THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

အတွင်းရေးမှူးချုပ် ဦးတင်မောင်သန်နှင့် FRIDAY TIMESတွေ့ဆုံခြင်း

အစိုးရတာဝန်ရှိသူတွေကပဲ စစ်ဆေးမှုတွေလုပ်ဖို့၊

အခြားသူတွေ ဥပဒေမဲ့လုပ်နေတာတွေကို တားမြစ်ဖို့၊ 

အရေးယူဖို့တောင်းဆိုမည်ဆိုသည့် ဦးတင်မောင်သန်းနှင့် တွေ့ဆုံခြင်း

 

FRIDAY TIMES အတွဲ(၂) အမှတ်(၃၂) 
၂၉ အောက်တိုဘာ ၂၀၁၆။
(မြေးချစ်ညို)

 

 

ရခိုင်ပြည်နယ် နယ်စပ်တလျှောက် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည့်နောက်ပိုင်း ရန်ကုန်နှင့် အခြားဒေသများတွင် လုံခြုံရေးဟူသည့်ခေါင်းစဉ်အောက်မှ နေ၍ စလာမ်ဝတ်ပြုဆောင်အချို့နှင့် မိဘမဲ့ဂေဟာတို့အား အာဏာပိုင်များမပါဝင်ဘဲ အရပ်သားများသာပါရှိသည့် အဖွဲ့တစ်ခုက ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့သည်ကို သိရှိရပါသည်။ ထိုကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးရာကောင်စီ အတွင်းရေးမှူးများချုပ် ဖြစ်သူ ဦးတင်မောင်သန်းအား ယခုဖြစ်စဉ်များနှင့်ပတ်သက် ၍ မည်ကဲ့သို့ သဘောထားသည်ကို သိရှိလိုသည့်အတွက် ဆက်သွယ်မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

 

မေး – ခု ရန်ကုန်မြို့မှာ အစ္စလာမ်ဝတ်ကျောင်းတော် တချို့နဲ့ မိဘမဲ့ကျောင်းတစ်ခုကို တာဝန်ရှိသူများမပါဘဲ၊ အရပ်သားအဖွဲ့တစ်ဖွဲ့က ဝင်ရောက်စစ်ဆေးနေတာတွေ ဖြစ်နေပါတယ်။ ဒါတွေ ဘာကြောင့်များ ဖြစ်လာတယ်ထင် ပါသလဲ။

ဖြေ – ဦးဆုံးပြောချင်တာ ဗလီဝတ်ကျောင်းတော် တွေ၊ ဘာသာရေးစာသင်ကျောင်းတွေ၊ သင်္ချိုင်းပါမကျန် အကုန်လုံးကို စစ်ဆေးတာကို အလွန်ကြိုက်ပါတယ်။ ဘယ်လိုပဲ ပိုက်စိတ်စစ်စစ် အမြဲတမ်းပဲ စစ်စစ်၊ လျှပ်တစ် ပြက် ရှောင်တခင်ပဲစစ်စစ် ကြိုဆိုပါတယ်။

ဒါမှရိုးသားတဲ့ ဘာသာစုံက ပြည်သူလူထုအများစု ကြီးက မုန်းတီးရေးသမားတွေ ဝါဒဖြန့်သလို မဟုတ်ဘူးဆို တာ ရှင်းရှင်းလင်းလင်း သေသေချာချာ တိတိကျကျ သိ သွားကြလိမ့်မယ်။

ရိုးသားတဲ့ ပြည်သူအများစုကြီးရဲ့ သံသယတွေ၊ သောကတွေ၊ အထင်အမြင်လွဲမှားမှုတွေ ပျောက်သွားလိမ့် မယ်။ အကုန်မပျောက်တောင် ဖြည်းဖြည်းချင်း လျော့နည်း ပျောက်သွားလိမ့်မယ်။

တမင်တကာ ရည်ရွယ်ချက်မျိုးစုံနဲ့ သံသယပွား အောင်၊ မုန်းတီးရေးဖြစ်အောင်၊ ပဋိပက္ခဖြစ်အောင် ဖန်တီး နေသူတွေရဲ့ ယုတ်မာကောက်ကျစ်တဲ့ စိတ်ဓာတ်တွေ ပျောက်မသွားနိုင်ရင်တောင် အချို့စိတ်ပြောင်းသွားနိုင် ပါတယ်။

