THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

PDF File များ Download ပြုလုပ်နည်း Youtube Link

ဆရာကြီး ဦးအဟ်မဒ် - တောင်ငူ (၁၉၀၆- ၁၉၈၂)

အန်ဆွာရီဖခင်ကြီး ဆရာကြီး ဦးအဟ်မဒ် 

 

ဆရာကြီးသည် ပျော်ဘွယ်မြို့ ယင်းတော်ရွာနေ ၃၇၀ဝ မျိုးနွယ်ဆက် ဦးရွှေဖီ နှင့် ဒေါ်အေးဆော့တို့မှ ၁၂၆၈ ခု တော်သလင်း လပြည့်ကျော် ၁၀ ရက် (၁၉၀၆ ခု စက်တင်ဘာ ၁၁ ရက်)အင်္ဂါနေ့တွင် ဖွားမြင်သည်။ မွေးချင်း ၆ ယောက်အနက် စတုတ္ထမြောက်ဖြစ်သည်။ ဆရာကြီးသည် ငယ်စဉ်က မော်လဝီ အဗ္ဗဒူလ်ခါလစ်ထံမှကျမ်းမြတ် ကုရ်အာန်ကို သင်ယူခဲ့ပြီး ဘကြီးတော်သူ ဦးရွှေကြည် (ဟာဂျီ ကြည်ဖေ)၏ စောင့်ရှောက်မှုအောက်တွင် သာစည်ကျောင်း၌နေခဲ့သည်။ ၁၉၁၉ ခု ဧပြီလ တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာကာ အင်းစိန်မြို့အပိုင် သမိုင်းရွာ၌ မဂ်ျမအိုလ် အဟ်ဗစ် အသင်းက ဖွင့်လှစ်ထားသော မဒရ်ဆာတဗ်လီဂီယာ ခေါ် သာသနာပြုကျောင်းကြီးတွင် ပညာဆည်းပူးသည်။ ယင်းကျောင်းမှ အိန္ဒိယနိုင်ငံသို့ တတိယအသုတ်ပညာတော်သင်အဖြစ် စေလွှတ်ခံရသည်။ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ အမီနီယာကျောင်းနှင့် ဒေယိုဘန် အရဗီ ကျောင်းတို့တွင် သုံးနှစ်တာကာလမျှ ဆည်းပူးခဲ့ပြီး ကျန်းမာရေးကြောင့် မြန်မာနိုင်ငံသို့ စောပြန်ခဲ့သည်။ မြန်မာနိုင်ငံ မိတ္ထီလာမြို့ ဆရာအတတ်သင် ကျောင်းမှ ဆရာဖြစ် လက်မှတ်ရကာ လယ်ဝေးနှင့် တောင်ငူမြို့များတွင် ကျောင်းဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုစဉ် အိမ်ထောင်ထူလိုက်သည်။ ဆရာကြီးသည် မူလတန်းကျောင်းအုပ်ဆရာကြီးအဖြစ် နှစ်ပေါင်း များစွာ အမှုထမ်းခဲ့သည်။ တစ်ချိန်တည်းမှာပင် တပည့်တပန်းများအား သာသနာ့စာပေများကို သင်ကြားပို့ချခဲ့သည်။ ဆရာကြီး၏ ကျောင်းဆရာဘဝနှင့်စပ်လျဉ်း၍ ဆရာကြီးပြုစုသည့် အေမာမ်ဟူစိန်ကျမ်းနိဒါန်းတွင်- ဆရာကြီးထံတွင်ပညာရင်နို့ သောက်စို့ခံရသူတို့အနက် အချို့မှာယခုအခါတွင် အစ္စလာမ်သာသနာရေးရာ ခေါင်းဆောင်များအဖြစ် ထင်ရှားလျက်ရှိသည်။ ယင်းတို့တွင် ကျွန်ုပ်တို့ ကောင်စီဌာနချုပ် ဥက္ကဋ္ဌ သီရိပျံချီမောင်လာနာဃာဇီ မုဟမ္မဒ် ဟာရှင်သည် တစ်ဦးအပါအဝင် ဖြစ်သည်} ဟု အတွင်းရေးမှူးချုပ် ဇေယျကျော်ထင်ဗိုလ်မှူးဘရှင်ကဖော်ပြထားသည်။ နိုင်ငံတစ်နံတစ်လျား တက်ြွကလာသော နိုင်ငံရေးဒီလှိုင်းနှင့်အတူ ဆရာကြီးသည် အမျိုးသားရေးကို ဇောင်းပေးလိုက်သည်။ မြန်မာစာ ဒို့စာ၊ မြန်မာစကား ဒို့စကား၊ မြန်မာပြည် ဒို့ပြည် ဟူသော အမျိုးသားရေြးွေကးကြော်သံကို ဘဝဂ်လျှံစေခဲ့သည်။ ဗမာ မွတ်စလင်နိုးကြားရေးအဖွဲ့တွင် ဆရာချယ်တို့နှင့်အတူ တက်ြွကစွာ ပါဝင် လှုပ်ရှားသည်။ ၁၉၄၅-ခုတွင် နိုးကြားရေးအဖွဲ့များ ဖျက်သိမ်းပြီး ဗမက ဖွဲ့စည်းသောအခါ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းဥပဒေကြမ်း ရေးဆွဲသည်မှ စတင်၍ ပါဝင်သည်။ ဆရာချယ်၊ ဗိုလ်မှူးဘရှင်၊ ဝန်ကြီးဟောင်း ဦးခင်မောင်လတ်တို့နှင့် အတူ အားကြိုးမာန်တက် ဆောင်ရွက်သည်။ ဆရာကြီးသည် တောင်ငူမြို့တွင် ကျောင်းဆရာတာဝန် ထမ်းဆောင် ရင်း ဗမကလုပ်ငန်းများကို ကြိုးပမ်းသည်။ ၁၉၄၈-ခု နှစ် မတ်လ ၁၉ ရက်နေ့တွင် မြို့နယ် ဗမက ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသည်။ ၁၉၄၈-ခုနှစ် မတ်လတော်လှန်ရေးနေ့ လူထုစည်းဝေးပွဲသဘာပတိအဖြစ် ဆောင် ရွက်သည်။ နောက်တစ်နေ့တွင် သက်ဆိုင်ရာမှ ပုဒ်မ ၅ ဖြင့် ဖမ်းဆီး ထိန်းသိမ်းပြီး သာယာဝတီထောင်သို့ပို့သည်။ ဗမကဌာနချုပ်မှကူညီ ဆောင်ရွက်ပေးမှုကြောင့် ပြန်လွှတ်သည်။ ဆရာကြီးသည် ရတနာ ၇-ပါးကျမ်းနှင့် လက်ဆောင်တော် ငါးပါးကျမ်းတို့ကို ရေးသားပြုစုသည်။ တောင်ငူမြို့ ၆-လမ်း ဂုဏ်တန်ရပ် ကို မူလတန်းကျောင်းတွင် ကျောင်းဆရာအဖြစ် ပြန်လည်တာဝန်ယူပြီး ၁၉၅၈-ခုနှစ်တွင် အစ္စလာမ်သာသနာရေးရာကောင်စီမြို့နယ် အတွင်း ရေးမှူး၊ ၁၉၅၉-ခုနှစ်တွင် ခရိုင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။ ၁၉၆၀-ပြည့်နှစ် တောင်ငူမြို့တွင် ကျင်းပသော အစ္စလာမ် သာသနာ့ရေးရာ ကောင်စီဒုတိယအကြိမ် သာသနာ့ အစည်းအဝေးတွင် တက်ြွကစွာ ပါဝင် ဆောင်ရွက်သည်။ ၁၉၆၀-ပြည့်နှစ် ဇူလိုင်လမှစ၍ ဆရာကြီးကို ကောင်စီ ဌာနချုပ်သို့ ပင့်ဆောင်ကာ ဘာသာပြန်ဌာန၌ တာဝန်ပေးအပ်သည်။ ကောင်စီဌာနချုပ်တွင် ဘာသာပြန်မှူး၊ စည်းရုံးရေးမှူး၊ ဒေသနာ ဖြန့်ချိရေးမှူး၊ ရုံးတာဝန်ခံ၊ ဌာနချုပ် ဒုတိယဥက္ကဋ္ဌနှင့် နာယကကြီးအဖြစ် သာသနာ့တာဝန်ကို ရာသက်ပန် ထမ်းဆောင်ခဲ့သည်။ အူရဒူ၊ အရဗီ၊ ဖာရစီအခံကောင်းသော၊ မြန်မာစာ မြန်မာမှု ကျွမ်းသော ဆရာကြီးသည် ဆောင်းပါးများစွာကို ရေး၍ ပရိသတ်အား အသိပညာဖြန့်ဝေသည်။ ကမ္ဘာ့အလင်းနှင့် အစ္စလာမ်စာစောင်တို့တွင် အစ္စလာမ့်ရာဇဝင်သမိုင်း၊ တမန်တော်မြတ်များ၊ ကမ္ဘာ့ခေါင်းဆောင်ကြီး ရတနာ ၇-ပါး၊ အာဇာနည် သာဝကမများ၊ သုခဘုံလက်မှတ်စသည့် အခန်းဆက်ဆောင်းပါးများဖြင့် စာရှုသူတို့အာရုံကို စွဲဆောင်ထားနိုင်သည်။ ရွှေယင်းမောင်၊ တောင်ငူသား၊ အဟ်မဒ်(တောင်ငူ)၊ ရွှေယင်း မောင်(တောင်ငူ)၊ မောင်Óာဏ်ထိန်စသည့် ကလောင်အမည်ကွဲများဖြင့် ထွက်သမျှ မွတ်စလင်စာနယ်ဇင်းများတွင် မလွတ်တမ်း ပါဝင်ရေးသား သည်။ ခေတ်အမြင်အတွေးဖြင့် ခေတ်အရေး စာတင်သကဲ့သို့ ဂန္ထဝင် အချက်အလက်များ၊ ရာဇဝင်အဖြစ် အပျက်များကိုလည်း ဖော်ထုတ်တင်ပြ သည်။ ကမ္ဘာ့အမွေကို ဘာသာပြန်ခြင်းဖြင့် မြန်မာ့စာပေကို ဝေဆာစေ သည်။ အကြောင်းအရာ အဓိကထားသော်လည်း လူတန်းစားအသီးသီး စိတ်ဝင်စားစေရန် ဆောင်းပါး၊ ပေးစာ၊ ဝတ္ထုစသည့် ပုံသဏ္ဌာန် အမျိုးမျိုး ဖြင့် ရေးသားသည်။ အခန့်အသွက် စိတ်ကြိုက်ဖန်တီးနိုင်သည်။ ထင်ရှား ပေါ်လွင်သည်ကား၊ ပင်ထွက်Óာဏ်ဖြစ်သည်။ ထိမိသော တာသွားသော စကားသုံးများ ငြိလုံးများတွေ့ရသည်။ ဆရာကြီးသည် စာအရေးကောင်းသကဲ့သို့ အပြောအဟောတွင် လည်း ပွဲတောင်းခံရသူဖြစ်သည်။ စိတ်ဝင်စားဖွယ်ဟောနိုင်သည်။ တက်ြွကဖွယ်ပြောနိုင်သည်။ အမျိုးသားရေးကိစ္စများတွင် နားဆင်သူနစ်မျော ပါလာအောင် ဟောပြောစွဲဆောင်နိုင်စွမ်းသည်။ နိုင်ငံတစ်နံတစ်လျား၊ အခြေခံကောင်စီခွဲများအထိ ဌာနချုပ် ကိုယ်စားပြောကြားနိုင်ခဲ့သည်။ စည်းရုံးနိုင်ခဲ့သည်။ တစ်ခါက ခုံမင်းဦးလယ်ရောက်၏ခုံတွင် တရားရင်ဆိုင်နေသူ တစ်ဦး အတွက် ဆရာကြီးက ကူညီအကျိုးဆောင်ရန် တရားခွင်သို့ ဝင်သွားသည်။ တစ်ဖက်မှကျီစယ်လိုသဖြင့် ]ဆိတ်နံ့ရသည်}ဟု ချိတ်လိုက်သည်။ မုတ်ဆိတ် နှင့်ဆရာကြီးက ]ဒို့နယ်က အင်းခွေးများ တယ်အနံ့ခံကောင်းပါ ကလား}ဟု တစ်မုဟုတ်ချင်းချေပလိုက်သည်။ ဆရာကြီးသည် တင်္ခဏုပ္ပတ္တိ Óာဏ် ကောင်းသူဖြစ်သည်။ အာဝဇ္ဇန်းကောင်းသူဖြစ်သည်။ အောင်မြင်သော စည်းရုံးရေးမှူးကြီးဖြစ်သည်။ ဌာနချုပ်က ကြီးမှူးသော အန်ဆွာရီသင်တန်းများတွင် ဆရာကြီးကို တçသသဖြစ် ကျန်ရစ်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ကျောင်းဆရာပီပီ အသင်အပြကောင်းသည်။ နံနက် စောစောထပြီး နောက်ကျမှအိပ်သည်။ အတူစားအတူအိပ်သည်။ ဒုက္ခခံသည်။ စကားရည်သွေးပွဲများ သရုပ်ဖော် ပွဲများကို ဆရာကြီးက ကြီးမှူးသည်။ အားတက်သရော ပါဝင်ကူညီပါသည်။ ]မန်အန်ဆွာရီအေလလ္လာ၊ နဟ်နို့အန်ဆွရွလ္လာ}ဟူသော အစ္စလာမ့်ပဋိညာဉ်စကား ထာဝစဉ် ကြားယောင်အောင် ဟစ်ြွေကးခဲ့သည်။ အန်ဆွာရီသင်တန်း စတင်စဉ်မှ ၃၉ ကြိမ်မြောက် သင်တန်းအထိ သင်တန်းမှူးတာဝန်ယူခဲ့သည်။ အများ၏ကြည်ညို လေးစားအားထားမှု ကြောင့် ပြည်သူကပေးသော ]အန်ဆွာရီ ဖခင်ကြီး} ဟူသောဘွဲ့ကို ထိုက်တန်စွာခံယူရသည်။ ဆရာကြီးသည် အန်ဆွာရီ လူငယ်လူရွယ်များ၏အထူး ချစ်ခင် လေးစားမှုခံရသူဖြစ်သည်။ ကလေးငယ်များကို ချစ်သော တရင်းတနှီး နေတတ်သော ဆရာကြီး၏ပင်ကိုသဘာဝကို သတိပြုမိသော အတွင်းရေး မှူးချုပ် ဗိုလ်မှူးကြီးဘရှင်က မွတ်စလင်မ်စာပေလောကတွင် လစ်ဟာနေ သော ကလေးစာပေပြုစုရန် ဆရာကြီးအားပေးတိုက်တွန်းသည်။ ဆရာကြီးက လိုလားလက်ခံ၍ ၁၉၆၃ ခုနှစ်ခန့်တွင် လုပ်ငန်းစခဲ့ သည်။ သို့သော် ဗိုလ်မှူးကွယ်လွန်ပြီး ၁၉၇၄ခု၊ အောက်တိုဘာလတွင်မှသာ စာအုပ်အဖြစ် ထုတ်ဝေဖြစ်သည်။ စာအုပ်အမည်မှာ အစ္စလာမ့်သမိုင်းဝင် ပုံပြင်များဖြစ်သည်။ ခေါင်းစဉ် ၆၄ခု ပါဝင်သည်။ စာအုပ်နိဒါန်းတွင် ပြုစုရခြင်း ရည်ရွယ်ချက်နှင့် စာအုပ် ဖြစ်ပေါ်လာပုံ အကြောင်းကို ဖော်ပြထားသည်။ ထိုစဉ်က ကောင်စီဌာနချုပ်၊ တွဲဖက် အတွင်းရေးမှူးချုပ် ဦးဃနီက မိတ်ဆက်အမှာရေးပေးထားသည်။ အစ္စလာမ့်သမိုင်းဝင် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှ အားကျအတုယူထိုက်သည့် ဖြစ်စဉ်များချည်း ပါဝင် သည်။ ထိုဖြစ်စဉ်များမှ အကွက်ကောင်းကို ယူ၍ လိုရင်းကို ရေးဖွဲ့ထားခြင်း ဖြစ်သည်။ ပုံပြင်ဟု ဆိုသော်လည်း စိတ်ကူးယဉ်ဒဏ္ဍာရီမျှမဟုတ်ပါ။ တကယ့် အဖြစ်အပျက် ဇာတ်ကြောင်းများဖြစ်သဖြင့် ထူးခြားပါသည်။ အချို့ အရဗီ အမည် နာမမူရင်း ဝေါဟာရများသည် ကလေးများအဖို့ ခက်သယောင် ရှိသော်လည်း ဇာတ်လမ်းကို စိတ်ဝင်စားပြီး၊ ဇာတ်လမ်းနောက်ပါသွားနိုင် သဖြင့် ကလေးများအကြိုက်တွေ့နိုင်ပါသည်။ ကလေးများကို အကျိုးပြု မည့် ]ကလေးမျက်ရှု စာရတနာစု}ဟု ဆိုနိုင်ပါသည်။ ဆရာကြီးသည် မြေးတော် အိမာမ်ဟုစိုင်န်စာအုပ်ကို ၁၉၆၃ခု နိုဝင်ဘာလတွင် ရေးသားထုတ်ဝေသည်။ နိဒါန်းတွင်- ]အစ္စလာမ်သာသနာတော်၏ အမှန်တရားနှင့် အမှန် လုပ်ငန်းများ တည်တံ့နေရစ်လေအောင် အိမာမ်ဟုစိုင်န်သည် ကရ်ဗလာမြေပြင်နီတွင် ကျဆုံးခံသွားရှာသည်ကို မွတ်စလင်မ် တိုင်း စံနမူနာယူနိုင်ကြစေရန်ဖြစ်သည်။} ဟု ဖော်ပြသတိပေးခဲ့သည်။ အလားတူပင် မြေးတော်အိမာမ်ဟစန် စာအုပ်ကို ၁၉၆၅ ခု ဒီဇင်ဘာလတွင်ပြုစုခဲ့သည်။ အတွင်းရေးမှူးချုပ် ဗိုလ်မှူးဘရှင်က - ]အိမာန်ဟစန်သခင်၏ လက်ထက်တွင် ဖြစ်ပျက်ခဲ့ သော အစ္စလာမ်ဖြစ်ရပ်တို့မှာ ယခုခေတ်အစ္စလာမ် သာသနာဝင်တို့ အတွက် သတိတရားကို နှလုံးပိုက်၍ လေ့လာဆင်ခြင်သင့်သော ဖြစ်ရပ်များဖြစ်သည်} ဟု အမှာစာတွင် သတိပေးနှိုးဆော်ထားသည်။ ဆရာကြီးသည် မြေးတော်ကျမ်းများအပါအဝင်ကျမ်းပေါင်း ၃၀ ကျော်နှင့် ဝတ္ထုဆောင်းပါးများစွာ ရေးခဲ့သည်။ အိုးပစ် အိမ်ပစ် ဆွေပစ် မျိုးပစ် အမျိုးဘာသာကို ချစ်သောဆရာကြီးသည် ၁၉၈၂ ခု ဇန်နဝါရီ ၉ ရက် စနေနေ့ ည ၁၀း၄၅ နာရီတွင် အရှင်မြတ် အမိန့်တော်ခံယူသည်။ ဆရာကြီးဘဝမြှုပ်နှံကာ ပျိုးထောင်ပေးခဲ့သော နိုးကြားရေး စိတ်ဓာတ်၊ အစ္စလာမ်ချစ်စိတ်ဓာတ်၊ ကောင်စီချစ်စိတ်ဓာတ်သည် ပြည်မြန်မာပျိုးခင်းတွင် ရှင်သန်ဖွံ့ဖြိုးနေသည်။ သီးပွင့်ဝေဆာနေသည်။ ]အိုအချင်းတို့ ကျွန်ုပ်၏ယနေ့ကို၊ သင်တို့၏နက်ဖြန်အတွက် ကုရ်ဘာနီအပ်နှံခဲ့ပြီလို့ ကိုယ်မြို့ကိုယ်ရွာပြန်တဲ့အခါ ပြောလိုက်ပါလေ} ဟု ဆရာကြီး မြှုပ်နှံရာ တောင်ငူဥယျာဉ်မှ အမှာစကားသည် ဆရာကြီး၏ တမလွန်မှ နှိုးဆော်သံအဖြစ်ကြားနေရမည် ဖြစ်ပါသည်။

ပါမောက္ခ ဒေါက်တာ အောင်ဇော်

 

ဆရာကြီး မကွယ်လွန်မီ နှစ် ၃၀ ခန့်က စာရေးသူအား ဆရာကြီး ကိုယ်တိုင်ရေးသားပေးအပ်ခဲ့သည့် ကိုယ်ရေး မာတိကာ