THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

အစ္စလာမ်ကောင်စီ နှစ်(၆၀)ပြည့်နှင့် ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရာပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ

အစ္စလာမ်ကောင်စီ နှစ်(၆၀)ပြည့်နှင့် ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရာပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ

 


အစ္စလာမ်သာသနာရေးရာကောင်စီ နှစ်(၆၀)ပြည့်နှင့် ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို 
၂၀-၁၂-၂၀၁၄ (စနေနေ့) ညနေ(၅းဝ၀)နာရီမှ ည(၈းဝ၀)နာရီတွင် ရန်ကုန်မြို့၊ ဆိပ်ကမ်းသာလမ်း၊ Strand Hotelတွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားကို အစ္စလာမ်ကောင်စီဌာနချုပ် ဒုတိယဥက္ကဋ္ဌ(အာလင်မ်ရေးရာ) အလ်ဟာဂ်ျ မောင်လာနာ ဦးအုန်းသောင် (အရဗီသိပ္ပံ)က
ကုရ်အာန် ကျမ်းတော်မြတ် ဖတ်ရွတ်၍ စတင်ပါသည်။

၎င်းနောက် အစ္စလာမ်ကောင်စီဌာနချုပ် ဥက္ကဋ္ဌ အလ်ဟာဂ်ျ ဦးညွန့်မောင်သျှိန်က အဖွင့်မိန့်ခွန်းပြောကြားပါသည်။ 

၎င်းနောက် ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရေးဖွဲ့သီကုံးသော အစ္စလာမ့်ဝန်ထမ်း အန်ဆွာရီ တေးကဗျာကို တက်ရောက်လာသူများ 
စုပေါင်း သီဆိုကြပါသည်။

သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ပေးပို့သော သဝဏ်လွှာကို သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေက ဖတ်ကြားပါသည်။

 ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သူရ ဦးတင်ဦးတို့က ဂုဏ်ပြုအမှာစကား အသီးသီးပြောကြားကြပါသည်။

အစ္စလာမ်သာသနာရေးရာကောင်စီဖြစ်ပေါ်လာပုံကို အစ္စလာမ်ကောင်စီဌာနချုပ် နာယက ပါမောက္ခ ဒေါက်တာ စိုးနိုင် က လည်းကောင်း၊

ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင်၏ ကိုယ်ရေးအကျဉ်းကို အစ္စလာမ်ကောင်စီဌာနချုပ် နာယက ပါမောက္ခ ဒေါက်တာ အောင်ဇော်က လည်းကောင်း ဖတ်ကြားကြပါသည်။

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ နာယက အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်နှင့်  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးတည်ကြည်တို့က အခမ်းအနား ဂုဏ်ပြုအမှာစကားပြောကြားကြပါသည်။

ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရေးဖွဲ့သီကုံးသော အစ္စလာမ်ကောင်စီ၏ အားလုံးအညီ တေးကဗျာကို တက်ရောက်လာသူများ စုပေါင်း သီဆိုကြပါသည်။

အခမ်းအနားကို အစ္စလာမ်ကောင်စီဌာနချုပ် အာလင်မ် ပညာရှင်များရေးရာဌာနမှူး အလ်ဟာဂ်ျ မောင်လာနာ အိုမရ် ဦးမြင့်နိုင် (ရင်းတော်)က ဒုအာ ဆုမွန်ဖြင့် ရုပ်သိမ်းခဲ့ပါသည်။

အခမ်းအနာတွင် အခမ်းအနားမှူးအဖြစ် ဦးဝဏ္ဏရွှေ(တွဲဖက် အတွင်းရေးမှူးချုပ် - အစ္စလာမ်ကောင်စီဌာနချုပ်)၊   တွဲဖက်အခမ်းအနားမှူးအဖြစ် ဒေါ်သဥာ ခင်မျိုးဝင်း(တွဲဖက် အတွင်းရေးမှူး - ရန်ကုန်တိုင်းဒေသကြီး အစ္စလာမ်ကောင်စီ အမျိုးသမီးရေးရာကော်မတီ)တို့က ဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနားသို့ သံတမန်များ၊ ဘာသာပေါင်းစုံ ဘာသာရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ နိုင်ငံရေး လူမှုရေးအသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ ဧည့်သည်တော်များနှင့် အစ္စလာမ်ကောင်စီအဆင့်ဆင့် တာဝန်ရှိသူများ 

စုစုပေါင်း(၇၀၀)ခန့် တက်ရောက်ခဲ့ပါသည်။

 

အစ္စလာမ်ကောင်စီဌာနချုပ် ဒုတိယဥက္ကဋ္ဌ(အာလင်မ်ရေးရာ) အလ်ဟာဂ်ျ မောင်လာနာ ဦးအုန်းသောင် (အရဗီသိပ္ပံ) ကုရ်အာန် ကျမ်းတော်မြတ် ဖတ်ရွတ်၍ အခမ်းအနား စတင်စဉ်

 

အစ္စလာမ်ကောင်စီဌာနချုပ် ဥက္ကဋ္ဌ အလ်ဟာဂ်ျ ဦးညွန့်မောင်သျှိန် အဖွင့်မိန့်ခွန်းပြောကြားနေစဉ်

 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သူရ ဦးတင်ဦး ဂုဏ်ပြုအမှာစကားပြောကြားနေစဉ် 

 

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း ဂုဏ်ပြုအမှာစကားပြောကြားနေစဉ် 

 

သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ပေးပို့သော သဝဏ်လွှာကို သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေ ဖတ်ကြားနေစဉ်

 

အစ္စလာမ်ကောင်စီဖြစ်ပေါ်လာပုံကို အစ္စလာမ်ကောင်စီဌာနချုပ် နာယက ပါမောက္ခ ဒေါက်တာ စိုးနိုင် ဖတ်ကြားတင်ပြစဉ်

 

ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင်၏ ကိုယ်ရေးအကျဉ်းကို အစ္စလာမ်ကောင်စီဌာနချုပ် နာယက ပါမောက္ခ ဒေါက်တာ အောင်ဇော် ဖတ်ကြားတင်ပြနေစဉ်

 

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ နာယက အငြိမ်းစား သံအမတ်ကြီး ဦးလှမောင် အခမ်းအနား ဂုဏ်ပြုအမှာစကား ပြောကြားနေစဉ်

 

အစ္စလာမ်ကောင်စီဌာနချုပ် အာလင်မ် ပညာရှင်များရေးရာဌာနမှူး အလ်ဟာဂ်ျ မောင်လာနာ အိုမရ် ဦးမြင့်နိုင် ဒုအာ ဆုမွန်တောင်းခံ၍ အခမ်းအနားရုပ်သိမ်းစဉ်

 

အခမ်းအနားမှူး  ဦးဝဏ္ဏရွှေ နှင့် တွဲဖက် အခမ်းအနားမှူး ဒေါ်သဥာ ခင်မျိုးဝင်း

 

 

(၂၂-၁၂-၂၀၁၄)ရက်နေ့ထုတ် MEXTRO ဂျာနယ်