဌာနချုပ်သည် (၂၀ဝ၄) ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့တွင် ရန်ကုန်မြို့ ဆရာဝန်များအသင်းခမ်းမ၌ အစ္စလာမ်ကောင်စီနှစ်(၅၀)ပြည့် ရွှေရတုအခမ်းအနားတစ်ရပ်ကို ခန့်ညား သိုက်မြိုက်စွာဆင်ယင်ကျင်းပခဲ့ပါသည်။ ၄င်းအခမ်းအနားသို့ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ သဝဏ်လွှာပေးပို့ခဲ့ပါသည်။ ၄င်း အခမ်းအနားတွင် အစ္စလာမ်ကောင်စီဌာနချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းYMBA၊ ခရစ်ယာန်ကလျာဏယုဝအသင်း
YMCAတို့မှတက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး ဟိန္ဒူအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ အခမ်းအနားသို့ ကြွရောက် အားပေးခဲ့ကြပါသည်။ အလားတူ အစ္စလာမ်ကောင်စီနှစ်(၅၀)ပြည့် ရွှေရတုအခမ်းအနားများအား မန္တလေးတိုင်းအစ္စလာမ်ကောင်စီ၊ ရခိုင်ပြည်နယ် အစ္စလာမ်ကောင်စီ၊ ဧရာဝတီတိုင်း အစ္စလာမ်ကောင်စီစည်းရုံးရေးကော်မတီတို့နှင့် မြို့နယ်အစ္စလာမ်ကောင်စီခွဲ အချို့တို့ကလည်း ဆင်ယင်ကျင်းပခဲ့ကြပါသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အစ္စလာမ်ကောင်စီ နှစ်(၅၀)ပြည့်ရွှေရတုပိတ်သိမ်းပွဲတော် ကျင်းပခဲ့ပါသည်။