THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

PDF File များ Download ပြုလုပ်နည်း Youtube Link

ရှိုက်ခုလ်ဟဒီးဆ် မောင်လာနာ မုဟမ္မဒ် ဗရှီရွလ္လာဟ် ဦဗရှင်(၁၉၁၃-၁၉၈၄)

အစ္စလာမ်သာသနာရေးရာကောင်စီ စတင်ဖွဲ့စည်းရာတွင်ပါဝင်ခဲ့သော ဗဟိုအမှုဆောင်
 
ရှိုက်ခုလ်ဟဒီးဆ် မောင်လာနာ မုဟမ္မဒ် ဗရှီရွလ္လာဟ် ဦဗရှင်
 
ဆရာကြီးကို ပဲခူးတိုင်း ရွှေကျင်မြို့၊ ကျွဲတဲကျေးလက် မွတ်စလင်မ်ကျေးရွာ တွင် ဟစ်ဂျရီ ၁၃၃၁၊ ရမ်ဇာန်လမြတ် ၁၃ရက်၊ ခရစ်နှစ်၁၉၁၃ခု၊ ဇူလိုင်လ ၂၁ရက်နေ့၌ဖွားမြင်သည်။ ငယ်မည် မုဟမ္မဒ်ဗရှီရွလ္လာဟ်ဖြစ်ပြီး တိုင်းရင်း အမည်မှာဦးဗရှင်ဖြစ်သည်။ မိဘများသည် ရွှေကျင်မြို့ မွတ်စလင်မ်ကျေးရွာ မဒ်ရဆဟ် အစ္စလာမီယဟ် ကျောင်းအုပ်မောင်လာနာ ရှူကုရွလ္လာဟ်ခေါ် ဦးရွှေကိုနှင့် ဗီလ်ကစ်ဘီဘီတို့ဖြစ်သည်။
ငယ်စဉ်က ဖခင်ကြီးထံ ပညာဆည်းပူးခဲ့သည်။ အသက် ၇ နှစ် အတွင်း အခြေခံ ဘာသာရေးပညာနှင့် မြန်မာစာအပြင် အရဗီ၊ အူရဒူ၊ ဖာရစီဘာသာများကို သင်ယူတတ်မြောက်ခဲ့သည်။ ၁၉၂၀ပြည့်နှစ်တွင် ရန်ကုန်မြို့၊ မဂိုလမ်း(ရွှေဘုံသာလမ်း)နှင့် ဖရေဇာလမ်း(အနော်ရထာလမ်း) ထောင့်နားရှိ သအ်လီမု(ဒ်)ဒီးန်မုအလ္လီမိယဟ် ကျောင်း၌ ကျောင်းအိပ် ကျောင်းစားအဖြစ် ဖခင်ကြီးက အပ်နှံပေးသည်။ ထိုကျောင်းတွင် သင်ရိုး ကိုစသင်ရာ အခြေခံသင်ရိုးအားလုံး အာဂုံဆောင်ထားနှင့်ပြီးဖြစ်ကြောင်း သိရ၍ ကျောင်းအုပ်ကြီးက အံ့ဩသွားရသည်။ ၁၉၂၅ခုနှစ် ၁၂ နှစ်သား အရွယ်ကပင် အလယ်တန်းအဆင့် ပညာကို သင်ကြား တတ်မြောက်ခဲ့ သည်။
၁၉၂၆ ခု၊ မေလ ၆ ရက်တွင် ဘာသာရေး အဆင့်မြင့်ပညာ သင်ကြားရန် ကမ္ဘာကျော်ပညာရှင်ကြီးများ၊ သူတော်စင်ကြီးများ မွေးထုတ် ပေးရာ အိန္ဒိယနိုင်ငံ ယူပီပြည်နယ် စဟာရန်ပူရ်မြို့ရှိ မဇွာဟိရီအုလုမ် ကျောင်းသို့ ရေကြောင်းခရီးဖြင့် သွားရောက်ခဲ့သည်။ ထိုစဉ်က ကျောင်း ဆောင်နေ ကျောင်းသားများတွင် ဆရာကြီးသည် အသက် အငယ်ဆုံး ကျောင်းသားဖြစ်နေသည်။
မဇွာဟိရိအုလူမ်တွင် ၈ နှစ်ကြာ ပညာသင်ကြားခဲ့ပြီး ယာလက်ညှိုး တွင် ခူနာပေါက်၍ ကုသသော်လည်း မပျောက်ကင်းခဲ့ပါ။ သို့နှင့် ဆေးခွင့် ယူကာ မြန်မာပြည်သို့ ပြန်ခဲ့ရသည်။ မြန်မာပြည်တွင် ဖခင်ကြီးကိုယ်တိုင်  ကုသပေးသည်။ အနာပျောက်ကင်းသော် ကျောင်းပြန်တက်ရန် တစ်ဖန် ပြန်လည်ထွက်ခွာခဲသည်။ ၁၉၃၃ ခုနှစ်၊ အသက် ၂၀ အရွယ်တွင် ]အာလင်မ်} ]ဖွာဇစ်လ်}ဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့သည်။ 
