THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်တွင် ပူးပေါင်း ဆောင်ရွက်ရန် အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး အသိပေးထုတ်ပြန်

 

နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်ကြရန်

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးက အသိပေးချက်ထုတ်ပြန်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

နေပြည်တော် ဒီဇင်ဘာ ၇

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဒီဇင်ဘာ ၃ ရက်စွဲဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်နှင့် နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ကြရန် အစ္စလာမ် ဘာသာရေးအသင်းအဖွဲ့ အားလုံးသို့ အသိပေးချက်တစ်ရပ် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

အဆိုပါ အသိပေးထုတ်ပြန်ချက် တွင် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေးခြင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာ ရေး အဖွဲ့ကြီးအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးရန် ရှိသဖြင့် ဆွေးနွေးမှုရလဒ် ထွက်ပေါ်လာ ပြီးမှသာ အစ္စလာမ်ဘာသာဝင်များ ဆက်လက်ဆောင်ရွက်ကြပါရန် ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် စာဖြင့် အသိပေး အကြောင်းကြားခဲ့ ကြောင်း။

၎င်းကိစ္စနှင့်ပတ်သက်၍ မြန်မာ နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ရှိသူများသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သှူအင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အား ဒီဇင်ဘာ ၁ဝ ရက်တွင်လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီးအား ဒီဇင်ဘာ ၂၁ ရက်တွင် လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း။

ထိုသို့ တွေ့ဆုံ ဆွေးနွေးရာတွင် အစ္စလာမ်ဘာသာဝင်များ နိုင်ငံသား စိစစ်ရေးကတ်ပြား လျှောက်ထားမှု၊ အိမ်ထောင်စုစာရင်း ရွှေ့ပြောင်းမှု၊ မွေးတိုးဆောင်ရွက်မှုတို့၌ ကြုံတွေ့ရ သည့် လုပ်ငန်းအခက်အခဲများကို တင်ပြပြီး NV Card ထုတ်ပေးခြင်း ကိစ္စကို မဖြစ်မနေ ဆောင်ရွက်မည် ဆိုပါက အများပြည်သူ သိရှိနိုင်ရန် ရှင်းလင်းတိကျသည့် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ စာထုတ်ပြန်ပေးရန် တင်ပြခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဝန်ကြီး ဌာနက အစ္စလာမ်ဘာသာရေးအဖွဲ့ ငါးဖွဲ့အား နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ် တွင် အခြေခံအကျဆုံး လုပ်ငန်းဖြစ်သော နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား(NV Card) ထုတ်ပေးသည့် လုပ်ငန်းအား အပြည့်အဝ ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် လိုအပ်လျက်ရှိ သဖြင့် တိုက်တွန်းနှိုးဆော် ကူညီပေး ရန်၊ အခြားဘာသာရေး အဖွဲ့အစည်း များသို့ ဖြန့်ဝေရှင်းလင်း အသိပေးရန် နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် NV Card ကိုင်ဆောင်ရမည့်သူများမှာ -

- ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ-၆၅ အရ နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဟုတ်၊ မဟုတ် ဗဟိုအဖွဲ့၏ အဆုံးအဖြတ်ခံယူရန် လျှောက်ထားသူများ၊ (အမျိုးသားမှတ်ပုံ တင်သက်သေခံကတ်ပြား ကိုင်ဆောင် ထားသူဖြစ်ပါက NV Card ထုတ်ပေး ရန် မလိုပါ။)

- သက်တမ်းကုန် ယာယီသက်သေ ခံလက်မှတ် အပ်နှံသူများနှင့် ယာယီ သက်သေခံလက်မှတ် ပျောက်ဆုံး၊ ပျက်စီးကြောင်း သတင်းပို့ထား သူများအနက် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်အရ နိုင်ငံသားစိစစ်မှုခံယူရန် လိုအပ်သူများ၊

- ယခင်က နိုင်ငံသားစိစစ်ရေးကတ်ပြားအပါအဝင် မှတ်ပုံတင်တစ်မျိုး မျိုး ရရှိကိုင်ဆောင်ခဲ့ပြီး နိုင်ငံသား အရည်အချင်း ပြည့်စုံခိုင်လုံမှုမရှိသဖြင့် ကိုင်ဆောင်မှတ်ပုံတင် လက်မှတ်အား ပြန်လည်သိမ်းဆည်း ပယ်ဖျက်၊ ဖျက်သိမ်းခြင်းခံရသူများ၊