သူတို့ရဲ့ လှုပ်ရှားမှုတွေလည်း အတိုင်းအတာတစ်ခု အထိ အရှိန်လျော့သွားနိုင်ပါတယ်။

သေချာပေါက် လျော့သွားဖို့ဆိုတာတော့ အစိုးရက စေတနာကောင်းထားပြီး အားထည့်ဆောင်ရွက်မှပဲ ဖြစ်နိုင် မယ်။

ဒါပေမယ့် တာဝန်ရှိသူတွေမဟုတ်တဲ့ အခြားအဖွဲ့ အစည်း/လူပုဂ္ဂိုလ်၊ သံဃာတွေ ဝင်လုပ်ရင်တော့ မလိုလား အပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ အထူးသဖြင့် နိုင်ငံ သားညီအစ်ကိုတွေကြား ဘာသာရေး/ လူမျိုးရေးမုန်းတီး မှုတွေ၊ ပဋိပက္ခတွေဖြစ်လာနိုင်တယ်။

ဒါတွေဟာ ရည်ရွယ်ချက်ရှိရှိ မသမာအုပ်စုအချို့က လုပ်နေလို့ဖြစ်လာတာပါ။

 

မေး – ဒီလိုလုပ်နေတဲ့အပေါ်မှာ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းတွေကို အကြောင်းကြားခဲ့တာမျိုးတွေ ကောရှိပါလား။

ဖြေ – မရှိပါဘူး။

 

မေး – ဘာသာတစ်ခုအပေါ်မှာ အခုလိုမျိုး မထီမဲ့ မြင်လုပ်နေတာတွေအပေါ် ဘယ်လိုပြန်လည် ဆောင်ရွက် သွားဖို့ရှိသလဲ။

ဖြေ – အပိုင်း ၂ ပိုင်းရှိပါတယ်။ အစိုးရကို တောင်း ဆိုဖို့၊ အကြံပြုဖို့ အပိုင်းပါ။ လိုအပ်ရင် အစိုးရတာဝန်ရှိ သူတွေကပဲ စစ်ဆေးမှုတွေလုပ်ဖို့၊ အခြားသူတွေ ဥပဒေမဲ့ လုပ်နေတာတွေကို တားမြစ်ဖို့၊ အရေးယူဖို့ တောင်းဆိုပါ မယ်။ စစ်ဆေးစောင့်ကြည့်တဲ့လုပ်ငန်းများကို အစ္စလာမ် ဘာသာရေး တာဝန်ရှိအဖွဲ့အစည်းတွေနဲ့  လက်တွဲဆောင် ရွက်ဖို့ အကြံပြုပါမယ်။ ကျွန်တော်တို့အဖွဲ့တွေကော သက် ဆိုင်ရာ ဂေါပကအဖွဲ့တွေကော လိုအပ်တဲ့နေရာကို ကိုယ် စွမ်းသမျှ ပူးပေါင်းဆောင်ရွက်ပေးပါမယ်။ ကျွန်တော်တို့ကို လုပ်ငန်းဆောင်ရွက်မှုအဆင့်တိုင်းမှာ မဖြစ်မနေ ပူးပေါင်း ပါဝင်ခွင့်ပေးဖို့ပြောတာ မဟုတ်ဘူး။ လုပ်ငန်းအောင်မြင်ဖို့ လိုအပ်ချက်ရှိရင် ပူးပေါင်းဆောင်ရွက်ဖို့ ပြောတာပါ။ ရည်ရွယ်ချက် စေတနာကောင်းနဲ့လုပ်တာဆိုရင် ပူးပေါင်း ဆောင်ရွက်ရမယ့် အစိတ်အပိုင်းမှာ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။

ဒုတိယအပိုင်းက သက်ဆိုင်ရာဂေါပကတွေ၊ အုပ် ချုပ်ရေးအဖွဲ့တွေကွိုကငိန လုပ်ဖို့ တိုင်းရင်းသား/ နိုင်ငံ သား အစ္စလာမ်ဘာသာဝင်တွေကို စိုးရိမ်သောကမဖြစ်ဖို့နဲ့ အပြုသဘောတုန့်ပြန်ဖို့ ပူးပေါင်းပြီးတရားဥပဒေ ဘောင်ထဲ ကပဲ ဆောင်ရွက်ဖို့ မသမာသူတွေ ထောင်ချောက်ကို မဝင် မိဖို့စသဖြင့် လိုအပ်တာတွေကို ညွှန်ကြားကူညီပေးပါမယ်။ အခက်အခဲ တစ်စုံတစ်ရာ ပေါ်လာရင်လည်း အစွမ်းကုန် ကူညီပေးမှာပါ။

 

