THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

အစ္စလာမ်ကောင်စီဌာနချုပ် ရန်ကုန်တိုင်းဒေသကြီ၊ လူငယ်တွေ့ဆုံပွဲ (14-2-2016)

(၁၄-၂-၂၀၁၆)ရက်နေ့ နံနက် ၉ နာရီ၊ အစ္စလာမ်ကောင်စီဌာနချုပ်ရုံးမှာ ရန်ကုန်တိုင်းဒေသကြီး၊ လူငယ်တွေ့ဆုံပွဲကို ကျင်းပခဲ့ပါတယ်။


အစီအစဉ်မှူးအဖြစ် ဒေါက်တာသန်းမင်းထိုက်၊ ဦးတင်မောင်သန်းနှင့် ဦးဝဏ္ဏရွှေတို့က ဆောင်ရွက်ခဲ့ပါတယ်။
အစ္စလာမ်ကောင်စီ ရန်ကုန်တိုင်းဒေသကြီး အာလင်မ်ရေးရာဌာနမှူး ရှိက်ခ် ရှာဟိ
ဒ်က ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်ပြီး အခမ်းအနား စတင်ခဲ့ပါတယ်။ အဲဒီနောက် အစ္စလာမ်ကောင်စီဌာနချုပ် ဥက္ကဋ္ဌ ဦးညွန့်မောင်သျှိန်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ အဲဒီနောက် ပညာရေးကဏ္ဍ၊ ပညာ့အလင်းဖြင့် အလင်းဆောင်ခဲ့သူများခေါင်းစဉ်ကို ဆရာ ဝါးခယ်မ မောင်မင်းနိုင်က ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် 

 

တက်ရောက်လာသူ လူငယ်များက ပြန်လည် ဆွေးနွေးခဲ့ကြပါတယ်။

- အစ္စလာမ့်ရေးရာကဏ္ဍဆွေးနွေးခြင်းအစီအစဉ်မှာ -
(၁) အစ္စလာမ့်ရေးရာအခြေအနေများနှင့်ဆောင်ရွက်ချက်များခေါင်းစဉ်ကို ဦးတင်မောင်သန်းကလည်းကောင်း၊
(၂) အစိုးရ၊နိုင်ငံတကာအဖွဲ့အစည်းများနှင့်ဆက်သွယ်ဆောင်ရွက်မှု ခေါင်းစဉ်ကို ဦးဝဏ္ဏရွှေကလည်းကောင်း၊
(၃) ဥပဒေရေးရာ ခေါင်းစဉ်ကို ဦးအုန်းမောင်ကလည်းကောင်း၊ ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် 
တက်ရောက်လာသူ လူငယ်များက ပြန်လည် ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီနောက် နံနက်ပိုင်း အစီအစဉ်ကို ခေတ္တရပ်နားခဲ့ပါတယ်။ မွန်းလွဲ(၁း၃၀)မှာ ပြန်လည်စတင်ခဲ့ပါတယ်။
ပညာရေးကဏ္ဍ ဆွေးနွေးခြင်းအစီအစဉ်မှာ -
(၁) အစ္စလာမ်နှင့် ပညာရေး ခေါင်းစဉ်ကို မောင်လာနာ အုမရ် မြင့်နိုင် ကလည်းကောင်း၊
(၂) ပညာပြည့်ဝသော လူ့ဘောင် ခေါင်းစဉ်ကို ဒေါက်တာ မြင့်သိန်း-ငြိမ်းချမ်းလုလင်ကလည်းကောင်း၊
(၃) ပညာရေးအခွင့်အလမ်းများ ခေါင်းစဉ်ကို ဟာဂျီ ညီညီ(ခ)ကိုမျိုးမြင့်နှင့် ကိုအောင်ဇော်မြင့်တို့်ကလည်းကောင်း၊ ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် 
တက်ရောက်လာသူ လူငယ်များက ပြန်လည် ဆွေးနွေးခဲ့ကြပါတယ်။
-
လူမှုရေးရာကဏ္ဍ ဆွေးနွေးခြင်းအစီအစဉ်မှာ -
(၁) ဘာသာပေါင်းစုံချစ်ကြည်ရေး ခေါင်းစဉ်ကို မောင်လာနာ ဦးအုန်းသောင်ကလည်းကောင်း၊
(၂) အမျိုးသမီးရေးရာ ခေါင်းစဉ်ကို မသဉ္ဖာခင်မျိုးဝင်းကလည်းကောင်း၊
(၃) လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးတွင် လူငယ်များ ပါဝင်ဆောင်ရွက်မှု စွမ်းပကား ခေါင်းစဉ်ကိုဒေါ်မေပုလဲသွယ် ကလည်းကောင်း၊ ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် 
တက်ရောက်လာသူ လူငယ်များက ပြန်လည် ဆွေးနွေးခဲ့ကြပါတယ်။ 
-
အဲဒီနောက် ကဏ္ဍ(၃)ရပ်အတွက် အစုအဖွဲ့(၃)စုဖွဲ့၍ သီးခြားစီ ဆွေးနွေးခဲ့ကြပြီးသီးခြားစီဆွေးနွေးမှုရလဒ်များကို အစုအဖွဲ့(၃)စုမှ လူငယ်များက အပြန်အလှန် ဆွေးနွေးကာ အတည်ပြုခဲ့ကြပါတယ်။
ဌာနချုပ်ဒုဥက္ကဋ္ဌ(အန်ဆွာရီနှင့်လူငယ်ရေးရာ)ဦးစိုးလွင်က ကျေးဇူးစကားပြောကြားခဲ့ပြီးနောက် ည ၆ နာရီ ၄၅ မိနစ်မှာ ဒုအာဆုမွန်ဖြင့် လူငယ်တွေ့ဆုံပွဲအစီအစဉ်ကို ရုပ်သိမ်းခဲ့ပါတယ်။
ဒီ ဆွေးနွေးမှုရဲ့ ရလဒ်များကို အစ္စလာမ်ကောင်စီဌာနချုပ်က ဆက်လက် ကျင်းပမယ့် ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်အစ္စလာမ်ကောင်စီ လူငယ်တွေ့ဆုံပွဲများကို ပေးပို့သွားမှာဖြစ်ပါတယ်။