ထိုစဉ်နိုင်ငံတကာမှ ကျောင်းသားအားလုံးတွင် ဒုတိယရရှိခဲ့သည်။ ဆရာကြီး၏ ပညာရည်မှတ်တမ်းကို မဇွာဟိရီအုလူမ် တက္ကသိုလ် ပညာရေးပြခန်း၌ ယခုတိုင် မှတ်တမ်းတင်ထားဆဲဖြစ်သည်။ မောင်လာနာ ဇကရီယာ ရေးသားသော သာရီခေမဇာဟိရ်အုလူမ်၊ မဇာဟိရ်အုလူမ် မော်ကွန်း ဒုတိယတွဲတွင် ဆရာကြီး၏ ပညာရည်နှင့် ပြုစုခဲ့သော ကျမ်းများ စာရင်း အပါအဝင် စွမ်းဆောင်ချက်များကို ဖော်ပြထားသည်။
၁၉၃၄ခုနှစ်၊ ဇန်နဝါရီလတွင် ရန်ကုန်မြို့သို့ ပြန်ရောက်သည်။ ဖခင်ကြီးကိုယ်တိုင် လာကြိုသဖြင့် မော်လမြိုင်မြို့သို့ ပါသွားသည်။ မော်လမြိုင်မြို့ စူရတီဂျာမေဗလီကြီးတွင် ကဒရ်ညမြတ်နှင့် ပတ်သက်၍ တရားဓမ္မဟောကြားသည်။ ထို့နောက်မှ ဇာတိရပ်ရွာသို့ပြန်၍ စာပြဆရာ ဝင်လုပ်သည်။ လအနည်းငယ်ကြာပြီးနောက် နိုင်ငံခြားရှိ ဆရာကြီး မောင်လာနာဇဖွရ် အဟ်မဒ်ဆွဟိဗ်(ထာနဝီ)၏ ညွှန်ကြားမှုဖြင့် တောင်ငူမြို့ မဒ်ရဆဟ် အရှ်ရဖုလ်အုလူမ်ကျောင်းကြီး၌ သာသနာရေး အခြေခံ သင်တန်း သင်ရိုးကုန်ကို ဖာရစီ၊ အရဗီ၊ အူရဒူ ဘာသာစကား တို့ဖြင့် သင်ပေးရသည်။ ရိုးရိုးသင်တန်းအပြင် သက်ကြီးသင်တန်းကိုလည်း သင်ပေးရသည်။ ထိုစဉ် ဆရာကြီးသည် အသက် ၂၀ အရွယ်မျှသာ ရှိသေးသည်။
တောင်ငူတွင် တာဝန်ခံဆရာကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ညပိုင်း၌ မွတ်စလင်မ် အလုပ်သမားပေါင်းစုံကို သက်ကြီးသင်တန်း ပေးသည်။ ဗလီဝတ်ကျောင်းတော်၏ ရှေ့ဆောင်ဆရာအဖြစ်လည်း ပူးတွဲ တာဝန်ထမ်းဆောင်သည်။ 
၁၉၄၁ခု၊ ဧပြီလ ၂ ရက် ရန်ကုန်မြို့ စပတ်လမ်း(ဗိုလ်အောင်ကျော် လမ်း)တွင် ကာရီ အဗုလ်ဗရကသ် မက္ကီက ရုကီယာဘီဘီခေါ် ဒေါ်အေးစိန် နှင့် နိကာဟ်ဖတ်ပေးသည်။ ရုကီယာဘီဘီသည် သန်လျင်ရေနံချက်စက်ရုံ စာရေးကြီး မုဟမ္မဒ်အက်ဘရ်ရှား၏ သမီးဖြစ်သည်။
၁၉၄၂-၄၃ခု ကာလအတွင်း ရန်ကုန်၊ ကမာရွတ်မြို့နယ် အီးစီ မဒါးဟ် ထီးနှင့်ဆပ်ပြာစက်ဝင်းအတွင်း ဖွင့်ထားသော လုပ်သားနှင့် မိသားစုဝင်များ၏ မဒ်ရဆဟ်ကျောင်း၌ စာပြသည်။ တရားဓမ္မဟောကြား သည်။ နမားဇ်ဝတ်ပြုရှေ့ဆောင်တာဝန်လည်း ယူသည်။ ထိုအချိန်တွင် ကမ္ဘာစစ်ကြီးဖြစ်လာ၍ စစ်ဒဏ်ကို ခံကြရသည်။ စစ်အတွင်းမှာပင် မွတ်စလင်မ်ကလေးငယ်များကိုသာမက ဘာသာခြားလူငယ်များကိုပါ အူရဒူ အရဗီ စာပေများ ထူးချွန်အောင်သင်ကြားပေးခဲ့သည်။ 
