THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

PDF File များ Download ပြုလုပ်နည်း Youtube Link

အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ် (၁၈၉၈-၁၉၄၇)

အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ် B.A (NAT)
 
 
 
ဦးရာဇတ်ကို တိုက်ပိုင်အင်စပတ်တော် မစ္စတာရှိတ်(ခ)အဗ္ဗဒူလ်ရဟ်မန်နှင့် ဒေါ်ပလုတ်ခေါ် ဒေါ်ငြိမ်းလှတို့မှ မွေးဖွားသည်။ သားသမီး ၁၃-ယောက် အနက် စတုတ္ထသားဖြစ်သည်။ ဆရာကြီးကို ၁၈၉၈-ခု ဇန်နဝါရီလ ၂၀ရက် တနင်္လာနေ့၌ မိတ္ထီလာမြို့တွင်ဖွားမြင်သည်။ မောင်မောင်ကြီး ဟူသော အမည်ရှိသော်လည်း မတွင်ခဲ့ပါ။
မိသားစုသည် အလုပ်တာဝန်ကြောင့် မိတ္ထီလာမြို့မှ မန္တလေးမြို့သို့ ပြောင်းရွှေ့ရသောအခါ ဆရာကြီးသည် မန္တလေးမြို့ ဝက်စလီယန် မိန်းကလေးကျောင်းတွင် သူငယ်တန်းမှစ၍ ပညာသင်ကြားခဲ့သည်။ စတုတ္ထတန်းအောင်မြင်သောအခါ ဝက်စလီယန်ယောကျာ်းလေးကျောင်းသို့ ပြောင်းရွှေ့သင်ကြားသည်။ ထူးချွန်သဖြင့် အတန်းကျော်၍ တက္ကသိုလ်ဝင် တန်းသို့တင်ပေးရသည်။ ၁၉၁၂-ခု တက္ကသိုလ်ဝင်စာမေးပွဲကို ထိုကျောင်း မှ အောင်မြင်သည်။
 
၁၉၁၇-ခုနှစ် ရန်ကုန်မြို့ ကောလိပ်သိပ္ပံကျောင်းတွင် အိုင်အေ အထက်တန်းတက်နေချိန် အင်္ဂလိပ်စာစီစာကုံးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရာပထမဆုရရှိ၍ ဘိုင်မြား(Bhai  Meah) ရွှေတံဆိပ်ဆု ချီးမြှင့်ခြင်း ခံရသည်။ အိန္ဒိယနိုင်ငံထုတ်New  Time မဂ္ဂဇင်းတွင် ရှမ်းပြည် နယ်မှ ၃၆-ကောင်ထီ အကြောင်း ဆောင်းပါးရေးသား ပေးပို့ခဲ့ရာ ပထမတန်း ဆောင်းပါးဆု ရရှိသည်။
 
 
ဆရာကြီးသည် စာပေပညာတွင် ထူးချွန်ရုံမျှမက ခရစ်ကက်၊ လက်ဝှေ့၊ တင်းနစ်၊ ဘောလုံး စသည့် အားကစားများတွင် တက္ကသိုလ်က သတ်မှတ်ပေးသည့်Blue အဆင့် ရရှိသည်။ ဘောလုံးတွင် College  First  Eleven  Player တစ်ဦးဖြစ်သည်။
 
 
၁၉၂၀-ပြည့်နှစ် ပထမကျောင်းသားသပိတ် အရေးတော်ပုံကြီး ပေါ်ပေါက်သောအခါ  အင်္ဂလိပ်စာဂုဏ်ထူးတန်းသား ဆရာကြီးသည် ကျောင်းသားခေါင်းဆောင် တစ်ဦးအဖြစ် ပါဝင်သည်။ ၁၉၂၁-ခုနှစ်တွင် မန္တလေးဗဟိုအမျိုးသားကျောင်း၌ အင်္ဂလိပ်စာနှင့် ပါဠိဘာသာသင်ကြား ပို့ချသောဆရာအဖြစ် တာဝန်ထမ်းဆောင်သည်။ ဆရာကြီးသည် မန္တလေး နန်းထိပ်ရှိ မဟာဝိသုတာရာမကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံ၏စာကြည့် တိုက် အသင်းဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သည်။
၁၉၂၁-ခုနှစ်တွင် မန္တလေးဗဟိုအမျိုးသားပညာရေးကောင်စီမှ ကြီးမှူးကျင်းပသော ဘီအေစာမေးပွဲကို ဝင်ရောက်ဖြေဆို အောင်မြင်သည်။ ဆရာကြီးသည် ဗဟိုအမျိုးသားကျောင်း၌ ၁၉၂၃-ခုနှစ်မှစ၍ ကျောင်းဆရာ ကြီးအဖြစ်လည်းကောင်း၊ ကျောင်းအုပ်ကြီးအဖြစ် လည်းကောင်း ဆောင် ရွက်ခဲ့သည်။ ဗဟိုအမျိုးသား ကျောင်းတံဆိပ်နှင့်ြွေကးကြော်သံကို ဆရာကြီးလက်ထက်တွင် ရွေးချယ်သတ်မှတ်ပြုလုပ်ခဲ့သည်။ တံဆိပ်မှာ ဆောင့်ကြောင့်ထိုင်နေသော ကေသရာခြင်္သေ့မင်းဖြစ်ပြီးြွေကးကြော်သံမှာ အတ္တာဟိအတ္တနော နာထောဖြစ်သည်။ မန္တလေးဗဟိုအမျိုးသားကျောင်း ကြီးတွင် (က) အမျိုးသားအပျော်တမ်းရဲတပ် (ခ) အမျိုးသားအပျော်တမ်း ရဲဘင်ခရာတပ် (ဂ) အမျိုးသားရဲညွန့်တပ်များ ဖွဲ့စည်းခဲ့သည်။ ဆရာကြီး သည် အပျော်တမ်းရဲတပ်ဗိုလ်ချုပ်ဖြစ်ခဲ့သည်။