မေး – အဖွဲ့ကြီး ၅ ဖွဲ့ကသူတွေပါဝင်တဲ့ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးကရော ဒီလိုပြဿနာတွေ ဖြစ်လာ တိုင်းမှာ ဘာကြောင့်ထိရောက်တဲ့ တုံ့ပြန်မှုမျိုး မရှိရတာ လဲ။

ဖြေ – ဒီမေးခွန်းမျိုးတွေ လူမှု့ကွန်ရက်နဲ့ တချို့သူ တွေနှုတ်မှာ ရေပန်းစားနေတာဟာလည်း ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ အခြေအနေနဲ့ အသိပညာူနလနူ ကို ညွှန်ပြနေတဲ့ အညွှန်းကိန်းတစ်ခုလိုလည်း ဖြစ်နေပါတယ်။

၁။ အဖွဲ့တွေဟာ တချို့ထင်သလို အစိုးရအသိ အမှတ်ပြုလို့ ပြောလိုက်တာနဲ့ သာသနာရေးဝန်ကြီးဌာနရဲ့ အစ္စလာမ်ဘာသာဆိုင်ရာ ဌာနတစ်ခုလို၊ အာဏာပိုင်အဖွဲ့ အစည်းရဲ့ အစိတ်အပိုင်းတစ်ခုလို ထင်ကြပါတယ်။ သာသနာရေးဝန်ကြီးဌာနမှာ အခုအစိုးရအချိန်အထိ ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ ဌာနခွဲတွေသာရှိပြီး အခြားဘာသာ တွေအတွက် ဌာနခွဲလည်းမရှိသလို တာဝန်ခံလည်း မရှိပါ ဘူး။ ဒီကိစ္စကီုဠြ အင်တာဗျူးမှာ အခြားဘာသာ ၄ ဘာသာက တာဝန်ရှိသူတွေနဲ့အတူ ဖြေခဲ့ဖူးပါတယ်။

၂။ ကျွန်တော်တို့ဟာ အာဏာပိုင်လက်ခွဲ အဖွဲ့ အစည်းများ မဟုတ်ပေမယ့်လည်း ၁၉၆၂ ခုနှစ် တော်လှန် ရေးကောင်စီခေတ်ကတည်းကနေ အခုထိ မွတ်စလင်အရေး မှ မဟုတ်ပါဘူး။ တစ်ပြည်လုံးအရေးမှာ အမြဲပဲအစွမ်းကုန် အင်ပြည့်အားပြည့် ဆောင်ရွက်ခဲ့ပါတယ်။ အောင်မြင်ခဲ့တာ တွေ ပိုဆိုးမသွားအောင် ထိန်းနိုင်ခဲ့တာတွေလည်း ရှိပါ တယ်။ အများအားဖြင့် အောင်မြင်မှုမရသေးတာဟာလည်း အမှန်ပါပဲ။ လိုချင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်သင့်ဖြစ်ထိုက် တာတွေ ဖြစ်မလာသေးတာမှန်ပေမယ့် မလုပ်လို့မဖြစ်တာ၊ လုပ်လည်းအားမစိုက်လို့မဖြစ်တာလို့ ပုံသေပြောလို့ မရပါ ဘူး။ ကျွန်တော်တို့အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင်များဟာ ခေတ်အဆက် ဆက် ”တိုင်းပြည်အတွက်၊ အများအကျိုးအတွက် အသက် ပေးခဲ့တာပဲရှိတယ်။ ကိုယ်ကျိုးအတွက် ဘယ်သူ့ကိုမှ သတ်ခဲ့တာမရှိဘူး။  အကြမ်းဖက်ခဲ့တာ၊ လက်နက်နဲ့ ဖြေ ရှင်းခဲ့တာမရှိပါဘူး”

ဒီကောင်းမွေကိုပဲ စံထားဆက်ခံ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက်ကြောင့် လက်နက် နည်း၊ အကြမ်းနည်းနဲ့ ဖြေရှင်းသလို အသံကျယ်ကျယ် ပြူးပြူးပြဲပြဲတော့ တွေ့ရမှာ မဟုတ်ဘူး။ အကြမ်းမဖက် အနုနည်းနဲ့ ဥပဒေဘောင်အ တွင်းက ဆောင်ရွက်တဲ့အတွက် တိုင်းပြည်နဲ့လူမျိုး ဘာသာ ပေါင်းစုံအတွက် ရေရှည်မှာ အထိအခိုက်အနည်းဆုံးနဲ့ အကောင်းဆုံး အကျိုးရှိမှာပါ။ အောင်မြင်မှာပါ။ အောင်မြင် မှုဟာလည်း ထင်သာမြင်သာ ဖြစ်လာမှာပါ။

