THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

၂၀၁၇ ခုနှစ် ဟဂ်ျ လျှောက်လွှာခေါ်ယူခြင်း

 
 
၂၀၁၇ ခုနှစ် ဟဂ်ျ လျှောက်လွှာခေါ်ယူခြင်း

၂၀၁၇ ခုနှစ် ဟဂ်ျ လျှောက်လွှာခေါ်ယူခြင်း

================

၂၀၁၇ ခုနှစ် ဟဂ်ျစေလွှတ်ရေး

ကြီးကြပ်မှုကော်မတီ၏ အစီအစဉ်၊

သက်သာသော နှုန်းထားဖြင့်

ဟဂ်ျပြုလုပ်လိုသူ

အစ္စလာမ်ဘာသာဝင်များသည်

မြန်မာနိုင်ငံဆိုင်ရာ

အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရုံးနှင့်

တိုင်းဒေသကြီးနှင့် ပြည်နယ်

အဖွဲ့ခွဲရုံးများတွင်

၁-၆-၂၀၁၇ ရက်နေ့မှ

၂၁-၆-၂၀၁၇ ရက်နေ့အထိ

ရုံးချိန်အတွင်း

လျှောက်လွှာပုံစံများကို

ရယူဖြည့်စွက်၍

လျှောက်ထားနိုင်ပါသည်။

-

ဟဂ်ျလျှောက်လွှာ

လျှောက်ထားသူများသည်-

၁။ တရားတော်က

သတ်မှတ်ထားချက်နှင့်အညီ

ဟဂ်ျပြုရန်

တာဝန်ထိုက်သူဖြစ်ရမည်။

-

၂။ ရာဇဝတ်ပြစ်မှု

ကင်းရှင်းသူဖြစ်ရမည်။

-

၃။ ဟဂ်ျ တစ်ကြိမ်တစ်ခါမျှ

သွားရောက်ခဲ့ခြင်း မရှိသူဖြစ်ရမည်။

(မြန်မာဟာဂျီလောင်း၂၈၀ဦး

အစီအစဉ်သည်

တစ်ကြိမ်တစ်ခါမှ

ဟဂ်ျမပြုရသေးသူများအတွက်

သက်သာသောနှုန်းထားဖြင့်

သွားရောက်နိုင်သည့်

အခွင့်အရေးဖြစ်သဖြင့်

ဟဂ်ျပြုပြီးသူများ

လုံးဝ လျှောက်ထားခြင်း မပြုရပါ။

အကယ်၍ ဟဂ်ျ သွားခဲ့ပြီးကြောင်း

စိစစ်တွေ့ရှိပါက

ဟာဂျီလောင်းစားရင်းမှ

ပယ်ဖျက်ခြင်း ခံရမည့်အပြင်

မိမိပေးသွင်းထားသော

ငွေဆုံးရှုံးနိုင်သည်ဖြစ်ကြောင်း

သတိချပ်စေလိုပါသည်။)

-

၎။ အသက်(၁၈)နှစ်နှင့်

အထက်ဖြစ်ရမည်။

အသက်(၇၀)နှစ်နှင့်အထက်ဖြစ်ပါက

ကျန်းမာရေးကောင်းမွန်သူဖြစ်ကြောင်း

ဆေးစာ ပူးတွဲတင်ပြရမည်။

-

၅။ (အဆုတ်၊ အနာကြီး) စသည့်

ကူးစက်တတ်သော

ရောဂါကင်းရှင်းသူဖြစ်ရမည်။

မြန်မာနိုင်ငံဆိုင်ရာ

ဆော်ဒီအရေးဗီးယား နိုင်ငံသံရုံးက

သတ်မှတ်ထားသော ဆေးခန်းတွင်

ကာကွယ်ဆေး(၂)မျိုးထိုးရမည်။

လိုအပ်ပါက ခရီးသွားကုမ္ပဏီမှ

စီစဉ် ပေးမည်။

ကာကွယ်ဆေး(၂)မျိုး

ထိုးခြင်းအတွက်

ကုန်ကျစရိတ်ကို

ဟာဂျီလောင်းက ကျခံရမည်။

ဟာဂျီလောင်းများ ကိုယ်တိုင်

မိမိစရိတ်ဖြင့်

နိုင်ငံကူးလက်မှတ် (Passport)

အချိန်မီ လျှောက်ထား

ရယူရမည်ဖြစ်သည်။

-

၆။ မဲဟရ်ရမ်အတွဲများအနေဖြင့်

တရားတော်နှင့်ညီညွတ်သော

(မဲဟရ်ရမ်) အတွဲဖြစ်ရမည်။

နှစ်ဦးထက်ပိုတွဲထားသော

မဲဟရ်ရမ် အတွဲများကို

လက်ခံမည် မဟုတ်ပါ။

(မဲဟရ်ရမ် အတွဲ နှစ်ဦးစလုံး

ဟဂ်ျ မပြုဖူးသူများဖြစ်ရမည်။)

-

၇။ ဓာတ်ပုံနှင့် စာသား ထင်ရှားသည့်

နိုင်ငံသားစိစစ်ရေးကတ်ပြား

(သို့မဟုတ်)