ဆရာကြီးသည် အင်္ဂလိပ်စာအရေးကောင်း၍ အသနားခံစာ စသည် တို့ကို တစ်ပါးသူတို့အတွက် ရေးသားပေးလေ့ရှိသည်။ အကြောင်းသိ မိတ်ဆွေများက စေတနာ့ဝန်ထမ်း လျှောက်လွှာစာရေးကြီးဟု ချစ်စနိုး ကျီစယ်တတ်ကြသည်။ ဆရာကြီးသည် အင်္ဂလိပ်စာသာမက အမိဘာသာ စကားဖြစ်သည့် မြန်မာဘာသာလည်း ကျွမ်းကျင်နှံ့စပ်သည်။ အဟုတ် အဟတ် တတ်မြောက်သည်။ ဆယ်တန်းကတည်းက ပါဠိဘာသာကို လည်းယူခဲ့သည်။ ကျောင်းပိတ်ရက်များတွင် မန္တလေးမြို့နန်းတော်ရှေ့ တိုက်တော်ကျောင်းတိုက်၊ ခင်မကန်ကျောင်းတိုက်၊ အတုမရှိ ကျောင်းတိုက် များရှိ တိုက်အုပ်ဆရာတော်များထံသို့သွားကာ မြန်မာနှင့်ပါဠိကို မပြတ် လေ့လာဆည်းပူးသည်။ 
ဆရာကြီးသည် ရဟန်းလူရှင်များနှင့် ခင်မင်ရင်းနှီးစွာ ပေါင်းသင်း ဆက်ဆံလေ့ရှိသည်။ ထို့ကြောင့်လည်း ဗုဒ္ဓအယူဝါဒကို အထူးလေးစား သော မန္တလေးကဲ့သို့မြို့ကြီးတစ်မြို့ရှိ အမျိုးသားအထက်တန်းကျောင်းတွင် ဆရာကြီးနှင့် ကျောင်းအုပ်အဖြစ် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဆရာကြီးသည် ကျောင်းသားများအား ပညာကိုသာမက မျိုးချစ်စိတ် ကိုပါ သွတ်သွင်းပေသည်။ အမျိုးသားကျောင်းမှ ကျောင်းသားများ အကျိုး အတွက် သမဂ္ဂဖွဲ့စည်းပေးပြီး ရန်ကုန်မှရောက်လာကြသော ကျောင်းသား ခေါင်းဆောင် ကိုနု၊ ကိုအောင်ဆန်း၊ မစ္စတာရာရှစ် စသူတို့နှင့် မိမိကျောင်းမှ ကျောင်းသားများကို တွေ့ဆုံမိတ်ဆက်ဆွေးနွေးစေခဲ့သည်။
၁၉၃၇-ခုနှစ်တွင် ကိုအောင်ဆန်းဦးဆောင်သော ကျောင်းသားခေါင်းဆောင်များ မန္တလေးသို့ ဒုတိယအကြိမ်ရောက်ရှိလာသောအခါ ဆရာကြီးဦးရာဇတ် အမှူးပြုသော အမျိုးသားကျောင်းဆရာများက လက်ဖက်ရည်ပွဲဖြင့် ဧည့်ခံခဲ့သည်။
ဗိုလ်အောင်ကျော် ကျဆုံးသော ၁၉၃၈-ခုနှစ်တွင် မြန်မာ တစ်နိုင်ငံ လုံး၌ ကျောင်းသားများ သပိတ်မှောက်ခဲ့ကြသည်။ မန္တလေးမြို့ရှိ ဥရောပ တိုက်သားပညာဝန်နှင့် အရေးပိုင်တို့သည် အမျိုးသားကျောင်းသို့ ရောက်ရှိ လာကြသည်။ ကျောင်းသားများ သပိတ်မှောက်ခြင်းရှိမရှိ မေးမြန်းရာ ဆရာကြီးက မိမိကျောင်းသားများ ဘယ်တော့မှသပိတ်မမှောက်ဟု ဖြေ လိုက်ရာ ဝမ်းသာအားရပြန်သွားကြသည်။ နာရီဝက်ခန့်အကြာ ကျောင်းသားများ လူစုသပိတ်မှောက်သွားကြသည်။ ထိုအခါ အရာရှိကြီး နှစ်ဦးပြန်လည်ရောက်ရှိလာပြီး ဆရာကြီး လိမ်သည် ညာသည်ဟု စွပ်စွဲ သည်။ ဆရာကြီးက မည်သို့မျှမဖြေဘဲ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌကိုခေါ်ပြီး ထိုအရာရှိကြီး နှစ်ဦးရှေ့တွင်မေးမြန်းသည်။ ဥက္ကဋ္ဌကမိမိတို့သည် ဆရာကြီး ကျောင်းကို ဘယ်တော့မှ သပိတ်မမှောက်ပါ။ ပညာရေးစနစ်ကိုသာ သပိတ် မှောက်ခြင်းဖြစ်ပါသည်ဟု ဖြေသည်။ အရာရှိကြီး နှစ်ဦး သဘောပေါက်ကာ ပြန်သွားကြရသည်။ 
၁၉၃၈ ခု ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မန္တလေးမြို့ရှိ ဗမာ မွတ်စလင်လူငယ်များက လူငယ်များနိုးကြားရေးအဖွဲ့ကိုဖွဲ့သည်။ ဗမာ မွတ်စလင်နိုးကြားရေးအဖွဲ့များသည် တို့ဗမာအစည်းအရုံးသခင်များနှင့် နီးစပ်သောအဖွဲ့များဖြစ်သည်။ သခင်များက အထူးအားပေးခဲ့သည်။ သခင် များက တို့ဗမာဟု သုံးစွဲသည့်အတွက် မြန်မာမွတ်စလင်ဟု ခေါ်နေသူတို့က ဗမာမွတ်စလင်ဟု ပြောင်း၍ ခေါ်တွင်သုံးစွဲခဲ့ကြသည်။
၁၉၄၀-ခု မေလ ၄ ရက်နေ့တွင် မန္တလေးမြို့၌ ဗမာမွတ်စလင် ဗဟိုနိုးကြားရေးအဖွဲ့ချုပ်၏ ဒုတိယအကြိမ်ကွန်ဖရင့်ကို စတင်ကျင်းပသည်။ ထိုမျက်နှာစုံညီ အစည်းအဝေးမှ နိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်အဖွဲ့ကြီး တစ်ခုကို ဆရာကြီး မစ္စတာရာဇတ်ကိုဥက္ကဋ္ဌ၊ ဦးကိုကိုလေးကို အတွင်း ရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်သည်။ ၁၉၄၁-ခု မေလ ၃ ရက်နေ့တွင် ရမည်းသင်းခရိုင်၊ ယင်းတော်ရွာကြီး၌ကျင်းပခဲ့သော ညီလာခံကြီးက မစ္စတာ ရာဇတ်ဦးဆောင်သော အမှုဆောင်အဖွဲ့ကို ရွေးချယ်တင်မြှောက်ခဲ့သည်။ တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များအား