စာပြ စာချဘဝကိုသာ ခုံမင်သူ ဆရာကြီးသည် သက်ဆိုင်ရာ လူကြီးများက ကမ်းလှမ်းလာသဖြင့် ၁၉၄၆ခု၊ ဒီဇင်ဘာလမှစ၍ တာမွေ ဂျမိအဟ် အရဗီယဟ် ဒါရွလ်အုလူမ် ကျောင်းအုပ်ကြီး တာဝန်ဝတ္တရား များကို ထမ်းဆောင်ခဲ့သည်။
ဦးစွာ သင်ရိုးများရေးဆွဲရသည်။ အတန်းများဖွဲ့စည်းရသည်။ ကျောင်းသုံးစာအုပ် ရွေးချယ်ပြဋ္ဌာန်းရသည်။ သင်နည်းစနစ်အခြေခံ ချမှတ်ရသည်။ ကျောင်းဆရာများကို Óာဏ်သစ်လောင်းရသည်။ တစ်ဖက် မှလည်း သင်ကြားရေးကို ကြပ်မတ်ရသည်။ သင်ကြားမှု သင်ယူမှုကို စစ်ဆေးရသည်။ စနစ်တကျစီမံဆောင်ရွက်မှုကြောင့် ၃ နှစ်တာကာလ အတွင်း ကျောင်းသားဦးရေ တိုးတက်လက်ခံလာနိုင်သည်။ ၆ နှစ်တာ အတွင်း (၁၉၅၂-၅၃)တွင် ဘွဲ့ကြိုတန်းဖြစ်သော ဒေါင်ရာဟဒီးဆ်တန်း အထိ ရောက်ရှိလာသည်။ နောက်ဆုံးနှစ်တန်းတွင် ကျောင်းသား ဆယ်ဦး ရှိလာသည်။ ၁၉၅၄ခု၊ ဖေဖော်ဝါရီလဆန်းတွင် အိန္ဒိယမှ ပညာရှင်ကြီးများြွကရောက်လာပြီး စာမေးပွဲစစ်ဆေးသည်။ ဝမ်းသာအားရ ဖြစ်သွားကြ သည်။ ကျောင်းသား ၁၀ ဦးစလုံး အောင်မြင်ခဲ့သည်။
ဤသို့ မြန်မာပြည်တွင် အခြေခံမှစ၍ ဒေါင်ရာအထိ ဘွဲ့ရစာမေး ပွဲကို ကျောင်းတစ်ကျောင်းတည်း၌ သင်ကြားတတ်မြောက်ခြင်းသည် ဆရာကြီးလက်ထက်မှ ပထမဆုံးဖြစ်သည်။
၁၉၅၄ခု၊ ပထမအသုတ်ဘွဲ့ရ တပည့် ၁၀ဦးကို အိန္ဒိယပြည်သို့ ပညာသင်စေလွှတ်သည်။ စဟ်ရန်ပူရ်မြို့ရှိ မဇာဟိရွလ်အုလူမ် ကျောင်း တွင် ဆရာကြီး၏ တပည့်တစ်ဦးဖြစ်သူ မောင်လာနာဖိုင်ဇုလ် အစ္စလာမ် (ရခိုင်ပြည်နယ်)သည် ပထမဆုကို ဆွတ်ခူးရရှိသည်။ ဆရာကြီးက မတင်း တိမ် နိုင်သေးသဖြင့် ဒီယိုဗန်မြို့ရှိ ဒါရွလ်အုလူမ် တက္ကသိုလ်ကြီးသို့ ဆက်လက် ဆည်းပူးစေသည်။ ထိုတက္ကသိုလ်တွင်လည်း တပည့်ချွန်က ပထမဆုကို ထပ်မံဆွတ်ခူးခဲ့ပြန်သည်။ ဤတွင်မှ တပည့်အကျော်အမော် များ မွေးထုတ်ပေးနိုင်ခဲ့သော ဆရာကြီးမှာ ပီတိဖြာနိုင်ခဲ့သည်။ ဆရာကြီး တပည့်များ၏ဂုဏ်သတင်းသည် မြန်မာ့စည်းရိုးကိုကျော်၍ ပါကစ္စတန် အိန္ဒိယ တို့၌သာမက မဒီနဟ်မြို့တိုင် လှိုင်စေခဲ့သည်။
၁၉၅၈ခု၊ ဇွန်လ ၂၀ ရက်တွင် ညီဖြစ်သူ အလ်ဟဂ်ျ မောင်လာနာ မုဖ်သီ ဟာဖိဇ် မုဟမ္မဒ် နူရွလ္လာဟ်ဆွာဟစ်ဗ် ဆရာကြီးဦးနု(မဇာဟိရီ) နှင့်အတူ ဟဂ်ျ ခရီးစဉ်အတွက် ထွက်ခွာခဲ့သည်။
ဆရာကြီးသည် အစ္စလာမ်သာသနာရေးရာကောင်စီ ပြည်လုံး ကျွတ်ညီလာခံမှ တင်မြှောက်သော ဌာနချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်ဖြစ်ခဲ့သည်။ မိတ္ထီလာညီလာခံအပြီး အဖွဲ့နှင့် သဘောထားကွဲလွဲမှု ကြောင့် ၁၉၅၉ခုတွင် အခြားပညာရှင် ၂ ဦးနှင့်အတူ နှုတ်ထွက်ခဲ့သည်။
