THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

သီရိပျံချီ ဃာဇီ မုဟမ္မဒ် ဟာရှင်မ်၏ ရာပြည့်အထိမ်းအမှတ် ဆုတောင်းပွဲ

 

ယနေ့ ၁-၁-၂၀၁၇ ရက်နေ့တွင် ကျရောက်သော

သီရိပျံချီ အလ်ဟာဂ်ျ မုဖတ်စိရုလ် ကုရ်အာန်

အလ္လာမဟ် ဃာဇီ မုဟမ္မဒ် ဟာရှင်မ်၏

ရာပြည့်အထိမ်းအမှတ် ဆုတောင်းပွဲနှင့်

ရာပြည့်အခမ်းအနားကျင်းပရေးကော်မတီ

ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို

အစ္စလာမ်ကောင်စီဌာနချုပ်၌ နေ့လယ် ၂နာရီတွင်

ကျင်းပခဲ့ပါသည်။
-

ကျမ်းမြတ်ကုရ်အာန် ဖတ်ရွတ်၍ စတင်ခဲ့ပြီးနောက်၊

အစ္စလာမ်ကောင်စီဌာနချုပ် ဥက္ကဋ္ဌ

အလ်ဟာဂ်ျ ဦးညွန့်မောင်သျှိန်က

အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

ဆရာကြီး ဃာဇီ၏ ကိုယ်ရေးအကျဉ်းကို

အစ္စလာမ်ကောင်စီဌာနချုပ် ဗဟိုအမှုဆောင်

အလ်ဟာဂ်ျ ဦးမင်းနိုင် (၀ါးခယ်မ မောင်မင်းနိုင်)က

ဖတ်ကြားခဲ့ပါသည်။

ဆရာကြီး ဃာဇီ ဂုဏ်ပြုကဗျာများကို

မင်းညိုငယ်-သံတွဲ (ဦးလှဝင်း)နှင့်

ဒေါ်ဝါ၀ါ(တောင်ဒဂုံ)တို့က ရွတ်ဆိုခဲ့ကြပါသည်။

အစ္စလာမ်ကောင်စီဌာနချုပ် နာယက၊

ရာပြည့် အခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ

ဒေါက်တာ မြင့်သိန်း(ငြိမ်းချမ်းလုလင်)က

ကျေးဇူးတင် စကားပြောကြားခဲ့ပြီးနောက်

အစ္စလာမ်ကောင်စီဌာနချုပ် အာလင်မ်ရေးရာဌာနမှူး

အလ်ဟာဂ်ျ မောင်လာနာ အုမရ် မြင့်နိုင်က ဦးဆောင်၍

ကုရ်အာန်ကျမ်းလာ အာယသ်တော်များကို

ဖတ်ကြားပြီးနောက် ဆရာကြီး ဃာဇီအပါအ၀င်

ကွယ်လွန်သူများအတွက် ဒုအာဆုမွန်ပြုကြပါသည်။ 
-

၎င်းနောက် ရာပြည့်အခမ်းအနားကျင်းပရေးကော်မတီ

ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ

အခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်း

(ငြိမ်းချမ်းလုလင်) က ဦးစွာ အမှာစကားပြောကြားခဲ့ပြီးနောက်

ဆပ်ကော်မတီ ၄ရပ်က လုပ်ငန်းဆောင်ရွက်မှု

အခြေအနေကို ရှင်းလင်းတင်ပြခဲ့ကာ

ရှေ့လုပ်ငန်းစဉ်များကို အတွင်းရေးမှူးချုပ်

အလ်ဟာဂ်ျဦးတင်မောင်သန်းနှင့်

တွဲဖက် အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေတို့က

တင်ပြခဲ့ပြီးနောက် တက်ရောက်လာသူများက

ဆွေးနွေး ဆုံးဖြတ်ခဲ့ပါသည်။ 
-
ဆရာကြီး ဃာဇီ ရာပြည့်အခမ်းအနားကို

၂၁-၁-၂၀၁၇(စနေနေ့) ညနေ ၄နာရီတွင်

ဆရာဝန်အသင်းခန်းမ ရန်ကုန်မြို့တွင်

ကျင်းပမည်ဖြစ်ပါသည်။