ဗမာမွတ်စလင် အမည်ခေါ်တွင်ရန် ဗမာမွတ်စလင်နိုးကြားရေးအဖွဲ့ချုပ်က သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုသည်။ ၁၉၃၀-ခုနှစ်တွင် နန်းရင်းဝန်ဖြစ်လာသော ဂဠုန်ဦးစောက နိုးကြားရေးအဖွဲ့၏ တောင်းဆိုချက်အတိုင်း တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်တို့အား ဗမာမွတ်စလင်ဟု တစ်မျိုးတည်းခေါ်ရန် အမိန့်ထုတ်ခဲ့သည်။ သန်းခေါင်စာရင်းတွင်လည်း အဆိုပါအမည်တစ်မျိုး တည်းသာ ထည့်သွင်းရန် အမိန့်ထုတ်ပေးခဲ့သည်။
၁၉၄၅-ခု ဒီဇင်ဘာ ၂၄၊ ၂၅၊ ၂၆ ရက်နေ့များတွင် ပျဉ်းမနား မြို့၌ ပြည်လုံးကျွတ် ဗမာမွတ်စလင်မျက်နှာစုံညီအစည်းအဝေးကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ပျဉ်းမနားညီလာခံကြီးသို့ ဖဆပလအဖွဲ့ဥက္ကဋ္ဌကြီး ဗိုလ်ချုပ် အောင်ဆန်းသည် အကြောင်းမညီညွတ်၍ မတက်နိုင်ခဲ့သော်လည်း ဖဆပလဌာနချုပ်က ကိုယ်စားလှယ်အဖြစ် သခင်ဝတင်တို့ တက်ရောက်ကြ သည်။ ညီလာခံသဘာပတိမှာ အက်စ်အေရာမန်ဖြစ်ပြီး အတွင်းရေးမှူးမှာ မန္တလေးနိုးကြားရေး ဦးသန်းရွှေဖြစ်သည်။ ညီလာခံတွင် ဗိုလ်မှူးဘရှင် နှင့် ဦးသန်းရွှေတို့ ရေးသားတင်ပြသော ]]ကျွန်ုပ်တို့ဖြစ်စေလိုသော ဗမာ မွတ်စလင်များ}} စာမူကြမ်းကို အတည်ပြုလိုက်သည်။ ဆရာကြီးတင်ပြ သည့်  ]ဗမာမွတ်စလင်ကွန်ဂရက်} အမည်ကို ရွေးချယ်ခဲ့ကြသည်။ ထို ပြည်လုံးကျွတ်ညီလာခံကြီးမှပင် အဆို(၄)ခုကို တင်သွင်းအတည်ပြုပေးခဲ့ သည်။ ညီညွတ်ရေးအဆို၊ ပူးပေါင်းရေးအဆို ၊ သာသနာရေး အဆို ၊  လုပ်ငန်းအဆို ဟူသည့် အဆိုများဖြစ်သည်။ ဗမာကို ဗမာက သိရေး၊ ဗမာမွတ်စလင်တိုင်းရင်းသားများသည် အစ္စလာမ်ဘာသာ ကိုးကွယ်ကြသည့် ဗမာအမျိုးသားများဖြစ်ကြသည်ဟူသောြွေကးကြော်သံ နှစ်ခုလည်း ပေါ်ထွက်လာသည်။ ထိုညီလာခံကြီးမှ အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် မစ္စတာရာဇတ်၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ဦးခင်မောင်လတ်တို့ ကို ရွေးချယ်တင်မြှောက်ကြသည်။ ညီလာခံတွင် ဖဆပလဌာနချုပ်သို့ ဗမက ကိုယ်စားလှယ်များအဖြစ် ဦးဘစိန်၊ ဦးခင်မောင်လတ်နှင့် ဦးဖေခင် တို့ကို ရွေးချယ်လိုက်ကြသည်။
၁၉၄၆-ခု ဇန်နဝါရီလ ၂၀ ရက်နေ့ ရွှေတိဂုံအလယ်ပစ္စယံ၌ ကျင်းပသော ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးတွင် ဗမက ကိုယ်စားလှယ်များသည် တက်တက်ြွကြွကပါဝင်ခဲ့သည်။
ထိုညီလာခံကြီးတွင် ညီလာခံသဘာဝပတိ ဗိုလ်ချုပ်အောင်ဆန်းက -
]အမျိုးသား ညီညွတ်ရေးဆိုသည်မှာ ခေါင်းဆောင်များသာ ညီညွတ်ခြင်းကိုမဆိုလို။ လူမျိုးဘာသာ ယောကျာ်း၊ မိန်းမ ဂိုဏ်းဂဏမရွေး တစ်နိုင်ငံလုံး ပြည်သူပြည်သား၊ လူထု တစ်ခု လုံး၊ အပြောသာမဟုတ် အလုပ်နှင့်တကွ အမျိုးသားတို့၏ အလိုဆန္ဒများကို ပြည့်ဝနိုင်ရန် အမျိုးသားတို့၏ လုပ်ငန်းများ တွင် သောင်းသောင်းဖြဖြ စိတ်ရောကိုယ်ပါ ညီညွတ်ကြသည် ကို ဆိုလိုသည်}
ဟု လူထု အင်အားအရေးကြီးကြောင်း ညွှန်ပြမိန့်ကြားသည်။
ညီလာခံကြီးတွင် စီစဉ်ထားသော အဆိုများအနက် အဆိုအမှတ် (၁) နိုင်ငံတကာရေးရာအဆိုကို ဗမာမွတ်စလင်အဖွဲ့ချုပ်မှ ဦြးွကယ်ဝက လည်းကောင်း၊ အဆိုအမှတ်(၂) လုံးဝလွတ်လပ်ရေးသို့ အဆိုကို ဗမာ မွတ်စလင်အဖွဲ့မှ ဦးအောင်စိန်ကလည်းကောင်း၊ အဆိုအမှတ် (၃)ဘိလပ် သွားရေးအဆိုကို ဗမာမွတ်စလင်အဖွဲ့မှ ကိုညီညီကလည်းကောင်း ပါဝင် ထောက်ခံသည်။ အဆိုအမှတ်(၇) ပယ်ထားသောနယ်များ ပူးပေါင်းရေး အဆိုကို  ဗမာမွတ်စလင်အဖွဲ့မှ ဒုတိယဥက္ကဋ္ဌကိုဖေခင်က တင်သွင်းသည်။ 
အဆိုအမှတ်(၁၈)ညီညွတ်ရေးအဆိုကို ဖဆပလအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ညီလာခံကြီး၏သဘာပတိ ဗိုလ်ချုပ်အောင်ဆန်းက တင်သွင်းရာတွင် -
