THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

သာသနာရေးဝန်ကြီးသစ်၏ပြောဆိုချက်ကို အစ္စလာမ်အသိုင်းအဝန်း ကန့်ကွက်

 သာသနာရေးဝန်ကြီးသစ်၏ပြောဆိုချက်ကို အစ္စလာမ်အသိုင်းအဝန်း ကန့်ကွက်

April 6, 2016

 

 

ဖြိုးသီဟချို (Myanmar Now) – သာသနာရေးဝန်ကြီးသစ်၏ပြောဆိုချက်ကို အစ္စလာမ်အသိုင်းအဝန်း ကန့်ကွက်
(မိုးမခ) ဧပြီ ၆၊ ၂၀၁၆

ယခုဆောင်းပါးအား Myanmar Now မှ ရယူပါသည်။

ရန်ကုန် (Myanmar Now) – အစိုးရသစ်၏ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုသည်  ဧပြီ ၁ ရက်နေ့ ရေဒီယိုအင်တာဗျူးတစ်ခုတွင် အငြင်းပွားဖွယ်အသုံးအနှုန်းတစ်ခု ထည့်သွင်းပြောဆိုခဲ့သောကြောင့် အစ္စလာမ်ဘာသာ ရေးဆိုင် ရာ အဖွဲ့များနှင့် အထင်ကရ မွတ်စလင်တချို့၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်နေရသည်။

သူရဦးအောင်ကို ပြည်ထောင်စုဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်သည့်နေ့က တွေ့ဆုံမေးမြန်း ထုတ်လွှင့်သည့် ဗွီအို အေမြန်မာဌာန၏ အင်တာဗျူးတွင် စစ်အစိုးရလက်ထက် “ဧည့်နိုင်ငံသားတွေ အများစု ကိုးကွယ်တဲ့ အစ္စလာမ် ဘာသာ၊ ဟိန္ဒူဘာသာ အပါအ၀င် အခြား ဘာသာငယ်တွေ အပေါ်မှာတော့ဖြင့် ထူးပြီးတော့မှ ဖိနှိပ် ချုပ်ချယ်တာမျိုးတော့ မရှိခဲ့ပါဘူး” ဟူသော ပြောဆိုချက်ပါ အသုံးအနှုန်းမှာ လက်ခံနိုင်စရာမရှိဟု ကန့်ကွက်သူများက ဝေဖန်ကြသည်။

အစ္စလာမ်သာသနာရေးကောင်စီဌာနချုပ်၊  တွဲဘက်အထွေထွေအတွင်းရေးမှုးချုပ် ဦးဝဏ္ဏရွှေက “ဧည့်နိုင်ငံသား” ဟူသော စကားလုံးကြောင့် စိတ်ထိခိုက်ရသည်ဟု ဆိုသည်။

“ကျွန်တော်တို့ကို ဒီနိုင်ငံသားမဟုတ်ဘူးလို့ပြောတာ ကျွန်တော်တို့ရဲ့ နိုင်ငံချစ်စိတ်ကို စော်ကားတာပဲ။ ကျွန်တော်တို့ရဲ့ အခြေအနေမှန်ကို ထိခိုက်အောင် နာကျင်အောင်ပြောတာပဲ၊ ကျွန်တော်တို့  ခံရတော်တော်ခက်ပါတယ်” ဟု ရန်ကုန်မြို့ဇာတိ အသက် ၅ဝ ကျော်အရွယ် ဦးဝဏ္ဏရွှေက ပြောသည်။

ဦးဝဏ္ဏရွေတို့၏ကောင်စီအပါအဝင် နိုင်ငံအတွင်း အစ္စလာမ်အဖွဲ့အများအပြား ပူးပေါင်းထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဧပြီလ ၃ ရက်နေ့တွင်  ကန့်ကွက်ကြောင်း ကြေညာလိုက်ပြီး အမြန်ဆုံး ဖြေရှင်းချက်ပေးရန် ဝန်ကြီးဌာနကို တောင်းဆိုလိုက်သည်။

အစိုးရသစ်၏ အနေအထားကို နားလည်သော်လည်း  ဘာသာမတူသူ နိုင်ငံသားများအကြား ရေရှည်တွင် သဘောထားကွဲစရာ ဖြစ်လာနိုင်သည့်အတွက် ကြေညာချက်ထုတ်ပြန်ရခြင်းဖြစ်သည်ဟု သူက ရှင်းပြသည်။

