THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

PDF File များ Download ပြုလုပ်နည်း Youtube Link

အမေးရှိလာ ထိုအခါ

အမေးရှိလာ ထိုအခါ (ဆရာစိန်ဌေးဟန်)
-------------------------------------------

ငြိမ်းချမ်းသာယာမှုအပေါင်းကျရောက်ပါစေ။

ဘာသာခြားပညာရှင်များနှင့် ညီနောင်များမှ အစ္စလာမ်နှင့်ပတ်သက်ပြီး အွန်လိုင်းမှ မေးမြန်းထားသော မေးခွန်း (၁၈) ခုကို ဆရာစိန်ဌေးဟန်မှ ကျမ်းကိုးများနှင့်တကွ ပြန်လည်ရှင်းလင်းဖြေဆိုထားသည်များကို စုစည်းထားသည့် လေ့လာစရာ စာအုပ်ငယ်တစ်အုပ် ဖြစ်ပါသည်။

ထိုစာအုပ်ငယ်တွင်-

အစ္စလာမ်နှင့်ပတ်သက်ပြီး အမေးများကြသော

အစ္စလာမ်သည် ငြိမ်းချမ်းရေးတရားဟုဆိုသော်လည်း အဘယ်ကြောင့် စစ်တိုက်ခွင့်ပြုသနည်း။ (မေးခွန်းနံပါတ် – ၁၆)
၇၈၆ ဆိုသည်မှာ ၂၁ရာစုတွင် မွတ်စလင်များက ကမ္ဘာကြီးကို လွှမ်းမိုးဖို့ကို ဆိုလိုတာလား။ (မေးခွန်းနံပါတ် – ၁၂)
ယုံကြည်မသက်ဝင်သူ မိဘများအား မွတ်စလင်သားသမီးအနေနှင့် မည်သို့ ဆက်ဆံရမည်နည်း။ (မေးခွန်းနံပါတ် – ၁၀)

ဗုဒ္ဓဘာသာဝင် ပညာရှင်များနှင့် ညီနောင်များမှ အစ္စလာမ်နှင့်ပတ်သက်ပြီး မေးကြသော

မွေးရာပါချွတ်ယွင်းမှုများသည် အလ္လာဟ်အရှင်မြတ် ကရုဏာကင်းမဲ့မှုကြောင့်လော။ (မေးခွန်းနံပါတ် – ၁၇)
အလ္လာဟ်သည် အလိုရှိသူကို လမ်းညွှန်သည်ဟုဆိုရာ တရားပါရဲ့လော။ (မေးခွန်းနံပါတ် – ၂)

ခရစ်ယာန် ပညာရှင်နှင့် ညီနောင်များမေးနေကြသော

ကုရ်အာန်ကျမ်းတော်မြတ်သည် သမ္မာကျမ်းများ ကူးယူခိုးချထားခြင်းလော။ (မေးခွန်းနံပါတ် – ၁၄)

စသည့်တို့အပါအဝင်…

အစ္စလာမ်နှင့်ပတ်သက်ပြီး လေ့လာလိုသော ဘာသာခြား ပညာရှင်များနှင့် ညီနောင်များ၊ မိမိဘာသာတရားနှင့်ပတ်သက်ပြီး ပိုမိုလေ့လာလိုသော မွတ်စလင်များ အတွက် လေ့လာသင့်သော စာအုပ်ငယ်ဖြစ်ပါသဖြင့် မျှဝေလိုက်ပါသည်။

 

မိမိ၏ မိတ်ဆွေများနှင့် ညီနောင်များထံသို့လည်း ဆက်လက်မျှဝေပေးပါရန် မေတ္တာရပ်ခံလျက်…

မုန်းတီးရေးဖန်တီးလိုသော မီဒီယာများ၊ လူပုဂ္ဂိုလ်များနှင့် လှုံ့ဆော်မှုများကို အဟုတ်ထင်ကာ သို့မဟုတ် အမည်ခံဘာသာဝင်တို့၏ လုပ်ရပ်ဆိုးတချို့တို့ကို ကိုင်ဆွဲကာ ဘာသာတရားတို့ကို အမှန်းပွားလိုသော စိတ်ဓာတ်များကင်းဝေးပြီး ဘာသာတရားတို့၏ တကယ့်စံနှုန်းများကို နားလည်ကျပြီး အေးချမ်းသော ကမ္ဘာကြီးတည်ဆောက်နိုင်ကြပါစေဟု ဆုမွန်ပြုလျက်။

@ MMSY: http://library.mmsy.info/archives/935

PDF Download Link .http://www.mediafire.com/?66zyd26t2bzleo1