THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

အမိမြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များ စုစည်းညီညွတ်စွာ နေထိုင်ဖို့ အစ္စလာမ်ကောင်စီ ဥက္ကဋ္ဌတိုက်တွန်း

 

အမိမြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များ စုစည်းညီညွတ်စွာ နေထိုင်ဖို့ အစ္စလာမ်ကောင်စီ ဥက္ကဋ္ဌတိုက်တွန်း

 

အောက်တိုဘာ ၄ရက်၊၂၀၁၅

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များ အနေဖြင့် အချင်းချင်း စုစည်းညီညွတ်စွာ နေထိုင်သင့်ကြောင်း အစ္စလာမ်သာသနာရေးရာကောင်စီ ဥက္ကဌ ဟာဂျီဦးညွန့်မောင်သျှိန်က ဆိုလိုက်ပါသည်။

အောက်တိုဘာ ၄ရက်နေ့က ရန်ကုန်မြို့ အာရှပလာဇာ ဟိုတယ်တွင် မာမ်ရေဖသ်သေ အေမာမ် ဟိုစိုင်န်( အ.စ) အခမ်းအနားနှင့် သုတေသီစာပေပညာရှင်များ တွေ့ဆုံပွဲ အခမ်းအနားတွင် ထိုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

်”မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်သာသနာဝင်တွေဟာ ကျမ်းမြတ်ကုရ်အာန်ရဲ့ မိန့်မှာချက်များနှင့် အညီ စုစည်းညီညွတ်စွာဖြင့် ကျွန်တော်တို့ရဲ့ဘဝတည်ဆောက်ကြရမည် ” ဟု ဧည့်သည်တော် အဖွင့်အမှာစကားပြောကြားရာတွင် ဟာဂျီဦးညွန့်မောင်သျှိန်က ထည့်သွင်းပြောကြားသည်။

မိမိတို့ နိုင်ငံအတွင်း အခြေအနေနှင့် အချိန်အခါနှင့် အညီ မွတ်စလင်များ စုစည်းနေထိုင်ကြကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ အခမ်းအနားများ ကျင်းပခြင်းမျိုးဟာ ကောင်းမြတ်တဲ့ အစဉ်အလာကောင်းပင် ဖြစ်ကြောင်း ပြောကြားသည်။

အခမ်းအနားတွင် အစ္စလာမ် သမိုင်းတွင် လောကစကြာဝဠာအပေါင်းအတွက် ပွင့်ပေါ်ခဲ့သည့် နှစ်ဘဝသခင် ကျေးဇူးတော်ရှင် တမန်တော်မြတ် မုဟမ္မဒ်သခင် (ဆွ) ရဲ့ မြေးတော် မာအ်ရေဖသ်သေ အေမာမ် ဟိုစိုင်န်(အ.စ) ၏ ဘဝဖြစ်စဉ်နှင့် ဆုံးမသြဝါဒများကို သက်ဆိုင်ရာ စာပေပညာရှင်များနှင့် သာသနာပညာရှင်များက ဖတ်ကြားတင်ပြကြပါသည်။

အစီအစဉ်တွင် ရှီအာ သာသနာပညာရှင်များသာမက အလ်ဟာဂ်ျ ခလီဖွာ ဦးအေးလွင် ၊ အလ်ဟာဂ်ျ မွဖ်သီ ဒေါက်တာမြင့်သိန်း၊ ဦးမောင်ကိုဂဖာရီ၊ အလ်ဟာဂ်ျဒေါက်တာဆောင်းလွင်အောင်တို့ကလည်း အေမာမ် ဟိုစိုင်န်နှင့်တကွ အစ္စလာမ်သမိုင်းဖြစ်စဉ်များကို ဟောပြောတင်ပြကြသည်။

အစ္စလာမ်ရဲ့မီးရှုတန်းဆောင် တစ်ဦးဖြစ်သူ အေမာမ် ဟိုစိုင်န်(အ.စ) အား အစ္စလာမ့် ပြက္ခဒိန်ဟစ်ဂျရီ ၄ခုနှစ် ရှာအ်ဗာန်လ ၅ရက်နေ့ တွင် မယ်တော် ဖွာတေမာ သခင်မ က ဆော်ဒီအာရေဗျနိုင်ငံ မဒီနာမြို့တွင် မီးရှုး ဖွားသန့်စင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထို့နောက် သုတေသီစာပေပညာရှင်များအား ဂုဏ်ပြု လက်မှတ်များနှင့် ဆုများအသီးအသီး ပေးအပ်သည်။

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ရှီအာ မွတ်စလင်မ်များ အသိပညာများ ပိုမိုသိရှိရန်နှင့် တခြားသော လူ့အဖွဲ့အစည်း များနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို အဓိက ရည်ရွယ်၍ ထူထောင်ထားသော Tebyaan Islamic Research Center( Myanmar) မှ ကြီးမှူးကျင်းပခြင်းဖြစ်သည်။

အခမ်းအနားကို ယခုနှစ်တွင် တတိယအကြိမ် ကျင်းပသည်ဟု သိရှိရပြီး ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်း-သူရိန်
M-Media
http://www.m-mediagroup.com/news/46523