]ယခုအခါ ဗြိတိသျှနယ်ချဲ့သမား လက်အောက်မှ လွတ် မြောက်ရေး၌ တူညီသောအကျိုး၊ တူညီသောအလုပ်နှင့် တူညီ သော ရည်ရွယ်ချက်များရှိသော အထက်ပါလူတန်းစား အစည်း အရုံးများ တိုင်းရင်းသား လူနည်းစုများနှင့် နိုင်ငံရေးပါတီတိုင်း သည် လွတ်လပ်ရေး အင်အားစု ပေါင်းစုံရာဖြစ်သော ဖဆပလ အဖွဲ့ချုပ်ကြီးနှင့် တကယ့်အမျိုးသားညီညွတ်ရေးကို ခိုင်မြဲအောင် တည်ဆောက်ကာ ဗမာပြည်လွတ်လပ်ရေးကို အရယူရန် ဤညီလာခံက ဆုံးဖြတ်ကြောင်း}
ဟု ပါရှိသည်။
ညီလာခံကြီးသို့ တက်ရောက်လာသော ဗမကကိုယ်စားလှယ်များ အပါအဝင် လူထုကြီးက တစ်ခဲနက်ထောက်ခံအတည်ပြုလိုက်သည်။
(သံတော်ဆင့်သတင်းစာ ၂၂၊ ၁၊ ၄၆၊ ဒီးဒုတ်ဂျာနယ် အတွဲ ၁၉၊ နံပါတ် ၂၅၊ ၂၆၊ ၂၇ )
ဆရာကြီးသည် ၁၉၄၆-ခု စက်တင်ဘာ ၂၃ ရက်နေ့ သာစည်မြို့ တွင် ကျင်းပသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင် အိုလမာအဖွဲ့ချုပ် စတင်ဖွဲ့စည်းမည့် ညီလာခံသို့တက်ရောက်သည်။ တိုင်းပြည် လွတ်လပ် ရေးအတွက် ညီညွတ်ရေး တည်ဆောက်စဉ် နေ့မအားညမအား ဆောင်ရွက် နေချိန်တွင် အလေးထားအချိန်ပေးခဲ့ခြင်းဖြစ်သည်။ ဆရာကြီးသည် တိုင်းရင်းမွတ်စလင်တို့အား ကျမ်းစာများ၏ အမိကျမ်းမြတ်ကုရ်အာန်ကို အဓိပ္ပာယ်ယတ္ထနှင့်တကွ သိနားလည်ရန် လိုအပ်ကြောင်း ရှင်းလင်းမိန့်ကြား ခဲ့သည်။
၁၉၄၆-ခု ဒီဇင်ဘာ ၆ ရက် မှ ၈ ရက်နေ့အထိ ရန်ကုန်မြို့ ဇိနတ်မိန်းကလေးကျောင်း၌ကျင်းပသော ဗမက ပြည်လုံးကျွတ် ညီလာခံ ကြီးမှ ဗမာမွတ်စလင်တို့သည် လူနည်းစုလော သို့မဟုတ် လူများစုလော ဟူ၍နှစ်ဖက်သဘောကွဲလွဲနေသည်။ ဆရာကြီးမစ္စတာရာဇတ်၏သဘာပတိ မဲသည် အဆုံးအဖြတ်မဲဖြစ်ခဲ့သည်။ ဗမာမွတ်စလင်ကို လူများစုအဖြစ် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ လန်ဒန်တွင်ရောက်နေသော ဖဆပလ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်အောင်ဆန်းထံသို့ ဗမာမွတ်စလင်လူများစုအဖြစ်နေရန် ဗမက ပြည်လုံးကျွတ်ညီလာခံမှ ဆုံးဖြတ်ကြောင်းကြေးနန်းပို့ခဲ့သည်။ 
ဆရာကြီးဦးရာဇတ်သည် ၁၉၄၅-ခုမှစတင်၍ တည်ထောင်ခဲ့သော မန္တလေးခရိုင်ဖက်ဆစ်တော်လှန်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖဆပလ အဖွဲ့)တွင် ပထမဦးစွာ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံရသည်။ တိုင်းပြု ပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကို ၁၉၄၇-ခုနှစ် ဧပြီလတွင် ကျင်းပ သောအခါ ဦးရာဇတ်သည် မန္တလေးမြို့မအရှေ့ပိုင်း အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံရသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရအဖွဲ့တွင် ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာနဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့ရသည်။ ပြည်လမ်း ဆိုရန်တိုဗီလာ အဆောက်အဦတွင်ကျင်းပသော အမျိုးသားစီမံကိန်း အစည်းအဝေးများ၌ ဦးဆောင်ခဲ့သည်။ 
ဆရာကြီး ဦးရာဇတ်သည် ၁၉၄၇-ခုနှစ် ဧပြီလတွင် ဦးကိုလေးအား ရန်ကုန်သို့ခေါ်ကာ မန္တလေး ဥပစာကောလိပ်ကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ် ရန် တာဝန်ပေးပြီး လိုအပ်သော အကူအညီအားလုံးကိုပေးခဲ့သည်။ မန္တလေး တက္ကသိုလ်ကြီးသည် ဆရာကြီး ဦးရာဇတ်နှင့် ဦးကိုလေးတို့နှစ်ဦး ပူးပေါင်း အား ထုတ်မှု၏ရလဒ်ဖြစ်ပါသည်။
ဤကိစ္စနှင့်စပ်လျဉ်း၍ ဆရာမကြီး ပါမောက္ခအမ်အေ ဒေါ်အုန်းက ပြောပြဖူးသည်မှာ-
]မန္တလေးတက္ကသိုလ်ကြီး တည်ထောင်ရာမှာ ဘိုးတော် သိကြားမင်းနှင့် အလားတူတဲ့ ဆရာကြီးဦးရာဇတ်က အမိန့်ပေး လို့ ဝိသကြုံနတ်သားနဲ့တူတဲ့ ဦးကိုလေးက တာဝန်ယူတည် ဆောက်ခဲ့ရတယ်။ ငါတို့ သူငါ (တည်ထောင်သူ ဆရာကြီး ဆရာမကြီး)ကတော့ ဝိသကြုံ ဦးကိုလေးရဲ့အခြွေအရံတွေပဲ}
