THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ထံသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ထံသို့ 

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက 

ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

 

 

 

ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာ

 

ရက်စွဲ ။   ။ ၂၀၁၈ ခုနှစ်၊ မတ်လ၊ ၂၉ ရက်။

 

၁။ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်၏ ၂၈-၃-၂၀၁၈  ရက်နေ့တွင် ကျင်းပပြု လုပ်သော နိုင်ငံတော်သမ္မတ ရွေးချယ် တင်မြှောက်ပွဲ  ဦးဝင်းမြင့် အား နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်အတွက်  နိုင်ငံသား ပြည်သူများနှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဝမ်းမြောက်စွာဖြင့် လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြုအပ်ပါသည်။

 

 

၂။ နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်  ဦးဆောင်သည့် အစိုးရအဖွဲ့သည် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံသား ပြည်သူများ စည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကို  အထူးတလည် အားသွန် ခွန်စိုက်ဆောင်ကြဉ်းပေးခြင်းဖြင့် ကမ္ဘာ့အလယ် ဂုဏ်ရှိန်မြင့်မားသော နိုင်ငံတော်အဖြစ် တည်ဆောက်နိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဂုဏ်ယူ ဝမ်းမြောက်စွာ သဝဏ်လွှာပေးပို့ အပ်ပါသည်။