THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

၂၀၁၈-ခုနှစ် ဟဂ်ျလျှောက်လွှာခေါ်ယူခြင်း

၂၀၁၈-ခုနှစ် ဟဂ်ျလျှောက်လွှာခေါ်ယူခြင်း

၂၀၁၈-ခုနှစ် ဟဂ်ျလျှောက်လွှာခေါ်ယူခြင်း

=========================

၂၀၁၈-ခုနှစ် ဟဂ်ျစေလွှတ်ရေး ကြီးကြပ်မှုကော်မတီ၏ အစီအစဉ်၊ သက်သာသော နှုန်းထားဖြင့် ဟဂ်ျပြုလုပ်လိုသူ အစ္စလာမ်ဘာသာဝင်များသည် မြန်မာနိုင်ငံဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရုံးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဖွဲ့ခွဲရုံးများတွင် ၅-၅-၂၀၁၈ ရက်နေ့မှ ၂၀-၅-၂၀၁၈ ရက်နေ့အထိ ရုံးချိန်အတွင်း လျှောက်လွှာပုံစံများကို ရယူဖြည့်စွက်၍ လျှောက်ထားနိုင်ပါသည်။

ယခုနှစ် တင်ဒါအောင်မြင်သော ခရီးသွားကုမ္ပဏီမှာ ဟာဂျီ A ဝလီ (ခ) ဦးတင်ဝင်း၏ ရန်ကုန်-မက္ကဟ် ခရီးသွားကုမ္ပဏီဖြစ်ပါသည်။

-

ဟဂ်ျလျှောက်လွှာ လျှောက်ထားသူများသည်-

-

၁။ တရားတော်က သတ်မှတ်ထားချက်နှင့်အညီ ဟဂ်ျပြုရန် တာဝန်ထိုက်သူဖြစ်ရမည်။ အသက် ၁၈ နှစ်နှင့် အထက်ဖြစ်ရမည်။ အသက် ၇၀ နှစ်နှင့် အထက်ဖြစ်ပါက ကျန်းမာရေးကောင်းမွန်သူဖြစ်ကြောင်း ဆေးစာပူးတွဲတင်ပြရမည်။

-

၂။ (အဆုတ်၊ အနာကြီး) စသည့် ကူးစက်တတ်သော ရောဂါကင်းရှင်းသူဖြစ်ရမည်။ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအရေးဗီးယား နိုင်ငံသံရုံးက သတ်မှတ်ထားသော ဆေးခန်းတွင် မိမိစရိတ်ဖြင့် ကာကွယ်ဆေးထိုးရမည်။

-

၃။ ရာဇဝတ်ပြစ်မှု ကင်းရှင်းသူဖြစ်ရမည်။

-

၎။ ဟဂ်ျ တစ်ကြိမ်တစ်ခါမျှသွားရောက်ခဲ့ခြင်း မရှိသူဖြစ်ရမည်။ (မြန်မာဟာဂျီလောင်း၂၈၀/၃၅၀ဦး အစီအစဉ်သည် တစ်ကြိမ်တစ်ခါမှ ဟဂ်ျမပြုရသေးသူများအတွက် သက်သာသောနှုန်းထားဖြင့် သွားရောက်နိုင်သည့် အခွင့်အရေးဖြစ်သဖြင့် ဟဂ်ျပြုပြီးသူများ လုံးဝ လျှောက်ထားခြင်း မပြုရပါ။ အကယ်၍ ဟဂ်ျ သွားခဲ့ပြီးကြောင်း စိစစ်တွေ့ရှိပါက ဟာဂျီလောင်းစားရင်းမှ ပယ်ဖျက်ခြင်း ခံရမည့်အပြင် မိမိပေးသွင်းထားသော ငွေဆုံးရှုံးနိုင်သည်ဖြစ်ကြောင်း သတိချပ်စေလိုပါသည်။)

-

၅။ ဟာဂျီလောင်းများကိုယ်တိုင်မိမိစရိတ်ဖြင့် နိုင်ငံကူးလက်မှတ်(Passport)အချိန်မီလျှောက်ထားရယူရမည်။ ၂၀-၇-၂၀၁၈ ရက်နေ့နောက်ဆုံးထားပြီး နိုင်ငံကူးလက်မှတ်(Passport) မူရင်းကို ကုမ္ပဏီသို့ပေးအပ်ရမည်။ အကယ်၍ ပျက်ကွက်ပါက ဟာဂျီလောင်းစားရင်းမှ ပယ်ဖျက်ပြီး ကျန်လျှောက်လွှာများအနက်မှ ထပ်မံ မဲနှိုက်၍ ရွေးချယ်စေလွှတ်မည်ဖြစ်သည်။

-

၆။ မဲဟရ်ရမ်အတွဲများအနေဖြင့် တရားတော်နှင့်ညီညွတ်သော (မဲဟရ်ရမ်) အတွဲဖြစ်ရမည်။ နှစ်ဦးထက်ပိုတွဲထားသော မဲဟရ်ရမ် အတွဲများကို လက်ခံမည် မဟုတ်ပါ။ (မဲဟရ်ရမ် အတွဲ နှစ်ဦးစလုံး ဟဂ်ျ မပြုဖူးသူများဖြစ်ရမည်။)