ဟူ၍ ဆရာဇေယျာအောင်၏ မန္တလေးတက္ကသိုလ် ရွှေရတုမဂ္ဂဇင်း (၁၉၅၈-၂၀ဝ၈) မဂ္ဂဇင်းတွင် ဖော်ပြထားပါသည်။
ဆရာကြီးသည် ၁၉၄၇-ခုနှစ် ဇွန်လတွင် အိန္ဒိယနိုင်ငံ၊ မဒရပ်မြို့၌ ကျင်းပသောအရှေ့တောင်အာရှကျောင်းသားများ ညီလာခံသို့ ကျောင်းသား ကိုယ်စားလှယ်အဖွဲ့တစ်ခုကို မြန်မာနိုင်ငံ ကိုယ်စားလှယ်ပြုစေလျက် ပို့လွှတ် ခဲ့သည်။ ဆရာကြီးကိုယ်တိုင်လည်း ထိုအစည်းအဝေးကြီးသို့ မြန်မာနိုင်ငံမှ ပညာရေးဝန်ကြီးအနေဖြင့် ပါဝင်တက်ရောက်ခဲ့သည်။ 
မန္တလေးတက္ကသိုလ်ကျောင်း တည်ထောင်ပြီးလျှင် ပါဠိ တက္ကသိုလ် ကြီးတစ်ခု တည်ထောင်ရန် ဆရာကြီးဦးရာဇတ် ကြိုးပမ်းခဲ့ပါသည်။ ယနေ့ မြင်တွေ့ကြရသော နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး/ ရန်ကုန်)တို့၏ရှေ့ပြေးဟု ခေါ်ဆိုနိုင်ပါသည်။
ဆရာကြီးသည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့၌ ဗိုလ် ချုပ်အောင်ဆန်း အပါအဝင် အခြားခေါင်းဆောင်များနှင့်အတူ လုပ်ကြံခြင်း ခံရသည်။ ထိုအခါ ဆရာကြီးအား သွေးအိုင်တွင်းမှပွေ့ပိုက်၍ ထူမပေး သောအခါ မိမိကအရေးမကြီးပါ။ ဗိုလ်ချုပ်နှင့် သခင်မြတို့က ပိုဆိုးပုံရသည်။ သူတို့ကိုသာ ဂရုစိုက်ကြပါဟု ပြောကြားခဲ့သည်။
၁၉၄၇ ခု ဇူလိုင်လ ၂၁ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အလောင်းများကို ဂျူဗလီဟောသို့ သယ်ဆောင်သွားသည်။ ထိုအခါ ဆရာကြီးရာဇတ်နှင့် ရဲဘော်မောင်ထွေး တို့၏ အလောင်းများလည်း ပါဝင်သည်။ ဂျူဗလီမှ ဆရာကြီးတို့၏ အလောင်းကို ၂ မိုင်လောက်ဝေးသော တာမွေမွတ်စလင်သင်္ချိုင်းအရောက် တစ်ယောက်တစ်လက် အဆင့်ဆင့်ထမ်းသယ်သည်။ တာမွေတွင် မြန်မာ နိုင်ငံလုံးဆိုင်ရာ အိုလမာအစ္စလာမ်သာသနာပညာရှင်များ အဖွဲ့ချုပ် ဥက္ကဋ္ဌကြီး မွတ်ဖ်တီ မာမွတ်ဒါဝတ်ယူစွတ်က ရှေ့ဆောင်ပြီး ဂျနာဇာနမာဇ် ဖတ်ပေးခဲ့သည်။
ဆရာကြီးသည် အမိမြေကို တန်ဖိုးထားသည်။ ချစ်မြတ်နိုးသည်။ ဘာသာသာသနာကို ကြည်ညိုလေးစားသည့် တိုင်းရင်းသား တိုင်းရင်းဖွား များ ညီညွတ်ရေးကို အထူးမျှော်မှန်းခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ အားကျ အတုယူဖွယ် ထူးချွန်သော အရည်အချင်းများအနက် တစ်ခုမှာ သံဃာတော် ဆရာတော်ကြီးများ၏ လေးစားချစ်ခင်ခြင်းကို ဒကာကြီး ရာဇတ်ခံယူရရှိ ခဲ့ခြင်းဖြစ်သည်ဟု ညွှန်းဆိုကြပါသည်။
 
ဆရာကြီး၏မျိုးချစ်ပြည်ချစ်စိတ်ဓာတ်ခံက တိုက်တွန်းနှိုးဆော်သည့် အတွက် စာများရေးဖြစ်ခဲ့ပုံကိုလည်း လေ့လာတင်ပြပါမည်။
၁၉၃၆-ခုနှစ်တွင် ဆရာကြီး ဦးရာဇတ်သည် အင်္ဂလန်၌ ပညာသင် တက်ရောက်နေကြသော တက္ကသိုလ်ကျောင်းနေဘက် ပညာတော်သင် များကို အကူအညီတောင်း၍ ရရှိလာသော အင်္ဂလိပ် မြန်မာနှစ်နိုင်ငံအရေး ကိစ္စများနှင့်ပတ်သက်၍ အထောက်အထားပေါင်း ၁၂၀ကျော်ကို မြန်မာ ဘာသာပြန်ခဲ့သည်။ ထိုစာမူများကို ရွှေနန်းတွင်း အတ္ထုပ္ပတ္တိ ခေါ် လက်ထက်တော်တွင်းအဖြစ်အပျက် စာတမ်းအမည်ဖြင့် မန္တလေးသူရိယ တိုက်မှ ၁၉၃၆-ခု တွင် ရေးသူအမည်မပါဘဲ ထုတ်ဝေခဲ့သည်။
ယင်းစာအုပ်ကို မန္တလေးမြို့တည် နန်းတည်နှစ်တစ်ရာပြည့် အထိမ်းအမှတ်နှင့်ကြုံချိန် ၁၉၅၉ ခုနှစ်တွင် ရွှေနန်းတွင်း အရေးတော်ပုံ အမည်ဖြင့် ဒုတိယအကြိမ်ထုတ်ဝေပါသည်။ အမှာစာတွင် မန္တလေးသူရိယ သတင်းစာ အယ်ဒီတာချုပ် ဦးသန်းမောင်က-
]မူလပထမစာအုပ်တွင် ရေးသားပြုစုသူအမည်နာမ လုံးဝ မပါရှိခဲ့ပါ။ အမှန်စင်စစ် ၄င်းစာအုပ်ကို ရေးသားပြုစုသူမှာ ကျွန်တော်၏ဆရာ အမျိုးသားခေါင်းဆောင်ကြီး (ကွယ်လွန်သူ) ဆရာကြီးရာဇတ်ပင်ဖြစ်ပါသည်။}