“ကျွန်တော်တို့ရဲ့ နိုင်ငံသားဖြစ်မှုကို ထင်ယောင်ထင်မှားဖြစ်စေတဲ့ ကိစ္စမျိုး ဖြစ်နေတော့ မဖြစ်မနေ ပြောရတာပါ။ ကျန်တာဆို ရင်တော့ နိုင်ငံရဲ့ အခြေအနေအပေါ်လိုက်ပြီးတော့ နှုတ်ဆိတ်နေတာတွေ အများကြီးရှိပါတယ်“ ဟု သူက ဆိုသည်။

ဝန်ကြီး၏ အငြင်းပွားဖွယ်ဖြစ်နေသော အသုံးအနှုန်းနှင့် ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို Myanmar Now က ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာပါ ဖြေရှင်းချက်ကိုသာ ညွှန်းဆိုခဲ့သည်။

ညွှန်းဆိုသည့် ဖြေရှင်းချက်တွင်  အစိုးရဟောင်း၏ သာသနာရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာ တွင် “နိုင်ငံသားအချို့နှင့် ဧည့်နိုင်ငံသားများကိုးကွယ်တဲ့အစ္စလာမ်ဘာသာ” ဟု“ထပ်မံ ဖြည့်စွက်” ဖြေကြားကြောင်း ရေးသားထားသည်။

အစ္စလာမ်ဘာသာဝင် နိုင်ငံရေးသမားတို့၏ တုန့်ပြန်ချက်
သူရဦးအောင်ကို၏ စကားလုံးအသုံးအနှုန်းနှင့်ပတ်သက်ပြီး သူ့ကို ဝန်ကြီးအဖြစ် စိတ်ကြိုက်ရွေးချယ်ခဲ့သည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD)  တွင် တာဝန်ရှိသည်ဟု အစ္စလာမ်ဘာသာဝင်အများအပြားနှင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ် ရေးကွန်ကရက်ပါတီ၏ ဥပဒေရေးရာ တာဝန်ခံ ဦးရန်နိုင်က ယူဆသည်။

“ပါတီမှာတာဝန်ရှိပါတယ်။ အဖွဲ့ဝင်မဟုတ်တဲ့ ဒီဝန်ကြီးကို ခန့်ထားတယ်။ အခု ဒီဝန်ကြီးက ဒီလိုစကား ပြောလာတာ NLD က ပြောခိုင်းတာလား၊ NLD က တာဝန်ယူမှာလား၊ NLD ကအရေးယူမှာလား ဘယ်လို ဖြေရှင်းမလဲ၊ အဲဒါကိုလည်း စောင့် မျှော်နေပါတယ်”  ဟု ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလအထိ  ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် NLD ၏ မြို့နယ်အဆင့် စည်းရုံးရေးမှူးတစ်ဦးအဖြစ် တာဝန်ယူခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း  ဦးရန်နိုင်က ပြောသည်။

NLD ၏ ဥပဒေအကြံပေးတစ်ဦးဖြစ်သူ ရှေ့နေဦးကိုနီကလည်း သူရဦးအောင်ကို၏ ပြောကြားချက်သည် ပါတီ၏ မူဝါဒနှင့် ဆန့်ကျင်နေသည်ဟု ဆိုသည်။

“နိုင်ငံသားဖြစ်ခြင်းမဖြစ်ခြင်းက ဘာသာရေးနဲ့ ဘာမှမသက်ဆိုင်ပါဘူး။ သူ့ပြောဆိုချက်တွေဟာ အခြေခံဥပဒေနဲ့လည်း မညီ ညွတ်ဘူး။ ဝန်ကြီးတစ်ယောက်အနေနဲ့ ဒီလောက်တော့ သိဖို့ကောင်းတယ်ဗျာ။ သူ့စကားကြောင့် ကျွန်တော်တို့ပါတီအပေါ်ကို အများကြီးရိုက်ခတ်မှုရှိနေတယ်” ဟု ဦးကိုနီက ပြောသည်။

ဝန်ကြီး၏ ပြောဆိုမှုများသည် ပါတီနှင့်ပတ်သက်ခြင်းမရှိကြောင်း ကြေညာချက်ထုတ်ပြန် ရှင်းလင်းသင့်ကြောင်း NLD ကို တင်ပြထားသည်ဟု သူက ဆက်ပြောသည်။

တပ်မတော်တွင် ဗိုလ်မှုးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ ဗဟိုအစိုးရဝန်ကြီး သူရဦးအောင်ကိုသည် ယခင် စစ်အစိုးရ လက်ထက် သာသနာရေးဝန်ကြီးဌာနတွင် ဒုဝန်ကြီးအဖြစ်လုပ်ကိုင်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် ကာလ ကြာရှည်စွာ တာဝန်ယူခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသည့် သူရဦးရွှေမန်းနည်းတူ နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင်  ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပိုင်းနေရာမှ ဖယ်ရှားခံရသူလည်း ဖြစ်သည်။