-

၇။ ဓာတ်ပုံနှင့် စာသား ထင်ရှားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) ဧည့် / ပြု နိုင်ငံသားကတ်ပြား (သို့မဟုတ်) အမျိုးသားမှတ်ပုံတင်မိတ္တူနှင့် အိမ်ထောင်စုလူဦးရေစာရင်း(သန်းခေါင်းစာရင်း)မိတ္တူတို့ကို ပူးတွဲတင်ပြရမည်။ အိမ်ထောင်စု လူဦးရေစာရင်းတည်ရှိရာမှ အခြားဒေသသို့ အတည်တကျ ပြောင်းရွှေ့နေထိုင်လျက်ရှိသူများသည် မိမိလက်ရှိနေထိုင်ရာ လိပ်စာ၏ ယာယီအိမ်ထောင်စုလူဦးရေစာရင်း မိတ္တူ (သို့) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံစာ မူရင်း ပူးတွဲတင်ပြရမည်။ မူလအိမ်ထောင်စုလူဦးရေစာရင်းရှိရာအရပ်နှင့် ယခုအတည်တကျပြောင်းရွှေ့နေထိုင်ရာအရပ်တို့တွင် လိပ်စာနှစ်ခုဖြင့် နှစ်နေရာလုံး၌ လျှောက်ထားခြင်းကို လုံးဝ ခွင့်ပြုမည် မဟုတ်ပါ။

-

၈။ နိုင်ငံ့ဝန်ထမ်း (သို့မဟုတ်) အငြိမ်းစား နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အထောက်အထား ပူးတွဲ တင်ပြရမည်။

-

၉။ ဗလီ/ ကျောင်းအိပ် ကျောင်းစား သာသနာ့စာသင်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော သာသနာ့ပညာရှင်ဖြစ်ပါက သက်ဆိုင်ရာ ဗလီဂေါပကအဖွဲ့ / သာသနာ့စာသင်ကျောင်း၏ ကျောင်းအုပ်ကြီး ထောက်ခံချက်ကို ပူးတွဲ တင်ပြရမည်။

-

၁၀။ ဟဂ်ျလျှောက်လွှာများကို ၂၀-၅-၂၀၁၈ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး တင်သွင်းရမည်။

-

၁၁။ သတ်မှတ်ထားသည့်(၂၈၀/၃၅၀)ဦးထက်ကျော်လွန်လျှောက်ထားလာပါက အများရှေ့မှောက် မဲဖောက်ရွေးချယ်သွားမည်။

-

၁၂။ ဟဂ်ျမဲပေါက်သူ ကိုယ်တိုင် သွားရောက်ရမည်။ (အစားထိုး၍ ကိုယ်စား သွားရောက်ခြင်း လုံးဝ ခွင့်မပြုပါ။)

-

၁၃။ လျှောက်လွှာပုံစံများကို တစ်ဦးချင်း ငွေကျပ် (၁၀ဝ၀ိ/-)၊ မဲဟရ်ရမ် အတွဲ ငွေကျပ်(၂၀ဝ၀ိ/)နှုန်းဖြင့် ရယူနိုင်ကြပါသည်။

-

၁၄။ မဲပေါက်သူ ဟာဂျီလောင်းတစ်ဦးလျှင် အမေရိကန်ဒေါ်လာ၂၇၃၅၊ (US.$2735) သို့မဟုတ် ယင်းတန်ဖိုးနှင့်ညီမျှသော မြန်မာကျပ်ငွေကို ကာလပေါက်ဈေးနှင့်အညီ သတ်မှတ်ထားသည့်နေ့ရက်အတွင်း ပေးသွင်းရမည်။ (၂၀၁၇-ခုနှစ် ဟာဂျီ များအတွက် မက္ကဟ်မြို့အခမဲ့တည်းခိုခွင့် မရသေး၍ တည်းခိုခန်းခ ယနေ့တိုင် ရရှိခြင်းမရှိသေးပါ။ ၂၀၁၇-ခုနှစ် ဟာဂျီများနှင့် ယခု ၂၀၁၈-ခုနှစ် ဟာဂျီများအတွက် မက္ကဟ်မြို့အခမဲ့တည်းခိုခွင့်ရရှိရန် ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အကယ်၍ မက္ကဟ်မြို့တွင် အခမဲ့ တည်းခိုခွင့်ရပါက ၄င်းငွေကို ပြန်အမ်းပေးမည်ဖြစ်ပါသည်။)

-

၁၅။ အထက်ပါအချက်များမှအပ မည်သည့် အပိုကြေး တစ်စုံတစ်ရာကိုမျှ ပေးရန် မလိုပါ။ (အကယ်၍ အပိုကြေး တောင်းခံ လာပါက မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသို့ တိုင်ကြားနိုင်ပါသည်။)

-

၂၀၁၈-ခုနှစ် ဟဂ်ျစေလွှတ်ရေးကြီးကြပ်မှုကော်မတီ

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး