THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အစ္စလာမ်အဖွဲ့အစည်းများထံ လာရောက်ဆွေးနွေး

သာသနာရေးဝန်ကြီးဦးဆန်းဆင့် အစ္စလာမ်အဖွဲ့အစည်းရုံးခန်းသို့ လာရောက်ပြီး အစ္စလာမ်ဘာသာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ရန်ကုန်။     ။ (၂၇-၂-၂၀၁၃) ရက်နေ့ နေ့လယ်(၂)နာရီတွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သရေစည်သူ ဦးဆန်းဆင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ရန်ကုန်မြို့၊ ဗိုလ်ဆွန်ပက်လမ်း၊ အမှတ်(၁၈၃)ရှိ အစ္စလာမ် သာသနာရေးရာ ကောင်စီ ဌာနချုပ်ရုံးသို့ လာရောက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ ကြီး၏ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

 

၎င်းတွေ့ဆုံပွဲသို့ အိုလမာ-အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်

 

  •  ဒု-ဥက္ကဋ္ဌ အလ်ဟာဂ်ျ မောင်လာနာ ဦးသိန်းမြင့်၊
  •  ဗဟိုအမှုဆောင် အလ်ဟာဂ်ျ ဦးကျော်ငြိမ်း၊

အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်

  •  ဒု-ဥက္ကဋ္ဌ (အန်ဆွာရီနှင့် လူငယ်ရေးရာ) ဦးစိုးလွင်၊
  •  အတွင်းရေးမှူးချုပ် အလ်ဟာဂ်ျဦးတင်မောင်သန်း၊
  •  တွဲဖက်အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေ၊

မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လ၀ီ အဖွဲ့ဌာနချုပ်

  •  ဥက္ကဋ္ဌ အလ်ဟာဂ်ျ မုဖ်သီ စအီဒွလ္လာဟ်(ခ)ဆရာကြီး ဦးစိန်လှ ၊
  •  ဒု-ဥက္ကဋ္ဌ အလ်ဟာဂ်ျ ဦးခင်မောင်မြင့်၊
  •  အထွေထွေအတွင်းရေးမှူးချုပ် အလ်ဟာဂ်ျ ဦးကျော်စိုး၊

မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့ မ-မ-လဌာနချုပ်

  •  ဥက္ကဋ္ဌ အလ်ဟာဂ်ျ ဦးမြင့်ထွန်း၊
  •  အတွင်းရေးမှူးချုပ် အလ်ဟာဂ်ျ ဦးလှဝင်း၊
  •  ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်ကြူး၊

မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ်(မ-အ-ဖ)ဌာနချုပ်

  •  ဥက္ကဋ္ဌ ဟာဂျီ ဦးလှဝင်း၊
  •  တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မောင်မောင်၊
  •  စည်းရုံးရေးမှူး ဦးခင်မောင်လွင်တို့တက်ရောက်ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် အခမ်းအနားမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးအောင်ကြည်က ဆောင်ရွက်ခဲ့ပြီး ဦးစွာ တက်ရောက်လာသူများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပါသည်။

၎င်းနောက် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မိုးရွှေက အစ္စလာမ်အဖွဲ့ ကြီး (၅)ဖွဲ့ ၏ ရည်ရွယ်ချက်၊ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များအား ပြည်ထောင်စုဝန်ကြီးအား ရှင်လင်းတင်ပြပါသည်။

၎င်းနောက် အိုလမာအဖွဲ့ ချုပ် ဒု-ဥက္ကဋ္ဌ အလ်ဟာဂ်ျ မောင်လာနာ ဦးသိန်းမြင့် ၊ အစ္စလာမ်ကောင်စီဌာနချုပ် တွဲဖက်အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေ၊ မော်လ၀ီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် အလ်ဟာဂ်ျ ဦးကျော်စိုး၊ မ-မ-လဌာနချုပ်ဥက္ကဋ္ဌ အလ်ဟာဂ်ျ ဦးမြင့်ထွန်း၊ မ-အ-ဖဌာနချုပ် ဥက္ကဋ္ဌဟာဂျီ ဦးလှဝင်းနှင့် အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်တို့က နိုင်ငံသား စိစစ်ရေးကတ်ပြားကိစ္စ၊ နိုင်ငံသားအခွင့်အရေးကိစ္စ၊ ဗလီဝတ်ကျောင်းတော်များ ဘာသာရေးစာသင်ကျောင်းများ သာသနိကအဆောက်အအုံများနှင့် သာသနာမြေများကိစ္စ၊ အစ္စလာမ်ဘာသာနှင့် အစ္စလာမ်ဘာသာဝင်များအပေါ် အထင်အမြင်လွဲမှားနေသည့်ကိစ္စ၊ တရားဥပဒေစိုးမိုးရေးကိစ္စ၊ ဘာသာပေါင်းစုံချစ်ကြည်စည်းလုံးရေးကိစ္စ ၊ ၀ါဒတစ်ခုနှင့်တစ်ခု၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အနိုင်ကျင့်နေကြသည်များကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်ပါဝင်သည့် အတိုင်း ဥပဒေပြုပေးဖို့ များကို တင်ပြဆွေးနွေးခဲ့ပါသည်။ သာသနာရေး ၀န်ကြီးမှလည်း ယခုအချိန်သည် ကြိုးစားဆဲကာလဖြစ်၍ အချိန်ခဏစောင့်ဆိုင်းကြရန်နှင့် အစ္စလာမ် ဘာသာရေးအဖွဲ့များတွင် ကိစ္စကြီးငယ်ရှိခဲ့လျှင် ၀န်ကြီးထံသို့ တိုက်ရိုက် ဆက်သွယ်လို့ရနိုင်ပြီး အစ္စလာမ် ဘာသာဝင်အများရဲ့ ကိစ္စရပ်များဆောင်ရွက်ရန် သီးသန့်တာဝန်ခံ တယောက်ထားရှိမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရပါသည်။

 

၎င်းနောက် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သရေစည်သူ ဦးဆန်းဆင့်က နိုင်ငံတော်အစိုးရ၏ တရားဥပဒေစိုးမိုးရေးအလေးထားဆောင်ရွက်နေမှုများနှင့် သာသနာရေး ၀န်ကြီးဌာန၏ ရည်ရွယ်ချက်၊လုပ်ငန်းစဉ်များကို အကျယ်တ၀င့် ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ညနေ(၅)နာရီတွင် အစ္စလာမ်ကောင်စီ ဌာနချုပ်ရုံးမှ ပြန်လည် ထွက်ခွာသွားပါသည်။