သူရဦးအောင်ကိုက ၎င်းသည် ပြည်ခိုင်ဖြိုးတွင် ပါတီဝင်တစ်ဦးအဖြစ် ရပ်တည်နေဆဲဖြစ်သည်ဟု ဗွီအိုအေနှင့် တွေ့ဆုံမေးမြန်း ခန်းတွင် ပြောကြားခဲ့သည်။

 

မူရင်းလင့် - http://moemaka.com/archives/50467

 

Myanmar religion minister angers Muslims with comments

Myanmar’s new minister for religious and cultural affairs came under fire from Muslim and Hindu communities in the country recently for referring to them as “associate citizens,” during a radio interview. 

Thura Aung Ko, a former general who was the deputy minister of religious affairs in the previous military-backed government, made the comments on April 1, his first day in office, in an interview with the Myanmar-language service of Voice of America radio. 

Commenting on the issue of religious harmony, he said, “[the previous government] did not oppress or restrict minority religions, including Christianity, the religion of ethnic [groups], or Islam and Hinduism - the religions worshipped by most associate citizens”. 

Myanmar’s 1982 Citizenship Law designates three degrees of citizenship; full citizenship, associate citizenship, and naturalised citizenship.

Myanmar is a predominantly Buddhist country, but has long had large minority communities comprising millions of Christians, Muslims and Hindus. 

In recent years, the radical Buddhist nationalist Ma Ba Tha movement has campaigned against Muslims, and tensions between groups have boiled over to communal riots, leaving tens of thousands of people, predominantly Muslims, displaced. 

Wunna Shwe, the Yangon-born Joint General Secretary of Islamic Religious Affairs Council, said in a reaction that the council was upset with the minister’s use of the word ‘associate citizens’.

“The minister meant we are not full Myanmar citizens, and it was an insult to our affection for our country. It’s meant to hurt us and affect the real situation we are in. It is quite painful to hear,” the 50-year-old told Myanmar Now.

On Apr. 3, the Union of Myanmar Islamic Religious Affair's Council, which comprises five Islamic associations, including the Islamic Religious Affairs Council, released a joint statement raising a formal objection to the remark and it called for an explanation.

Wunna Shwe said while the organisations do not question the position of the new government, they released a statement to prevent misunderstanding among the Buddhist-majority public over the minorities’ status. 

“We felt we have no choice but to make a comment, as his remark can cause confusion about the status of our citizenship,” he added.

The former government of President Thein Sein was accused of supporting the Ma Ba Tha by adopting its controversial race and religion laws, and of undermining the rights of Muslims, who are believed to make up at least five percent of Myanmar’s population.

Minister Thura Aung Ko told VOA that the previous government had “over-promoted” Buddhism and added he soon planned to meet with leaders of the Sangha, Myanmar’s state-backed monastic order, to discuss ways to rein in hate speech and promote inter-religious harmony.

When Myanmar Now contacted the Ministry of Religious and Cultural Affairs for comment, staff pointed to a clarification on its website, which states that the minister actually meant to use the words “some citizens and associate citizens” to refer to Muslim and Hindu communities.

Muslim politicians respond

Thura Aung Ko was a former brigadier-general and deputy minister for religious affairs under the previous administration of the army-backed Union Solidarity and Development Party (USDP). 

A former member of the USDP’s Central Executive Committee, he and USDP chairman Thura Shwe Mann were removed from their roles during an internal USDP purge before the November 8 elections, which the NLD won in a landslide.

Yan Naing, a legal officer of the United National Congress, a Muslim party, said the NLD should be held accountable for the remarks of the minister because the NLD selected him for the post.

“The NLD has a responsibility. They assigned this post to a minister not from their party. We are awaiting an explanation on whether this remark is the NLD’s doing. Will the NLD take responsibility? Will they take action against him?” said Yan Naing, a former political prisoner and former NLD member who campaigned for the party during the 2012 by-elections.

Ko Ni, a high-profile Muslim lawyer and the NLD’s legal advisor, said Thura Aung Ko’s remark did not represent the NLD’s policies.

“Whether you are a citizen or not has nothing to do with religion. His remarks are not in accordance with the Constitution. As a union minister, he should have such knowledge. His comment has negative impacts on the NLD,” he said.

Ko Ni added that he requested the NLD to issue a statement saying the minister’s remarks do not reflect party policy.

Courtesy of Myanmar Now

http://mizzima.com/news-domestic/myanmar-religion-minister-angers-muslims-comments