ဟု ရေးသားဖော်ပြလိုက်ပါသည်။ ဤသို့သစ္စာရှိစွာ ဖော်ထုတ်လိုက်မှသာ ရွှေနန်းတွင်းအရေးတော်ပုံမှာ ဆရာကြီးဦးရာဇတ်၏ ဘာသာပြန်လက်ရာဟု အများသိခွင့်ရကြပါသည်။
ဒုတိယအကြိမ်ပုံနှိပ်ခြင်းတွင် အမှာစာရေးသူ ရွှေကိုင်းသားက မိမိအမှာစာတွင်-
]ရွှေနန်းတွင်းအရေးတော်ပုံ စာအုပ်သည် ရာဇဝင် အမြင် ကျယ်မှုအတွက် အထောက်အပံ့ပေးမည့် စာအုပ်ကောင်း တစ်အုပ်ပင် ဖြစ်ပါသည်။}
ဟု သုံးသပ်ပြပါသည်။ ဆရာကြီးသည် တစ်သက်မှာတစ်အုပ်ကိုသာ ရေးခဲ့သော်လည်း ထိုစာအုပ်သည် တစ်အုပ်ဆိုတစ်အုပ် တိုင်းပြည်ကိုအကျိုး ပြုနိုင်ခဲ့သော စာအုပ်ဖြစ်သည်ဟု သတ်မှတ်ကြရပါသည်။ 
ဆရာကြီးသည် အင်္ဂလိပ်ဘာသာနှင့်ရေးသောစာအုပ်များ အဖတ် များသဖြင့် မြန်မာတို့အတွက် အကျိုးရှိမည့်စာအုပ်များတွေ့လျှင် တပည့်များ အားလည်း ဘာသာပြန်ရန် တိုက်တွန်းလေ့ရှိပါသည်။ ဆရာကြီးသည် မြန်မာပြည်တွင် အရေးပိုင်လုပ်ဖူးသွားသော မစ္စတာမောရစ်ကောလစ် ရေးသားသည့်Trails  in  Burma ထရိုင်အင်ဘားမားစာအုပ်ကို ဘာသာ ပြန်ပြီး မန္တလေးသူရိယသတင်းစာတွင် ထည့်သွင်းဖော်ပြသည်။ သို့သော် ဘာသာပြန်သူ နာမည်မခံပါ။ အခန်းတစ်ခန်းအပြီး တပည့်ဖြစ်သူ လူထု ဒေါ်အမာအား နာမည်ခံပြီးဆက်၍ ဘာသာပြန်ရန်တိုက်တွန်းပါသည်။ တပည့်ဖြစ်သူက ဆရာကြီး ဘာသာပြန်ပြီးသွားသည့်အပိုင်းကိုချန်၍ အခန်း ၂ ကိုစပြန်ပြီး မန္တလေးသူရိယတွင် ထည့်သွင်းသည်။ ပထမတွဲကို ၁၉၃၈-ခု စက်တင်ဘာတွင် ပုံနှိပ်ထုတ်ဝေပြီး ဒုတိယတွဲကို ၁၉၃၉-ခု ဇန်နဝါရီလ တွင် ကြီးပွားရေးစာအုပ်တိုက်က ထုတ်ဝေသည်။ နှစ်တွဲပေါင်းကို ၁၉၉၉-ခု စက်တင်ဘာလတွင် ရန်ကုန်ခရမ်းရောင်စာစဉ်က ထုတ်ဝေ သည်။
 
ဆရာကြီးသည် မန္တလေးသူရိယသတင်းစာတတိယအကြိမ်နှစ်လည် အထူးထုတ် စာစောင်တွင် ကမ္ဘာ့သေမင်း၏ဝါဏိဇ္ဇာ ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသားသည်။ အဗ္ဗဒွလ်ရာဇတ်(ဘီအေ)အမည်ဖြင့် ရေးသား ခဲ့ခြင်းဖြစ်သည်။ ဆရာကြီးသည် ထိုစဉ်က မန္တလေးမြို့ အပျော်ထမ်း ရဲ တပ်မတော်ကြီး၏ ဗိုလ်ကြီးအဖြစ် ဆောင်ရွက်နေစဉ်ဖြစ်သည်။ အမျိုးသား ကျောင်းမှ ရဲတပ်ဖွဲ့များသည် နောင်အခါ ဘီအိုင်အေ၊ ဘီဒီအေ၊ ဘီပီအက်ဖ် တပ်များတွင် တပ်မှူး၊ အရာရှိအရာခံ အကြပ်တပ်သားများ ဖြစ်လာခဲ့သည်။
ထို့ကြောင့်ပင် ဆရာကြီးကို စစ်မှုမထမ်းဘဲ စစ်သားကောင်းများ မွေးထုတ်ခဲ့သည့် ဘာဘူကြီးဟု မှတ်တမ်းပြုကြခြင်းဖြစ်သည်။
ကမ္ဘာ့သေမင်း၏ဝါဏိဇ္ဇဆောင်းပါးတွင် လူတို့၏Óာဏ်၊ လောက ဓာတ်ပညာ၏အစွမ်းဖြင့် ဖန်တီးသည့် သေမင်း၊ လက်နက်အမျိုးမျိုး၊ ゞင်းသေမင်းများကို ရောင်းဝယ်ဖောက်ကားကြသည့် မရဏဝါဏိဇ္ဇတို့ အကြောင်း အသိပေးတင်ပြထားသည်။ နိုင်ငံတကာမှ အချက်အလက်များ ရယူစုဆောင်းပြီး စာရင်းဇယား ခိုင်လုံစွာတင်ပြထားသည်။ အံ့ဩဖွယ်၊ တုန်လှုပ်ဖွယ်၊ ဆင်ခြင်ဖွယ် ဖြစ်ပါသည်။ လက်နက်အားကိုး နယ်ချဲ့သူတို့ အပေါ် စာရေးသူ မျိုးချစ်ပုဂ္ဂိုလ်ကြီးသည် မည်မျှစက်ဆုပ်သည်ကို သိရှိ နိုင်ပါသည်။ 
ဆရာကြီးသည် မွတ်စလင်ကျောင်းသားအသင်းက ထုတ်ဝေသော The  Cry  ဂျာနယ်တွင် The  Burman  Muslim  Organization  (On  Account  of  the  formation  of  all  Burma, Burman  Muslim  Congress  at  Pyinmana)  by  A.Razak,  B.A  ဟု ဖော်ပြသည်။ ပျဉ်းမနားတွင်ကျင်းပသည့် ဗမာမွတ်စလင် ညီလာခံကြီးအကြောင်းရေးသား တင်ပြခြင်းဖြစ်သည်။
 
 
ဆရာကြီးက ဆောင်းပါးတွင် တင်ပြသည်မှာ-
