THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

သီရိပျံချီ ဃာဇီ မုဟမ္မဒ် ဟာရှင်မ် ရာပြည့် အထိမ်းအမှတ် အခမ်းအနား

 

သီရိပျံချီ အလ်ဟာဂ်ျ မုဖတ်စီရုလ် ကုရ်အာန် အလ္လာမဟ် ဃာဇီ မုဟမ္မဒ် ဟာရှင်မ်  ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို 
၂၁-၁-၂၀၁၇ စနေနေ့ ညနေ(၄း၁၅)နာရီတွင် ဆရာဝန်အသင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

အခမ်းအနားကို ရှိုက်ခ် ရှာဟိဒ် (အာလင်မ်ရေးရာဌာနမှူး- ရန်ကုန်တိုင်းဒေသကြီး အစ္စလာမ်ကောင်စီ)က ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်၍ စတင်ပါသည်။
၎င်းနောက် အစ္စလာမ်ကောင်စီဌာနချုပ်ဥက္ကဋ္ဌ အလ်ဟာဂ်ျဦးညွန့်မောင်သျှိန်က နှုတ်ခွန်းဆက်ပြောကြားခဲ့ပြီး ဆရာမ ဒေါ်တင်တင်ရီ (ဗဟိုအမျိုးသမီးရေးရာကော်မတီဝင်၊ အစ္စလာမ်ကောင်စီဌာနချုပ်)က ဆရာကြီးဃာဇီ ၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားပါသည်။

၎င်းနောက် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၏ သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးစိန်မော်က ဖတ်ကြားပါသည်။

ဆရာကြီးဃာဇီရာပြည့် ဂုဏ်ပြု ရတုကို ဆရာမ ဒေါ်လှမြင့် (ဗဟိုအမျိုးသမီးရေးရာကော်မတီဝင်၊ အစ္စလာမ်ကောင်စီဌာနချုပ်)နှင့် အဖွဲ့က သီဆိုပါသည်။

၎င်းနောက် အငြိမ်းစား သံအမတ်ကြီး ဒေါက်တာ ဦးလှမောင် (နာယက-ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့)၊ အလ်ဟာဂ်ျ ဆရာ ဦးအေးလွင် (ဦးဆောင်ဆော်ဩရေးမှူး-အစ္စလာမ်ဓမ္မဗိမာန်)၊ အလ်ဟာဂ်ျ မောင်လာနာ ဦးအုန်းသောင် (ဒုဥက္ကဋ္ဌ-အစ္စလာမ်ကောင်စီဌာနချုပ်)၊ ဦးမြအေး The 88 Generation Peace and Open Society၊ အလ်ဟာဂ်ျ မောင်လာနာ အုမရ် မြင့်နိုင် (အာလင်မ်ဌာနမှူး-အစ္စလာမ်ကောင်စီဌာနချုပ်)၊ ပါမောက္ခ ဒေါက်တာ စိုးနိုင် (နာယက-အစ္စလာမ်ကောင်စီဌာနချုပ်)၊ ဆရာ ဝါးခယ်မ မောင်မင်းနိုင် (ဗဟိုအမှုဆောင်-အစ္စလာမ်ကောင်စီဌာနချုပ်)၊
ပါမောက္ခ ဒေါက်တာ သန်းဝင်း (ဗဟိုအမှုဆောင်-အစ္စလာမ်ကောင်စီဌာနချုပ်)၊ အလ်ဟာဂ်ျ ဒေါက်တာ မြင့်သိန်း (နာယက-အစ္စလာမ်ကောင်စီဌာနချုပ်)တို့က ဆရာကြီးဃာဇီရာပြည့် ဂုဏ်ပြုအမှတ်တရ စကားများ အသီးသီးပြောကြားကြပါသည်။

၎င်းနောက် ဧည့်သည်တော် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးသိန်းမြင့်က အခမ်းအနားဂုဏ်ပြုအမှာစကားပြောကြားပြီးနောက် ဆရာကြီး ဃာဇီ၏ သမီးဖြစ်သူ ပါမောက္ခ ဒေါ်ကြည်ကြည်လေး (နာယက-အစ္စလာမ်ကောင်စီဌာနချုပ်)က ကျေးဇူးစကား ပြောကြားကာ အခမ်းအနားကို ည၈နာရီတွင် မောင်လာနာ အမီးန် (ဗဟိုအမှုဆောင်-အစ္စလာမ်ကောင်စီဌာနချုပ်)က ဒုအာဆုမွန်တောင်းကာ ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနာတွင် အခမ်းအနားမှူးအဖြစ် ဦးဝဏ္ဏရွှေ (တွဲဖက် အတွင်းရေးမှူးချုပ် - အစ္စလာမ်ကောင်စီဌာနချုပ်)၊   တွဲဖက်အခမ်းအနားမှူးအဖြစ် ဒေါ်သဥာ ခင်မျိုးဝင်း(တွဲဖက် အတွင်းရေးမှူး - ရန်ကုန်တိုင်းဒေသကြီး အစ္စလာမ်ကောင်စီ အမျိုးသမီးရေးရာကော်မတီ)တို့က ဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားသို့ ဧည့်ပရိတ်သတ် တစ်ထောင်ကျော် တက်ရောက်ခဲ့ပါသည်။