THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

စစ်ကိုင်းရေဘေးသင့်ပြည်သူများကို မွတ်စလင်မ်အဖွဲ့အစည်းများက မြို့မဗလီတွင် အခြေချကာ ကူညီ

စစ်ကိုင်းရေဘေးသင့်ပြည်သူများကို

မွတ်စလင်မ်အဖွဲ့အစည်းများက

မြို့မဗလီတွင် အခြေချကာ ကူညီ

အောင်ဈာန်သစ်
အောက်တိုဘာ ၂၈ ၊ ၂၀၁၆

စစ်ကိုင်းမြို့အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြို့သစ်ရေလှောင်ကန်ဖောက်ချမှုကြောင့် ရေ၀ပ်ဒေသအချို့တွင် ဒုက္ခရောက်နေသူများကို အစ္စလာမ်ဘာသာဝင်များက နေ့စဉ် ၃ ကြိမ်အစားအစာလှုဒါန်းနေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။

“အသက်တစ်ရာကျော်တဲ့အဘွားတစ်ယောက်ကတော့ သူ့တစ်သက်မှာ စစ်ကိုင်းမှာ ဒီလောက်ရေကြီးတာမျိုးတစ်ခါမှမကြုံဖူးဘူးလို့ပြောတယ်”ဟု ရေဘေးအတွက် ကူညီဆောင်ရွက်ပေးနေသည့် မြို့မဗလီရှေ့ဆောင်ဆရာ ကိုစိုးနေဦးက Myanmar Muslim Media ကိုပြောသည်။

အထက်ပါအလှူကို စစ်ကိုင်း၊မန္တလေးနှင့်ရန်ကုန်တို့မှ စေတနာရှင် အစ္စလာမ်ဘာသာဝင်များက လူဒါန်းသည့်ငွေကြေးဖြင့်ပြုလုပ်နေခြင်းဖြစ်သည်။

“ဗုဒ္ဓဘာသာသီးသန့်ပဲရှိတဲ့ နန္ဒ၀န်ရပ် နဲ့လေးကျွန်းရပ်တွေဆီလည်း လှုခဲ့သေးတယ်။အခုတော့အဲဒီ့ဘက်တွေကရေကျသွားလို့ မွတ်စလင်မ်နဲ့ဗုဒ္ဓဘာသာ အများဆုံးရှိတဲ့ မြို့မဗလီမှာပဲ အထိုင်ချပြီး တစ်နေ့ကို လူ ၅၀၀ စာဝေပေးနေတယ်”ဟု လည်းကိုစိုးနေဦးကပြောသည်။

် စစ်ကိုင်းမြို့ ရေးဘေးသင့်ပြည်သူများအတွက် အစ္စလမ်ကောင်စီဌာနချုပ်မှ စုစုပေါင်း ကျပ်ငွေတစ်ဆယ့်ရှစ်သိန်း ငါးသောင်းတန်ဖိုးရှိ အစားအစာ၊ ရေစုပ်စက် ၊ရေပိုက်အလုံး
(၁၀၀)တို့ကို လှူဒါန်းခဲ့ကြောင်းလည်း ယင်းအဖွဲ့ ဖဘ စာမျက်နှာတွင်ဖေါ်ပြထားချက်အရသိရသည်။