- မြန်မာနိုင်ငံအတွင်း အစဉ်အဆက် နေထိုင်သူ မှန်ကန်သော်လည်း အိမ်ထောင်စု လူဦးရေစာရင်းဖြစ်စေ၊ ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်တစ်မျိုး မျိုးဖြစ်စေ၊ နှစ်မျိုးလုံးဖြစ်စေ ရရှိကိုင် ဆောင်ထားခြင်းမရှိသည့် နိုင်ငံသား စိစစ်ခံယူရန် လိုအပ်သူများ(နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထား သည့် မိဘနှစ်ပါးက မွေးဖွားလာသော သားသမီးများသည် လည်းကောင်း၊ အမျိုးသားမှတ်ပုံတင် သက်သေခံ ကတ်ပြား ကိုင်ဆောင်ထားသော်လည်း ဥပဒေအရ နိုင်ငံသား အရည်အချင်းရှိ သူဟု သတ်မှတ်နိုင်သော မိဘနှစ်ပါးက မွေးဖွားလာသော သားသမီးများသည် လည်းကောင်း NV Card ကိုင်ဆောင် ရန်မလိုဘဲ နိုင်ငံသားစိစစ်ရေးလုပ်ငန်း စဉ်တွင် တိုက်ရိုက်လျှောက်ထားနိုင် သည်)ဖြစ်ကြောင်း ရှင်းလင်းဖော်ပြခဲ့ ကြောင်း ပါရှိသည်။

သို့ဖြစ်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြား လျှောက်ထားခြင်းနှင့် စပ်လျဉ်း သော ဖော်ပြပါအချက်များကို အစ္စလာမ် ဘာသာဝင်များ သိရှိဆောင်ရွက်နိုင် ရန်နှင့် နိုင်ငံတော်၏ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက် ကြရန် လိုအပ်ကြောင်း အစ္စလာမ် ဘာသာရေးအသင်းအဖွဲ့များမှတစ်ဆင့် ရှင်းလင်းဖော်ပြအပ်ပါသည်ဟု ဖော်ပြ ပါရှိပြီး ဒုတိယဥက္ကဋ္ဌ အိုလမာ-အစ္စလာမ် သာသနာ့ပညာရှင်များ အဖွဲ့ချုပ်၊ အတွင်း ရေးမှူးချုပ် အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ်၊ ဥက္ကဋ္ဌ မြန်မာ မွတ်စလင် လူငယ်များ(ဘာသာရေး)အဖွဲ့ မ-မ-လ ဌာနချုပ်နှင့် အထွေထွေ အတွင်းရေးမှူး မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ် (မ-အ-ဖ) ဌာနချုပ်တို့မှ လက်မှတ်ရေးထိုး၍ အစ္စလာမ်ဘာသာရေး အသင်းအဖွဲ့များ အားလုံးသို့ ဖြန့်ဝေထားကြောင်း သိရှိ ရသည်။

သတင်းစဉ်

AMIRO notification in NV card disbursement process
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

December 7, 2017

The All Myanmar Islamic Religious Organisation (AMIRO) released a notification on 3 December to all Islamic organisations to cooperate in the tasks of national verification and giving out national verification cards.

They were informed by letter on 2nd September that, regarding giving out NV Cards, AMIRO had to negotiate with the respective Ministry, and just after emergence of the negotiation results, Islamic were required to start working. Concerning the matter, responsible officials from AMIRO discussed with the permanent secretary of the Ministry of Labour, Immigration and Population on 10 December and with the Union Minister on 21 December in 2016.

During the discussion, as for the Islamic they told of difficulties encountered in applying for NV Cards, and in transferring family lists and enlisting births in family registration lists. They requested of authorities that release of accurate procedures and directives be made public and known to them if NV Cards are to be given out.

With regards to this, the Ministry clarified the matters to five Islamic groups, in detail.

The process of giving out NV Cards and the process of National Verification requires the cooperation of all organisations, hence the need to spread the information to other religious organisations.

Under section 65 of Myanmar Citizen Law, 1982, those who apply are subject to the decision of the Central Committee as to whether they are citizens or not. NV Cards need not be given out to those holding National Registration Card.

Applicants who need to undergo scrutiny are:
—Those who surrender temporary NV Cards that have expired and those whose temporary NV Cards are missing or destroyed and reported to the authority concerned need to undergo national scrutiny.
—Those whose cards were cancelled or taken back for invalidity though holding National Registration Cards
—Those who have avoided family registration lists or any kind of identity card, even though they lived in Myanmar for several generations. Children born of parents holding a National Scrutiny Card, and children born of parents who can be regarded to be eligible for citizenship through holding national registration cards can directly apply for the process of national scrutiny without needing to hold NV Cards.

Accordingly, the above-mentioned facts concerning applying for National Scrutiny Cards are needed for Islamists to be well convinced and cooperate in the process of national scrutiny of the State by sharing through the Islamist Religious Organisations.

Myanmar News Agency

Ref; The Global New Light of Myanmar