]၁၉၄၅-ခု ဒီဇင်ဘာလတွင် ပျဉ်းမနားမြို့၌ ဗမာမွတ်စလင် ညီလာခံကျင်းပခဲ့သည်။ ညီလာခံတွင် အရေးကြီးသော ဆုံးဖြတ် ချက် ၂-ရပ် ဆုံးဖြတ် အတည်ပြုနိုင်ခဲ့သည်။ ဆုံးဖြတ်ချက် တစ်ရပ်မှာ ဗမာမွတ်စလင်နိုင်ငံရေး အသင်းအဖွဲ့ အားလုံးသည် တစ်ခုတည်းသော အသင်းအဖွဲ့အဖြစ် ပူးပေါင်းရမည်ဟူသည့် ဆုံးဖြတ်ချက်ဖြစ်သည်။ အခြားဆုံးဖြတ်ချက်တစ်ရပ်မှာ ယခု ဖွဲ့စည်းသော ဗမာမွတ်စလင်ကွန်ဂရက်သည် ဖဆပလ အဖွဲ့ချုပ် ကြီးနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဟူသော ဆုံးဖြတ်ချက် ဖြစ်သည်။ ညီညွတ်ရေးနှင့် လွတ်လပ်ရေးအုတ်မြစ်ကို ပျဉ်းမနား ညီလာခံကြီးက ချမှတ်ပေးသည်ဟု ဆရာကြီးက ဖော်ညွှန်း သည်။ နိဂုံးတွင် ယခု ကျွန်ုပ်တို့သည် အတိတ်၏ အောင်မြင်မှု များနှင့် လျော်ညီစွာ အနာဂတ်၏တိုးတက်ကြီးပွားမှု အဆောက် အဦကြီး ဆက်လက်၍ ဆောက်လုပ်တည်ထောင်ရန်သာ ကျန် တော့သည်} 
ဟု ယုံကြည်ချက်အပြည့်နှင့် မျှော်လင့်ချက်ကို ဖော်ပြထားသည်။
ဆရာကြီးသည် စကားပြေသာမက ရတုကဗျာ အရေးအသား လည်း ဝါသနာပါသည်။ သူငယ်ချင်းဖြစ်သူ ရေနံချောင်းတွင်းစား သူဌေးသား ကုန်စည်ဖြန့်ဖြူးရေးမင်းကြီး ဦးခင်မောင်လတ် အတွက် မင်္ဂလာ ရတုပိုဒ်စုံ ရေးသားပေးပို့ခဲ့သည်။ ဦးခင်မောင်လတ်က မိမိမင်္ဂလာလက်ထပ် ပွဲအခမ်းအနားသို့ တက်ရောက်ရန်ဆရာကြီးကို ဖိတ်ကြားသည်။ ဆရာကြီး က မင်္ဂလာအခမ်းအနားသို့ မသွားနိုင်သည့်အတွက် မင်္ဂလာရတု ပိုဒ်စုံကို ဖွဲ့သီပို့လိုက်သည်။ ဤရတုပိုဒ်စုံကို ဦးခင်မောင်လတ်၏ မင်္ဂလာအခမ်း အနားတွင် ဖတ်ကြားပြသည့်အခါြွကရောက်လာသော မင်းပရိသတ်များက အထူးသဘော ကျ ချီးကျူးဩဘာပေးကြသည်။ ကာယကံရှင်များကလည်း ရတုပိုဒ်စုံကို ဆရာကြီး၏ မင်္ဂလာလက်ဖွဲ့အဖြစ် တမြတ်တနိုးသိမ်းဆည်း ခဲ့ကြသည်။
၁။ ငယ်ပေါင်းချစ်ဆွေ၊ မန်းရပ်မြေက၊ စေ့ရေတွေးဆ၊ ချီအချဖြင့် ညီမျှစေမှု၊ စုံရတုဟု၊ ယခုရေးစီ၊ စာပလီကို၊ နာရီဖင့်လျား၊ ခွင့်မအားလည်း ရပ်ခြားဝေးကြူ၊ စာပေးသူအား၊ ရေးယူကြောင်း ဟိတ်၊ ချစ်ကြည်စိတ်ဖြင့် တဆိတ်လောက်ပင်၊ ရှုစေချင်၏။ ဟိုစဉ် ငယ်သော်၊ သက်ဆယ်ကျော်က နှစ်ဖော်တူကွ၊ မေတ္တာမျှ၍၊ ဒေသ ကွာဝေး၊ ရှိလေသေးလည်း အေးလျှင်အတူ၊ ပူလျှင်မကွဲ၊ ရှိစမြဲဟု၊ ဝမ်းထဲပိုက်ခါ၊ ဆင်မိပါ၏။ ခုမှာတစ်ကြောင်း၊ တစ်ဇာတ်ပြောင်း၍၊ ငယ်ပေါင်းမျိုးမြတ်၊ ခင်မောင်လတ်၏ စုတ်သပ်ချင်ဖွယ်၊ ချစ်ကြိုး နွယ်သည် ပျက်ပြယ်ထင်ရပြန်တော့သည်။
၂။ သွယ်ပြောင်းလှစ်ချွေ၊ မှာလိုက်ပေ၏၊ ရက်ရေမကွာ၊ ထိုစဉ်ခါက စာလာစာပြန်၊ စာတမန်သည်၊ ဖန်ဖန်သွယ်ဆက်၊ ရှိပါလျက်နှင့်၊ ဖြစ်ပျက်ရပုံ၊ ကြောင်းဥဿုံကို၊ စေ့ငုံသေချာ၊ မသိပါငဲ့၊ ထင်ရာ ထင်မှား၊ ကြံစဉ်းစားသော်၊  ရပ်ခြားနယ်ဝေး၊ မြို့မကွေးက စာပေး လေတိုင်း၊ ရေလှိုင်းမြစ်ကြော၊ စာသင်္ဘောသည်၊ ဝဲဩဃစုတ်၊ နစ်ခါမြုပ်၍၊ ငုပ်လေသလော၊ ကြံစိတ်စောလျက်၊ တွေးတောစဉ် တွင် ယခင်မိတ်ဦး သူတထူး၏၊ အိမ်မှူးထံမှောက် ပို့ရောက်စေ လာ၊ လတ်၏စာကို သေချာသိမှ၊ သတိရ၍၊ ဖြစ်ရလေတယ်၊ ညှိုးစိတ်ငယ်သည် ရှက်ဖွယ်မြင်ရပြန်တော့သည်။
၃။ ဘယ်ကြောင်းဖြစ်ထွေ၊ မြင်မိချေ၏။ ရွှေငွေစုပေါင်း၊ ရေနံချောင်း ဟု၊ မြစ်စောင်းမို့မို့၊ မှိုင်းရည်ညို့တဲ့၊ မြို့နဂရာတွင်၊ သပြာစန်းငွေ၊ သန်းကုဋေဖြိုး၊ မှန်းခြေကိုး၍၊ အကျိုးခွင့်ပေး၊ တွင်းသူဌေး၏၊ ရင်သွေးပိုက်ဖြား၊ ပျိုနုထွားနှင့် စုလျားပတ်ရစ်၊ လွတ်ပေါင်းကျစ်၍၊ အချစ်ဓာတ်ငွေ့၊ သူ့ရင်ငွေ့ကြောင့်၊ မေ့လေသလား၊ စဉ်းစား တတ်ပေါင်၊ တို့မောင်မောင်သည်၊ ယခေါင်ပြကတေ့၊ စိတ်မှ ရွေ့လျက်၊ လိပ်မေ့ဖွတ်မေ့၊ ပတတ်မေ့နှင့် မေ့အမျိုးမျိုး မေ့ပင်ပျိုး လည်း၊ မညှိုးမေတ္တာ၊ ရှိလျက်ပါဟု၊ ထက်ညာမန်းပျော်၊ အဆွေ တော်က၊ ထုတ်ဖော်ရှုဖွယ်၊ စီကုံးချယ်သည်၊ ဆက်သွယ် ခင်ရပြန် တော့သည်။
အချီညအချညီရတု ဖြစ်ပါသည်။ ချီးကျူးဖွယ်ဖြစ်ပါသည်။
