THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

အစ္စလာမ်ကောင်စီ ရှမ်းပြည်နယ် လူငယ်တွေ့ဆုံပွဲ(၂၉-၅-၂၀၁၆)

 

 

ရှမ်းပြည်နယ် လူငယ်တွေ့ဆုံပွဲ

 

(၂၉-၅-၂၀၁၆)ရက်နေ့ နံနက် ၉း၀၀ နာရီ၊ တောင်ကြီးမြို့ ၊ မြို့ဦးဗလီခန်းမမှာ ရှမ်းပြည်နယ် လူငယ်တွေ့ဆုံပွဲကို ကျင်းပခဲ့ပါတယ်။

 


အစီအစဉ်မှူးအဖြစ် ဒေါ်နွယ်ဇင်ဦး(ရှမ်းပြည်နယ်အစ္စလာမ်ကောင်စီ အန်ဆွာရီနှင့် လူငယ့်ရေးရာဌာနမှူး) နှင့်

ဦးမျိုးညွန့် (အစ္စလာမ်ကောင်စီဌာနချုပ် အန်ဆွာရီနှင့် လူငယ့်ရေးရာဌာနမှူး)တို့က ဆောင်ရွက်ခဲ့ပါတယ်။
 မြို့ဦးဗလီရှေ့ဆောင်ဆရာက ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်ပြီး အခမ်းအနား စတင်ခဲ့ပါတယ်။ အဲဒီနောက် အစ္စလာမ်ကောင်စီဌာနချုပ် ဒု-ဥက္ကဋ္ဌ (အာလင်မ်ရေးရာ) မောင်လာနာ ဦးအုန်းသောင်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ အဲဒီနောက်

 

 

- အစ္စလာမ့်ရေးရာကဏ္ဍဆွေးနွေးခြင်းအစီအစဉ်မှာ -
(၁) အစ္စလာမ့်ရေးရာအခြေအနေများနှင့်ဆောင်ရွက်ချက်များခေါင်းစဉ်ကို ဦးဝဏ္ဏရွှေကလည်းကောင်း၊
(၃) ဥပဒေရေးရာ ခေါင်းစဉ်ကို ဒေါက်တာ မြင့်သိန်း-ငြိမ်းချမ်းလုလင်ကလည်းကောင်း၊ ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် 
တက်ရောက်လာသူ လူငယ်များက ပြန်လည် ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီနောက် - ပညာရေးကဏ္ဍ ဆွေးနွေးခြင်းအစီအစဉ်မှာ -
(၁) အစ္စလာမ်နှင့် ပညာရေး ခေါင်းစဉ်ကို မောင်လာနာ အုမရ် မြင့်နိုင် ကလည်းကောင်း၊

(၂) ပညာ့အလင်းဖြင့် အလင်းဆောင်ခဲ့သူများခေါင်းစဉ်ကို ဆရာ ဝါးခယ်မ မောင်မင်းနိုင် ကလည်းကောင်း

(၃) ပညာပြည့်ဝသော လူ့ဘောင် ခေါင်းစဉ်ကို ဒေါက်တာ မြင့်သိန်း-ငြိမ်းချမ်းလုလင်ကလည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် 
တက်ရောက်လာသူ လူငယ်များက ပြန်လည် ဆွေးနွေးခဲ့ကြပါတယ်။

နံနက်ပိုင်း အစီအစဉ်ကို ခေတ္တရပ်နားခဲ့ပါတယ်။ မွန်းလွဲ(၂)နာရီမှာ ပြန်လည်စတင်ခဲ့ပါတယ်။

-
လူမှုရေးရာကဏ္ဍ ဆွေးနွေးခြင်းအစီအစဉ်မှာ -
(၁) ဘာသာပေါင်းစုံချစ်ကြည်ရေး ခေါင်းစဉ်ကို မောင်လာနာ ဦးအုန်းသောင်ကလည်းကောင်း၊
(၂) အမျိုးသမီးရေးရာ ခေါင်းစဉ်ကို ဒေါ်သဉ္ဇာခင်မျိုးဝင်း ကလည်းကောင်း၊
(၃) လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးတွင် လူငယ်များ ပါဝင်ဆောင်ရွက်မှု စွမ်းပကား ခေါင်းစဉ်ကို ဒေါ် ယဉ်မင်းနိုင် ကလည်းကောင်း၊

(၃) ဘာသာပေါင်းစုံချစ်ကြည်ရေး ခေါင်းစဉ်ကို မောင်လာနာ ဦးအုန်းသောင်ကလည်းကောင်း၊
ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် 
တက်ရောက်လာသူ လူငယ်များက ပြန်လည် ဆွေးနွေးခဲ့ကြပါတယ်။ 
-
အဲဒီနောက် ကဏ္ဍ(၃)ရပ်အတွက် အစုအဖွဲ့(၃)စုဖွဲ့၍ သီးခြားစီ ဆွေးနွေးခဲ့ကြပြီးသီးခြားစီဆွေးနွေးမှုရလဒ်များကို အစုအဖွဲ့(၃)စုမှ လူငယ်များက အပြန်အလှန် ဆွေးနွေးကာ အတည်ပြုခဲ့ကြပါတယ်။
ဌာနချုပ်ဒုဥက္ကဋ္ဌ(ဘဏ္ဍာရေး)ဦးမြင့်ရွှေက ကျေးဇူးစကားပြောကြားခဲ့ပြီးနောက် ညနေ ၅နာရီ ၄၅ မိနစ်မှာ ဒုအာဆုမွန်ဖြင့် လူငယ်တွေ့ဆုံပွဲအစီအစဉ်ကို ရုပ်သိမ်းခဲ့ပါတယ်။