သင်ကြားပို့ချခြင်း၊ ရေးသားဖြန့်ဝေခြင်း၊ စာပေကျမ်းဂန်ပြုစုခြင်း၊ ဟောကြားဆွေးနွေးခြင်း၊ ဖေးမကုသခြင်း၊ ဖတ်ရွတ်သရဇ္ဈာယ်ခြင်း၊ ဝတ်ပြု ဆုတောင်းခြင်းဖြင့် မနားမနေ ကြိုးပမ်းဆောင်ရွက်သော ဆရာကြီးသည် တဖြည်းဖြည်း ကျန်းမာရေးချို့တဲ့လာသည်။ ဆရာကြီးသည် ၁၉၈၄ခု၊ မတ်လ၁ရက် ကြာသပတေးနေ့ နံနက် ၂ နာရီ မိနစ် ၅၀တွင် အလ္လာဟ် အရှင်မြတ်၏ အမိန့်တော်ခံယူခဲ့သည်။ မြန်မာပြည်ရှိ ဟဒီးဆ်သမိုင်း မှတ်တိုင်ကြီး ပြိုလဲခဲ့ပြီ၊ မီးရှူးတန်ဆောင်ကြီး ချုပ်ငြိမ်းခဲ့ပြီ။
ဆရာကြီး၏ ဝမ်းနည်းသတင်းကို ကြားကြသော် ရန်ကုန်မြို့ပေါ်ရှိ အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များ၊ အီမာမ်ရှေ့ဆောင်ဆရာများ၊ ကျောင်းဆရာများ၊ ကျောင်းသားများ၊ ဘာသာရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ဆင်ခြေဖုံးမြို့နယ်များမှ အမျိုးသားအမျိုးသမီးများ အပြေး အလွှာ စုဝေးရောက်ရှိလာကြသည်။ ပညာရှင်ကြီးများ၏ ဆုံးဖြတ်ချက်အရ ဈာပနကို ၁၂၄ လမ်းနေအိမ်မှ တာမွေဥယျာဉ်သို့ ခြေလျင်ထမ်း၍ သယ်ဆောင် သည်။ ဂျနာဇာနမားဇ်ကို မုဖ်သီချုပ်က ဦးဆောင်ဖတ်ပေးပြီး ရဟ်မတ် မဂ်ဖေရတ်အတွက် ဝမ်းနည်းပက်လက် ကြေကွဲလျက် ဆုမွန် တောင်းခဲ့ကြသည်။ 
ထိုစဉ် နွေခေါင်ခေါင်ဖြစ်ငြား ကောင်းကင်မှ မိုးသီးမိုးပေါက်တို့ ကျလျက်ရှိသည်။ မောင်လာနာအလ်ဟဂ်ျ ဟာဖိဇ် မုဟမ္မဒ်ဆွာလေဟ် သဗ်လီဂ် အမီရ်ချုပ်ကြီး(မြန်မာပြည်)က ဆရာကြီးကို မြှုပ်နှံသည့် ကဗရ် အနီး လူအများရှေ့မှောက်၌ ]ကြည့်ကြပါဦး၊ ရှိုက်ခ်ခုလ်ဟဒီးဆ် ဆုံးရှုံး ရခြင်းကြောင့် မိုးကောင်းကင်ကပင် ကြေကွဲကြောင်း ပြနေပါပေါ့လား} ဟု ကြည်ညိုဖွယ်ြွမက်ဟခဲ့သည်။
နောက်ဆုံးဒိုအာကို အမီရ်ချုပ်က တောင်းပေးပြီး ပရိသတ်ငိုရှိုက် သံများကြားမှ အခမ်းအနားပြီးဆုံးခဲ့သည်။
ဆရာကတော် ရုကီယာဘီဘီ ခေါ် ဒေါ်အေးစိန်သည် ၁၉၇၁ခု၊ စက်တင်ဘာလ ၄ ရက် စနေနေ့၌ ကွယ်လွန်ခဲ့ပြီးဖြစ်၍ ဆရာကြီးတွင် သား ၇ ဦးကျန်ရစ်သည်။
၁။ မောင်လာနာ မုဟမ္မဒ်ကာစင်မ် ဦးဘခင်
၂။ အလ်ဟဂ်ျ မောင်လာနာ မုဟမ္မဒ်စလီမွလ္လာဟ် ဦးမိုးနိုင်
၃။ အလ်ဟဂ်ျ မောင်လာနာ မုဟမ္မဒ် အသွာအွလ္လာဟ် ဦးထွန်းလွင်
၎။ မောင်လာနာ မုဟမ္မဒ် အတ်စ်အဒွလ္လာဟ် ဦးဘမြင့်
၅။ မောင်လာနာ မုဟမ္မဒ် ဖွရ်ဟသွလ္လာဟ် ဦးဘလှ
၆။ အလ်ဂျဟ် မောင်လာနာ မုဟမ္မဒ် အတ်ကဘရ်ရှာဟ် ဦးထွန်းအောင်
၇။ မုဟမ္မဒ် အတ်ဆ်ွဂရ်ရှားဟ် ဦးဘသိန်း( အငယ်တန်း အင်ဂျင်နီယာ လုပ်ငန်းရှင်) တို့ဖြစ်သည်။
