THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

အစ္စလာမ့် ညွှန်ကြားလွှာ (၁/၂၀၁၅)

 

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်

အစ္စလာမ့်ညွှန်ကြားလွှာအမှတ် (၁/၂၀၁၅)

 

အစ္စလာမ်ကောင်စီခွဲညီလာခံများ ကျင်းပရန် ညွှန်ကြားခြင်း
(၂၀၁၅)ခုနှစ် ၊ ဇန်နဝါရီလ ၊ (၁)ရက်
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် / ခရိုင် / မြို့နယ် / အခြေခံအားလုံးတို့သည်  (၁-၁-၂၀၁၅)ရက်နေ့မှ (၃၀-၆-၂၀၁၅)ရက်နေ့အတွင်း အစ္စလာမ်ကောင်စီ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နည်းဥပဒေတို့နှင့် အညီ အခြေခံအစ္စလာမ်ကောင်စီညီလာခံ၊ မြို့နယ်အစ္စလာမ်ကောင်စီညီလာခံ၊ ခရိုင်အစ္စလာမ် ကောင်စီ ညီလာခံ၊ တိုင်းဒေသကြီး/ပြည်နယ် အစ္စလာမ်ကောင်စီညီလာခံများ အဆင့်ဆင့် ကျင်းပ၍ (၂၀၁၅-၂၀၁၉)ခုနှစ်၊ ကာလ သက်တမ်းအတွက် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်/ မြို့နယ်/ အခြေခံ အစ္စလာမ်ကောင်စီ အမှုဆောင်အဖွဲ့သစ် ရွေးချယ် တင်မြှောက်ခြင်းများကို မပျက်မကွက် စီစဉ် ဆောင်ရွက်ကြရန် ညွှန်ကြားပါသည်။
 
(၂၁-၁၂-၂၀၁၄)ရက်နေ့တွင် ကျင်းပသော 
ဗဟိုအမှုဆောင်အဖွဲ့(၂/၂၀၁၄)အစည်းအဝေး
ဆုံးဖြတ်ချက်အရ -
 
 
(အလ်ဟာဂ်ျ တင်မောင်သန်း)
အတွင်းရေးမှူးချုပ်