ဥပဒေဘောင်ထဲက ဆောင်ရွက်တာဟာ ကာလရှည် ကြာလို့ စိတ်မရှည်စရာ၊ အားမလိုအားမရဖြစ်စရာ ကောင်း ပေမယ့် အောင်မြင်ဖို့သေချာပါတယ်။ တစ်ကမ္ဘာလုံးက အောင်မြင်တဲ့ တိုးတက်ပြောင်းလဲမှုအားလုံးလိုလိုဟာ ဒီလိုပဲ ရင်းနှီးပေးဆပ်ပြီးမှ ရကြတာပါ။ ကျွန်တော်တို့ အများစု ဟာ ဝါးတာလဲမရှိဘူး။ မျက်စိစုံမှိတ် ဆန့်ကျင်တာလည်း မရှိဘူး။ ဘယ်အခြေအနေမှာမဆို ”မှန်ကန်မျှတ” မှုပေါ် မှာပဲ ရပ်တည်ဆောင်ရွက်ပါတယ်။

 

မေး – အခုလိုမျိုးတွေဖြစ်နေတော့ ဘာသာပေါင်း စုံ ချစ်ကြည်ရေးအဖွဲ့ကြီးကိုရော အကြောင်းကြားလား၊ အဲလိုအဖွဲ့တွေရဲ့ လုပ်ရပ်တွေကရော ထိရောက်ရဲ့လား ဘယ်လိုများ သုံးသပ်ပါသလဲ။

ဖြေ – ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့နဲ့ အချို့ အရပ်ဘက်အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်အချို့လည်း ပြဿနာ မီးပွားတွေကို မီးတောက်မဖြစ်အောင် တတ်နိုင်သလောက် လိုက်လုပ်နေကြတာပါပဲ။ အခြေအနေက အရပ်ဘက်အဖွဲ့ အစည်းတွေ ဘယ်လောက်ပဲ ပင်ပန်းခံအားစိုက်ပြီး လုပ်လုပ် အစိုးရက ‘တရားဥပဒေစိုးမိုးရေး’ ကို ထိရောက် အောင် မဆောင်ရွက်ရင်

အမုန်းတရားနဲ့ ပဋိပက္ခတွေ ဖန်တီးနေတဲ့သူတွေနဲ့ သူတို့နောက်ကွယ်က ကြိုးကိုင်နေတဲ့ လက်မည်းကြီးတွေကို ဖော်ထုတ်အရေးယူဖို့ ပျက်ကွက်မြဲပျက်ကွက်နေရင် ဒီပြဿနာတွေဟာ အခုလိုပဲ သံသရာလုံးလည်ချာလည် လိုက်နေအုံးမှာပါ။ ဒီလိုတွေသာ ဆက်ဖြစ်မြဲဖြစ်နေရင် တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ ဘက်စုံအခြေအနေနဲ့ တိုင်း ပြည်ရဲ့ဂုဏ်သိက္ခာဟာ တိုးတက်မြင့်မား အခြေခိုင်လာဖို့ အစိုးရရဲ့ ကြိုးစားလုပ်ကိုင်နေတာတွေ အောင်မြင်ဖို့ အလှမ်း ဝေးနေဦးမှာပါ။

နောက်ဆုံးပြောချင်တာကတော့ အဖွဲ့အစည်း အသင်းအပင်းတွေကို ဘာလုပ်နေလဲလို့ မေးမယ့်အစား ကိုယ့်ကိုယ်ကိုယ်သာ ‘မင်းဘာလုပ်နေလဲလို့’ မေးလိုက်ပါ။

အသိဥာဏ်ပညာရှိတဲ့ ရင့်ကျက်တည်ငြိမ်မှုရှိသူတွေ ဟာ ပြဿနာအခက်အခဲတွေကို အချင်းချင်းဖေးကူ ဖြေ ရှင်းတက်ကြပေမယ့် အသိဥာဏ်ပညာ၊ အတွေးအခေါ် အမြော်အမြင် နည်းပါးချို့တဲ့သူတွေ၊ တစ်ကိုယ်ကောင်း သမားတွေ၊ အလွယ်နည်း လူစွမ်းကောင်းလုပ်ချင်သူတွေ ဟာ ပြဿနာအခက်အခဲတွေပေါ်တိုင်း အချင်းချင်းပြစ်တင် ကဲ့ရဲ့ကြတယ်။ အခြားသူပေါ် ခေါင်းပုံချတတ်တယ်။