ဆရာကြီး၏ အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် ၁၉၉၂ တွင် ဆရာကြီး၏ဇာတိ ရွှေကျင်မြို့ ကျွဲတဲရွာတွင် ကုရ်အာန်အာဂုံဆောင် ကျောင်းတစ်ကျောင်းကို ဖွင့်လှစ်သည်။ ကျောင်းအမည်မှာ ]မဒ်ရဆ်ဟ် ဗရှီရီယဟ်}ဖြစ်သည်။ ဦးစီးနာယကသည် ညီတော်မောင် ရှိုက်ခ်ခုလ် ဟဒီးဆ် မောင်လာနာနူရွလ္လာဟ် ဦးနုဖြစ်သည်။ ဦးဆောင်ဖွင့်လှစ်သူမှာ အလ်ဟဂ်ျမောင်လာနာ ကာရီမုဖ်သီ ယူစွဖ်အတ်ဆ်အဒီ ဖြစ်သည်။ 
 
ဆရာကြီး၏ တစ်သက်တာ ဆောင်ရွက်ခဲ့သည်များမှ အရေးပါသည့် ဆောင်ရွက်ချက်အချို့
၁။ ဆရာကြီးသည် စာနယ်ဇင်း၏ဩဇာကိုသိသည်။ စာနယ်ဇင်းဖြင့် သာသနာ့အကျိုးပြုလိုသည်။ သို့နှင့် ရဟ်ဗရ် ခေါ် မျိုးညွန့် လစဉ်မဂ္ဂဇင်း ကို မြန်မာအူရဒူ နှစ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။ 
မြန်မာပိုင်း အယ်ဒီတာများသည် ဦးလှသိန်းနှင့် ဆရာမြတို့ဖြစ်ပြီး အူရပိုင်းအယ်ဒီတာများမှာ အပ်ဟဘီဘူလ္လာဟ်နဒဝီ၊ အဗ်ဒုလ်ဝလီ မဇွာ ဟိရီ၊ အဟ်မရ် ရန်ကွန်နီနှင့် ယူစွဖ်မိလာဒီတို့ ပါဝင်သည်။
မဂ္ဂဇင်းမှာ ၈ ချိုးအရွယ်ဖြစ်ပြီး အဖိုးနှုန်းမှာ တစ်စောင်တစ်ကျပ် ဖြစ်သည်။ ၅၈၁ ဒါလဟိုဇီလမ်း (မဟာဗန္ဓုလလမ်း)မှထုတ်ဝေပြီး အမှတ် ၁၈၃၊ ၃၂ လမ်းတွင် မစ္စတာ အီးအီးမမ်ဆာက ပုံနှိပ်သည်။ ထုတ်ဝေသူ အမည်ကို မောင်လာနာ ဘရှီရုလ္လာ ဟု ဖော်ပြထားသည်။
မဂ္ဂဇင်း၏သဘောသဘာဝကို သိရှိနိုင်ရန် မျိုးညွန့်မဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၄ ကို လေ့လာတင်ပြပါသည်။ မဂ္ဂဇင်းပါနေ့စွဲမှာ ဟစ်ဂျရီ ၁၃၆၆ ခု ရဘီအွတ်ဆာနီလ၊ ၁၉၄၇ ခု မတ်လ ဖြစ်သည်။ မြန်မာစာ စာမျက်နှာ ၂၀၊ အူရဒူ စာမျက်နှာ ၂၄ မျက်နှာပါဝင်သည်။ နှစ်ပိုင်းလုံး တွင် ကြော်ငြာများ ပါဝင်သည်။ 
အူရဒူကဏ္ဍတွင် အယ်ဒီတာများအပြင် အီး အီး ကာကား ဟာဖစ် ဆွာလေ မဇွာဟိရီ(အမီရ်ချုပ်) အရှရဖ်ရန်ကွန်နီ စရ်ဒါရ်ဂျလီလီ ရှေ့ရ် ကိုတီး၊ ရိုင်းဖရေးဆင်းဂ် နှင့် ဆရာဆူလေမန်တို့၏ ဆောင်းပါးများ၊ ကဗျာများပါဝင်သည်။ ထိုတွင် အီးအီး ကာကာရေးသားသော မြန်မာပြည် ရှိ မွတ်စလင်မ်များ(၁၈၇၃ ခုမှ ၁၉၃၁ခုနှစ်ထိ) ဆောင်းပါးသည် အူရဒူ စာဖတ်ပရိသတ်အကြိုက်ဖြစ်မည်ဟု ယူဆရသည်။
မြန်မာစာပိုင်း အယ်ဒီတာအာဘော်နိဂုံးတွင် 
ဤမဂ္ဂဇင်း ကြီးပွား ထွန်းကားရေးကို မိမိဝတ္တရား အောင်းမေ့၍ မဂ္ဂဇင်းကို ကိုယ်တိုင်ဝယ်ပြီး အများ မွတ်စလင်မ် အမျိုးသား၊ အမျိုးသမီးများကို တိုက်တွန်း ပြီး ငွေအား ဆောင်းပါးအားဖြင့် ကူညီအားပေးခဲ့ပါလျှင် မကြာမီ ဤမဂ္ဂဇင်းအတွက် ကိုယ်ပိုင်စာပုံနှိပ်တိုက်ဖြစ် ရန် မခဲယဉ်းချေ။