]ဆရာကြီး၏ ရတုတတိယပိုဒ်လာ
လိပ်မေ့ဖွတ်မေ့၊ ပတတ်မေ့နှင့်
မေ့အမျိုးမျိုး၊ မေ့ပင်ပျိုးလည်း
မညှိုးမေတ္တာရှိလျက်ပါ}
ဟူသော ဆရာကြီး၏ ကဗျာÓာဏ်ကွန့်မြူးချက်သည် မနောခွေ့ သဘော တွေ့ဖွယ်ကောင်းပါသည်။ 
စလေ့အညာက နဘေဆရာ စာဆိုဦးပုည၏
]နာနာဘဝရှိသမျှ သိုက်ဟောင်း၊ စာဘူးတောင်းသိုက်၊
ဆက်ရက်သိုက်၊ ငှက်သိုက်၊ ဝက်သိုက်၊ 
ြွကက်သိုက်မကျန်၊ မှောက်လှန်ရှာဖွေ သိသိကြေအောင်}
ဟူသော မေတ္တာစာအရေးအဖွဲ့မျိုးကို သတိရစေပါသည်။
]နာရီဖင့်လျား၊ ချစ်ကြိုးနွယ်၊ သွယ်ပြောင်းလှစ်ချွေ၊ ကြံစိတ်စော၊ အိမ်မှူးထံမှောက်၊ မှိုင်းရည်ညိုတဲ့၊ သပြာစန်းငွေ၊ သန်းကုဋေဖြိုး} စသည့် ကျစ်လျစ်သော အသုံးကောင်းများသည် စာဆို၏ ဂန္ထဝင်ထဲထဲဝင်ရှိမှု ပေါ်လွင်ပါသည်။
ဤရတုပိုဒ်စုံအရေးအသားကို ဆရာကြီးသင်္ခါက ၁၉၆၉-ခု ဇူလိုင် လ ၁၄ ရက်နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတွင် ဤရတု ပိုဒ်စုံ ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးပြီး-
]ကာရန်အစပ်အဟပ်နှင့် လေယူလေသိမ်း အဖွဲ့အနွဲ့တို့မှာ ကား သာမည ပုဂ္ဂိုလ်တစ်ဦး၏ လက်ရာမဟုတ်ဘဲ အတော် အတန် ကဗျာÓာဏ် ရသဂုဏ်နှင့် ပြည့်စုံအောင် နိုင်နိုင်နင်းနင်း ဖွဲ့နိုင်သူတစ်ဦးဖြစ်ကြောင်းကိုမူ သုတေသီများ ခန့်မှန်းနိုင် လောက်ပေသည်}
ဟု ဖော်ကျူးထားပါသည်။
စာရေးဝါသနာပါသူ ဆရာကြီးသည် မိမိတပည့်များကိုလည်း စာရေးရန်တိုက်တွန်းသည်။ စာရေးသူများကိုလည်း အားပေး အားမြှောက် ပြုသည်။ အမှာစာ ရေးသားချီးမြှင့်သည်။
အစ္စလာမ်ပေါင်းချုပ် ကျမ်းပြုဆရာ ဦးထွန်ြးွကယ်သည် မြန်မာပြည် လွတ်လပ်ရေး ရလုရဆဲအချိန်တွင် မြန်မာမွတ်စလင်တို့အတွက် အစ္စလာမ့် အဓိကကျင့်စဉ် ]အာရကနွလ်အစ္စလာမ်ကျမ်း}ကို ပြုစုသည်။ ထိုစာအုပ် အတွက် ထိုစဉ်က ပညာရေးနှင့် အမျိုးသား စီမံကိန်းဝန်ကြီးဌာန ဝန်ကြီး ဆရာကြီးရာဇတ်၏ ထောက်ခံချီးကျူးချက်ကို ကျမ်း၏ ကျောဖုံးအတွင်း ဘက်တွင် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားပါသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၅ ရက် ရက်စွဲတပ်ပြီး စာကြောင်းတစ်ဆယ့်တစ်ကြောင်း ပါဝင်သည်။
အာဇာနည်ခေါင်းဆောင်ကြီး၏ သဘောထားအမြင်ကို သိနိုင်ရန် မူရင်းစာခြောက်ကြောင်းမျှ ကောက်နုတ်တင်ပြပါသည်။
“His  service  to  the  Community  in  particular  and  to  the  growth  of  amity  between  the  Muslims  and  the  Non-  Muslims  in  general  is  commendable  and  I  have  no  hesitation  to  say  that  he  deserves  our  whole  hearted  support  and  co-operatoin  in  this  venture.”ဤတွင် ပြည်ထောင်စုအတွင်းရှိ မှီတင်းနေထိုင်ကြသူတို့ အချင်းချင်း နာလည်ကြစေချင်သည့်၊ ရင်းနှီးချစ်ကြည်ကြစေချင်သည့် သဘောကို လေ့လာမိပါသည်။
 
ဆရာကြီးသည် မြန်မာစာ အစီအကုံး အဖွဲ့အနွဲ့ ထူးချွန်သကဲ့သို့ အင်္ဂလိပ်လိုရေးသည့် ဆောင်းပါးများသည်လည်း အဆင့်မြင့်လှပါသည်။ ဆရာကြီးသည် ပါဠိဘာသာ ဂုဏ်ထူးရသူဖြစ်၍ ပါဠိတော်သူဖြစ်ကြောင်း လည်း သိသာလှပါသည်။
သနပ်ဖက်ဆေးလိပ်ကို ပါးစောင်တွင် ခဲလျက်၊ လက်တစ်ဖက်တွင် လက်ညှိုးပိတ်ထားသော ဖတ်ရှုနေဆဲ အင်္ဂလိပ်ဘာသာစာအုပ်နှင့် တပည့် တပန်း မိတ်ဆွေသင်္ဂဟများနှင့် တွေ့သောအခါ ပြုံးပြလေ့ရှိသည်။ ပြုံး တစ်ဝက် မဲ့တစ်ဝက် အဓိပ္ပာယ်ပါသော မဲ့ပြုံးကလေးသည် မသမာသူတို့ လက်ချက်ဖြင့် ယမ်းငွေ့ဖုံးခဲ့ရပါ၏။ သို့သော် ပြည်သူတို့ကို ထာဝစဉ် ညှို့ငင် ဖမ်းစားနေဆဲဖြစ်သည်ဟု ဆိုနိုင်သည်။    ။
 
 
ပါမောက္ခ ဒေါက်တာ အောင်ဇော်