ဧည့် / ပြု နိုင်ငံသားကတ်ပြား

(သို့မဟုတ်)

အမျိုးသားမှတ်ပုံတင် မိတ္တူနှင့်

အိမ်ထောင်စုလူဦးရေစာရင်း

(သန်းခေါင်းစာရင်း) မိတ္တူတို့ကို

ပူးတွဲတင်ပြရမည်။

-

၈။ နိုင်ငံ့ဝန်ထမ်း (သို့မဟုတ်)

အငြိမ်းစား နိုင်ငံ့ဝန်ထမ်းဖြစ်ပါက

အထောက်အထား ပူးတွဲ

တင်ပြရမည်။

-

၉။ ဗလီ/သာသနာ့

စာသင်ကျောင်းတွင်

တာဝန်ထမ်းဆောင်နေသော

သာသနာ့ပညာရှင်ဖြစ်ပါက

သက်ဆိုင်ရာ

ဗလီဝတ်ကျောင်း ဂေါပကအဖွဲ့/

ကျောင်းအိပ်ကျောင်းစား

သာသနာ့စာသင်ကျောင်း၏

ကျောင်းအုပ်ကြီး ထောက်ခံချက်ကို

ပူးတွဲ တင်ပြရမည်။

-

၁၀။ ဟဂ်ျလျှောက်လွှာများကို

လျှောက်ထားသူကိုယ်တိုင်

(၂၁-၆-၂၀၁၇)ရက်နေ့

နောက်ဆုံးထားပြီး

တင်သွင်းရမည်။

-

၁၁။ သတ်မှတ်ထားသည့်

(၂၈၀)ဦးထက်ကျော်လွန်

လျှောက်ထားလာပါက

အများရှေ့မှောက်

မဲဖောက်ရွေးချယ်သွားမည်။

-

၁၂။ ဟဂ်ျမဲပေါက်သူ ကိုယ်တိုင်

သွားရောက်ရမည်။

(အစားထိုး၍

ကိုယ်စား သွားရောက်ခြင်း

လုံးဝ ခွင့်မပြုပါ။)

-

၁၃။ လျှောက်လွှာပုံစံများကို

တစ်ဦးချင်း ငွေကျပ် (၁၀ဝ၀ိ/-)၊

မဲဟရ်ရမ် အတွဲ

ငွေကျပ်(၂၀ဝ၀ိ/)နှုန်းဖြင့်

ရယူနိုင်ကြပါသည်။

-

၁၄။ မဲပေါက်သူ

ဟာဂျီလောင်းတစ်ဦးလျှင်

အမေရိကန်ဒေါ်လာ၂၇၂၅၊

(US.$2725) သို့မဟုတ်

ယင်းတန်ဖိုးနှင့်ညီမျှသော

မြန်မာကျပ်ငွေကို

ကာလပေါက်ဈေးနှင့်အညီ

သတ်မှတ်ထားသည့် နေ့ရက်အတွင်း

ပေးသွင်းရမည်။

၎င်းနှုန်းထားမှာ

မက္ကဟ်မြို့တည်းခိုခန်းခအတွက်

အမေရိကန်ဒေါ်လာ၂၅၀

ပါဝင်ပါသည်။

အကယ်၍ မက္ကဟ်မြို့တွင်

အခမဲ့ တည်းခိုခွင့်ရပါက

၎င်းငွေပြန်အမ်းမည်။

အခမဲ့တည်းခိုခွင့်မရ၍

တည်းခိုခန်းငှားရမ်းရပါက

အမှန်တကယ်ကုန်ကျငွေကို

ခုနှိမ်ပြီး

ပိုငွေကို ပြန်အမ်းပါမည်။

တည်းခိုခန်းခ တစ်ဦးလျှင်

အမေရိကန်ဒေါ်လာ၂၅၀ထက်

ပိုမိုကုန်ကျပါက ကုမ္ပဏီက

ကျခံရမည်ဖြစ်သည်။

-

၁၅။ အထက်ပါအချက်များမှအပ

မည်သည့် အပိုကြေး

တစ်စုံတစ်ရာကိုမျှ

ပေးရန် မလိုပါ။

(အကယ်၍ အပိုကြေး

တောင်းခံ လာပါက

မြန်မာနိုင်ငံလုံးဆိုင်ရာ

အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသို့

တိုင်ကြားနိုင်ပါသည်။)

-

(၂၀၁၇)ခုနှစ် ဟဂ်ျစေလွှတ်ရေး

ကြီးကြပ်မှုကော်မတီ

-

မှတ်ချက်

=====

ယခင်နှစ်အတိုင်း

ဟဂ်ျခွဲတမ်း ၂၈၀ဟု

ဖော်ပြထားသော်လည်း

အကယ်၍ ယခုနှစ်

ဟဂ်ျခွဲတမ်း ၃၅၀ ရရှိပါက

၎င်း ၃၅၀ကို

မဲနှိုက်ရွေးချယ်သွားမည်ဖြစ်ပါသည်။