ဟု နှိုးဆော်ထားသည်။
ဆရာ နူရ်မိုဟမ္မဒ်၏ ]ဒို့ဘာသာ}ဟူသော ဆောင်းပါးတွင် မြန်မာ နိုင်ငံရောက် ရှေးဦးမွတ်စလင်များအကြောင်း ဖော်ကျူးထားသည်မှာ-
မြန်မာသက္ကရာဇ် ၉၇၃-ခုနှစ် အင်းဝမင်းဆက် စနေမင်း လက်ထက်ကတည်းက ဒို့ဘာသာဝင် မွတ်စလင်မ် လူမျိုး ၃၇၀ဝ မြန်မာဘုရင်ထံ ကျွန်တော် မျိုးခံဝင်ရန် (၁)ကာသွီရွှေဝါ (၂) ကာသွီရွှေဒုန်း (၃) ကာသွီပန်းဝါ (၄) ကာသွီမြတ်ကြာ၊ ဆရာကြီး မင်းနား နရပ်၊ မင်းနားနာဝါ ဟရပ် မင်းသီဟရမိ မင်းနေမျိုး ဂုဏ်မြတ်တို့နှင့် လူအပေါင်း ၃၇၀ဝ ဆရာကြီး အမတ် ကြီးများပါ ရခိုင်ပြည် ဓညဝတီမြို့မှ မြန်မာပြည်သို့ ဝင်ရောက်လာကြပါသည်။ ဤကဲ့သို့ဝင်ရောက်လာပြီး နှစ်ပေါင်းများစွာ နေထိုင်၍ ၁၂၉၅-ခုနှစ် တော်သ လင်းလတွင် မြန်မာဘုရင်မင်းမြတ်ထံ 
]ဘုန်းသမ္ဘာရှင် ဘုရင်မင်းမြတ်ထံ အလံရိပ်၌ ကျွန်တော်မျိုး ခံဝင်ရောက်လာသော လူမျိုးများကို စားမြဲ၊ နေမြဲ၊ စမုံမြေတာ၊ လယ်ယာကိုင်းကျွန်း ပေးသနားတော်မူပါမည့်အကြောင်း သံတော်ဦးတင် လျှောက်ကြသောအခါ ဘုရင်မင်းမြတ်က-
ငါ၏ဘုန်းရှိန်ကြောင့် အလံတော်ရိပ်သို့ ရောက် လာကြသော အစ္စလာမ်လူမျိုးများ၊ မင်းတို့ပါရင်း ဆရာကြီးများနှင့် လေးစု လေးသင်းခွဲ၍ အင်းဝမြို့၌ တစ်သင်း၊ ရမည်းသင်းမြို့၌တစ်သင်း၊ မြေထူးမြို့၌ တစ်သင်း၊ ခင်သာမြို့၌တစ်သင်း သွားရောက်နေထိုင် ကြပြီး တော်သင့်ရာ ဆရာကြီး အမတ်ကြီးများ အုပ် ထိန်း၍ လယ်ယာကိုင်းကျွန်းများ လုပ်ကိုင်စားသောက် ကြပါ။ ゞင်းပြင် မူလကိုးကွယ်ရင်း ဘာသာအတိုင်း ကျင့်ဆောင်နေထိုင်ကြပြီး ကာလ ဒို့တိုင်းရင်းသားများ နှင့်မခြား တိုင်းမှုပြည်မှု ゞင်းမှုတော်ဝတ္တရားများ ဆိုင်ရာ ဆိုင်သင့်ထမ်းရွက်ကြစေဟု ဘုရင်မင်းမြတ်ကိုယ်တော် တိုင် မိန့်ြွမက်တော်မူသည်။
ထို့နေ့မှစ၍ ဘာသာဝင် မွတ်စလင်လူမျိုး ၃၇၀ဝတို့ သည် ကောင်းမွန်ကာ စည်ပင်သာယာစွာနေထိုင် လုပ်ကိုင် စားသောက်ကြလေသည်။
ဟူ၍ ဖြစ်သည်။
မျိုးညွန့်မဂ္ဂဇင်း မြန်မာစာကဏ္ဍတွင်-
-မာစတာရှေ့ခ်အလီဆပ်၏ ကမ္ဘာပေါ်၌ ထွန်းပေါ် လာသော အရာဝတ္ထု
- ယခင်အပတ်မှ အဆက်ဖြစ်သော ဪသာ် အချစ်
- ဝ္ဏဏရေး ထောင်ဆု
- မောင်ကိုဂဖာရီရေး ဂေါ်ဆုလ်-အာဇမ် အဗ်ဒူလ် ကာဒေရ် ဂျီလာနီ သခင်ကြီး
- ဆရာမ ကရီမာ ဂဖါရီ၏ ဒို့တာဝန်
