THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

မန္တလေးမြို့တွင် အစ္စလာမ်ကောင်စီ နှစ်၆၀ပြည့်နှင့် ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရာပြည့် အခမ်းအနား ကျင်းပ

 

မန္တလေးမြို့တွင် အစ္စလာမ်ကောင်စီ နှစ်၆၀ပြည့်နှင့်

==========================

ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရာပြည့် အခမ်းအနား ကျင်းပ
=================================

အစ္စလာမ်ကောင်စီနှစ်၆၀ပြည့်နှင့် ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့၊ လမ်း(၈၀)ရှိ ပန်းသေးခန်းမတွင် (၂၅-၁-၂၀၁၅)ရက် တနင်္ဂနွေနေ့ နံနက်(၉း၃၀)မှ (၁၁း၃၀)အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် - 
၁။ အလ်ဟာဂ်ျ မောင်လာနာ မုဟမ္မဒ် အမီန်း၊ (အစ္စလာမ်ကောင်စီဌာနချုပ် ဓမ္မသတ်မှူး နှင့် မန္တလေးတိုင်းဒေသကြီး အစ္စလာမ်ကောင်စီ အာလင်မ်ပညာရှင်များရေးရာဌာနမှူး)က ကျမ်းတော်မြတ်ကုရ်အာန်လာ အာယသ်တော်များ ရွတ်ဖတ်၍ အခမ်းအနားဖွင့်လှစ်ပါသည်။

၂။ အစ္စလာမ့် ဝန်ထမ်း အန်ဆွာရီ တေးကဗျာ စုပေါင်း သီဆိုပါသည်။

၃။ အစ္စလာမ်ကောင်စီဌာနချုပ် ဥက္ကဋ္ဌ အလ်ဟာဂ်ျ ဦးညွန့်မောင်သျှိန်က အမှာစကား ပြောကြားပါသည်။

၎။ မန္တလေးတိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ သီဟသုဓမ္မ မဏိဇောတဓရ ဦးကျော်ဝင်းက အမှာစကားပြောကြားပါသည်။

၅။မန္တလေးတိုင်းဒေသကြီး အစ္စလာမ်ကောင်စီဥက္ကဋ္ဌ ဦးအေးကြူက အမှာစကားပြောကြားသည်။

၆။ မန္တလေးတိုင်းဒေသကြီး မော်လဝီများအဖွဲ့သဝဏ်လွှာအား ဦးမောင်ကိုက ဖတ်ကြားပါသည်။

၇။ ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင်၏ ကိုယ်ရေးအကျဉ်းကို အလ်ဟာဂ်ျ ဆရာကြီး ဦးမောင်မောင်လေး (အငြိမ်းစား တွဲဖက်ပါမောက္ခ ၊ နိုင်ငံတကာဆက်ဆံရေးပညာဌာန၊ မန္တလေးတက္ကသိုလ်)က ဖတ်ကြားပါသည်။

၈။ မန္တလေးတိုင်းဒေသကြီး အစ္စလာမ်ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်သိန်း (ကုန်းလမ်း ပို့ဆောင်ရေး ဦးစီးမှူး ငြိမ်း)က ကျေးဇူးတင်စကားပြောကြားပါသည်။

၉။ ဆရာဦးမျိုးမြင့်နှင့် အန်ဆွာရီအဖွဲ့က အစ္စလာမ်ကောင်စီ နှစ်၆၀ပြည့် အခမ်းအနား ဂုဏ်ပြုတေးသီဆိုပါသည်။

၁၀။အခမ်းအနားသို့တက်ရောက်လာကြသော ဘာသာအသီးသီးမှ ဆရာတော်များ၊ ဘာသာပေါင်းစုံအဖွဲ့၊ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး(၇)ဖွဲ့ ကိုယ်စားတက်ရောက်သူများ၊ အစ္စလာမ်ကောင်စီဌာနချုပ် ဓမ္မသတ်မှူး မော်လာနာ အမီန်းတို့အား ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ပါသည်။

၁၁။ အစ္စလာမ်ကောင်စီ၏ အားလုံးအညီတေးကဗျာ စုပေါင်း သီဆိုကြပါသည်။

၁၂။ အလ်ဟာဂ်ျ မောင်လာနာ ဟာကင်မ်ဆပ်(မန္တလေးတိုင်းဒေသကြီး မော်လဝီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဗုံးအိုး အရဗီသိပ္ပံ ကျောင်းအုပ်ကြီး)က ဒုအာဆုမွန်တောင်း၍ အခမ်းအနား ရုပ်သိမ်းပါသည်။

အခမ်းအနားမှူးများအဖြစ် မစန္ဒာအောင်နှင့် မစိုးမိုးလွင်တို့ကဆောင်ရွက်ပါသည်။ 
အခမ်းအနားသို့ တက်ရောက်လာသူ၂၈၀ခန့်ရှိပါသည်။ အခမ်းအနားအပြီး ပန်းသခင် ဒန်ပေါက် ထမင်းနှင့် သံဘူးအချိုရည်များဖြင့် တည်ခင်းဧည့်ခံပါသည်။ တက်ရောက်လာသူများအား ရင်ထိုးတံဆိပ်များ၊ အစ္စလာမ်ကောင်စီဌာနချုပ်မှ ထုတ်ဝေသော (၅၅)နှစ်ပြည့်နှင့် နှစ်(၆၀)ပြည့် အထိမ်းအမှတ်စာစောင်များ၊ နှစ်(၆၀)ပြည့်EVD အချပ်များလက်ဆောင်ပေးပါသည်။

-

အလားတူ အစ္စလာမ်ကောင်စီနှစ်၆၀ပြည့်နှင့် ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရာပြည့် အခမ်းအနားများကို 

(၈-၁၁-၂၀၁၄)ရက်နေ့တွင် 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့  ၊ ပြည်နယ် အစ္စလာမ်ကောင်စီရုံး

ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ခန်းမ၌ လည်းကောင်း၊

-

(၂၄-၁၁-၂၀၁၄)ရက်နေ့တွင် 

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့  ၊ ချင်းကြိန်း ခန်းမ၌ လည်းကောင်း၊

-

(၃၀-၁၁-၂၀၁၄)ရက်နေ့တွင် 

ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့  ၊ ဟုတ်ဝမ် ခန်းမ၌ လည်းကောင်း ၊

-

(၇-၁၂-၂၀၁၄)ရက်နေ့တွင် 

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့  ၊ 

အစ္စလာမ်ကောင်စီရုံး ခန်းမ၌ လည်းကောင်း၊

-

(၁၃-၁၂-၂၀၁၄)ရက်နေ့တွင် 

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့၊ သီတာအေး ခန်းမ၌ လည်းကောင်း ၊

-

(၁၇-၁၂-၂၀၁၄)ရက်နေ့တွင် 

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့  ၊ 

ဃာဇီအောက်မေ့ဖွယ်ကျောင်း ခန်းမ၌ လည်းကောင်း၊

ကျင်းပခဲ့ပါသည်။

-

(၂၀-၁၂-၂၀၁၄)ရက်နေ့တွင် 

ရန်ကုန်မြို့  ၊ STRAND HOTEL၌ လည်းကောင်း 

ကျင်းပခဲ့ပြီးဖြစ်ပါသည်။

http://iracmyanmar.org/index.php/2012-12-04-19-23-50/249-2014-12-22-14-50-19