- မာစတာ ရှေ့ခ်အလီ၏ အသိÓာဏ်နှင့်
- ယခင်အပတ်က အဆက်ဖြစ်သော (တမန်တော်) မုဟမ္မဒ်၏ ထေရုပ္ပတ္တိအကျဉ်း ဆောင်းပါးများ ပါရှိသည်။
ရဟ်ဗရ်ခေါ် မျိုးညွန့် မဂ္ဂဇင်းသည်အခြေအနေအရ ရပ်ဆိုင်းသွား သော်လည်း ဆရာကြီးသည် စာနယ်ဇင်းဖြင့် သာသနာ့အကျိုးပြု လုပ်ငန်းကို စိတ်ဝင်စားဆဲဖြစ်သည်။ ၁၉၅၀ခု၊ ဒီဇင်ဘာ ၂၃ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သော မွတ်စလင် အပတ်စဉ်စာစောင် ဝါဒကြီးကြပ်ရေး အဖွဲ့တွင် ဆောင်ရွက်ခဲ့ပါသေးသည်။ မွတ်စလင်အပတ်စဉ်ကို အိုလမာ အဖွဲ့ဥက္ကဋ္ဌကြီး မောင်လာနာ အိဗ်ရာဟင်အဟ်မဒ် မဇွာဟေရီတို့က ထုတ်ဝေခြင်းဖြစ်သည်။ (မွတ်စလင်အပတ်စဉ်အကြောင်းကို တိုင်းရင်း မွတ်စလင်မ်စာပြုစာဆိုများ ဒုတိယတွဲ စာ ၄၂၀မှ ၄၃၀တွင် တင်ပြပြီး ဖြစ်သည်။)
၂။ ဂျမီယသုလ်အုလမာ (အိုလမာအစ္စလာမ် သာသနာ့ ပညာရှင်များ အဖွဲ့ချုပ်တွင် ဒုတိယဥက္ကဋ္ဌ တာဝန်ကို ၁၉၄၆ ခုနှစ်မှ ကွယ်လွန်သည့် နှစ် ၁၉၈၄ အထိ ၃၈နှစ်တိုင် တာဝန်ယူဆောင်ရွက်ခဲ့သည်။
၃။ မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးအဖွဲ့(ျှူုောငခှသခငနအပ)မှ ထုတ်ဝေသော ကုရ်အာန်အလင်းပြကျမ်း တည်းဖြတ်ရေးအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်သည်။ အစောင် ၃ ပြုစုသည့် ၁၉၅၅-ခုမှစ၍ ၁၉၆၇ ဒီဇင်ဘာ ၂၉ ရက်နေ့အထိ ပါဝင်တည်းဖြတ်ပေးခဲ့သည်။
၎။ သာသနာ့ပညာရှင်များအကြား သဘောကွဲလွဲသော ]ဆွအ်} (အခြင်အတွယ်ခံခွက်) သတ်မှတ်ရေး ကိစ္စအတွက် ခုံသမာဓိပညာရှင် နာယက အဖြစ် ၁၉၈၁ခုနှစ်က မိတ္ထီလာမြို့၌ စီရင်ထုံးပြုပေးခဲ့သည်။
၅။ ပျော်ဘွယ်မြို့ အရဗီတက္ကသိုလ် နောက်ဆုံးနှစ်သင်တန်းသားများ အား ပထမဆုံး သင်ခန်းစာပို့ချပေးခဲ့သည်။ ထိုစဉ်ကျောင်းအုပ်ကြီး နှင့် ဟဒီးဆ်တန်းပြ ပါမောက္ခဆရာကြီးများအပြင် မောင်လာနာများ တက်ရောက်ကြားနာကြသည်။ 
၆။ နှစ်စဉ် အပန်းဖြေခရီးထွက်သည့်အခါ ရှေးဟောင်းသမိုင်းပြတိုက်၊ ပေ၊ ပုရပိုက်ထိန်းသိမ်းရာ စာကြည့်တိုက်များသို့ အခါအခွင့်သင့်သလို ဝင်ရောက်ပြီး အစောပိုင်းမြန်မာနိုင်ငံ သမိုင်း၌ အစ္စလာမ်ဘာသာ၏ ယဉ်ကျေးမှုအငွေ့အသက်များ ပျံ့နှံ့ပုံကို လေ့လာသည်။
၇။ ဘာသာရေးကျောင်းများသို့ သွားရောက်ကာ ကြည့်ရှုစစ်ဆေးခြင်း၊ သင်ရိုးပြင်ဆင်ပေးခြင်း၊ ပြဿနာများကို ဖြေရှင်းပေးခြင်း၊ လိုအပ်သည်များ ကို လမ်းညွှန်မှတ်တမ်းရေးခြင်း၊ နောက်ဆုံးဆင့် ဗုခါရီသင်ခန်းစာပို့ချခြင်း များကို ဆောင်ရွက်သည်။
၈။ ဗလီဝတ်ကျောင်းတော်များတွင် နေ့ကြီးရက်ကြီးများ၌ တရား ဟောကြားခြင်း၊ အမျိုးသား အမျိုးသမီးတရားပွဲများ၌ အူရဒူမြန်မာ နှစ်ဘာသာဖြင့် ဟောကြားခြင်းများကို ပြုလုပ်ပေးသည်။
၉။ ဒုက္ခသည်များကို ဖေးမကူညီခြင်း၊ လူနာများကို ဒုအာကျင့်နည်း ကုထုံးများဖြင့် ကုသပေးခြင်းတို့ကို ဆောင်ရွက်သည်။
 
ရေးသားပြုစုခဲ့သော စာစုစာရင်း
၁။ ဒိုးနဗီ
နဗီဆွာဒစ်က်နှင့် နဗီကာဇစ်မ်(အူရဒူဘာသာ)
၁၉၅၇-ခု၊ ဇူလိုင်လထုတ်၊ ရန်ကုန်မြို့
နဗီအဖြစ် လိမ်ညာထွက်ဆိုသူနှင့် မွတ်စလင်တို့၏ နဗီအစစ် အကြောင်း တင်ပြသည်။
၂။ ဗရှီရုဒ်ဒုရာရီ လိမိုင်န်ယူသွာလိအုလ် ဂျာမိအုလ်ဗုခါရီ (အူရဒူ ဘာသာ)
ဗုခါရီအဖွင့်ကျမ်း၊ ဆရာကိုင် လက်ရေးမူဖြစ်သည်။
၃။ အမလီယာသ် (အူရဒူဘာသာ)
တရားကျင့်စဉ်များ၊ အင်းအိုင်လက်ဖွဲ့၊ လျှို့ဝှက်ဆန်းကြယ်ချက် များ အကြောင်းစုံကို ရှင်းလင်းရေးသားထားသည့် ကိုယ်ပိုင်မှတ်တမ်းများ ဖြစ်သည်။ (အူရဒူ၊ ဖာရစီ၊ အရဗီလက်ရေးမူ)
၎။ ဟဒီးဆ်ဖွိကဟ်ကျမ်း (အူရဒူဘာသာ)
တန်းမြင့်သင်ရိုးအတွက် ပို့ချချက်များကို စုစည်းထားသည့် လက်ရေးမူ ကျမ်း ၁၃ ကျမ်းဖြစ်သည်။
၅။ ဟုကုကုလ်ဗိုင်းသ် (အိမ်တွင်းရေး)
အိန္ဒိယပြည်မှ ကျော်ကြားသော သူတော်စင်ကြီး မောင်လာနာ အရှ်ရဖ်အလီထာနဝီ သခင်၏ မိန့်ခွန်း ဟိုကူကွလ်ဗိုင်းသ်ကို သဗ်လီဂ် အဖွဲ့၏ ညွှန်ကြားချက်ဖြင့် မြန်မာပြန်ဆိုခြင်းဖြစ်သည်။
အိမ်တွင်းရေးနှင့်အထူး သက်ဆိုင်နေသည့် အမျိုးသမီးများ အထူး အာရုံစူးစိုက်ကြလိမ့်မည်ဟု မျှော်လင့်ထားသည်။
ကမ္ဘာ့အလင်းမဂ္ဂဇင်းတွင် ၁၉၅၆ခု၊ နိုဝင်ဘာလမှ ၁၉၅၇ မေလ အထိ ထည့်သွင်းဖော်ပြထားသည်။ လုံးချင်းထုတ်ဝေနိုင်သည့် အခန်းဆက် စာမူဖြစ်သည်။
၆။ ဟဒီးဆ်ဗျူဟာ  အကြောင်းခြင်းရာများနှင့် ဟဒီးဆ်ပါရဂူ အိမာမ် ဗုခါရီ အတ္ထပ္ပတ္တိဆိုင်ရာ အမှတ်အသားများ မြန်မာပြန်ကို ဆရာကြီးကွယ်လွန်ပြီး ၂၀ဝ၁ ခုနှစ်တွင် ကံစာပေ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ရန်ကုန်မြို့မှ ထုတ်ဝေသည်။
အဆိုပါစာအုပ်ကို ဆရာကြီး၏သား အလ်ဟဂ်ျ မောင်လာနာ မုဟမ္မဒ် စလီမွလ္လာဟ် ဦးမိုးနိုင်(မဟ်မူဒီ)က စီစဉ်တင်ဆက်ခြင်းဖြစ်သည်။
နောက်ဆက်တွဲတွင် ပြည်မြန်မာမှ ဆရာ့ဆရာ ရှိုက်ခုလ်ဟဒီးဆ် အလ်ဟဂ်ျမောင်လာနာ မုဟမ္မဒ်ဗရှီရွလ္လာဟ်(မဇာဟိရီ)၏ ဘဝမှတ်တမ်း ပညာခန်းခေါင်းစဉ်ဖြင့် ဆရာကြီး၏ အတ္ထုပ္ပတ္တိကို သားဖြစ်သူက ဖော်ကျူး ထားသည်။
 
ပါမောက္ခ ဒေါက်တာ အောင်ဇော်