THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ရေဘေးသင့် ပြည်သူများ ပံ့ပိုးကူညီရေးကော်မတီ အတွင်းရေးမှူး၏ ပန်ကြားချက်

ရေဘေးဒုက္ခသည်တွေကို အစ္စလာမ့်သွန်သင်ချက်အတိုင်းကူညီကယ်ဆယ်နိင်ဖို့ မြန်မာနိင်ငံလုံးဆိုင်ရာ အစ္ဖ္စလာမ်ဘာသာရေးအဖွဲ့ကြီး ရေဘေးဒုက္ခသည်များကူညီထောက်ပံရေးကော်မတီကို စတင်ဖွဲ့စည်းပြီး သြဂုတ်လ ၃ ရက်နေ့မှာ ကနဦးစတင်လှုဒါန်းမှုပြုလုပ်တော့မှာဖြစ်တယ်လို့ အဆို်ပါအဖွဲ့အတွင်းရေးမှူးဦးတင်မောင်သန်းက Myanmar Muslim Media ကိုပြောကြားလိုက်ပါတယ်။အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ရေဘေးဒုက္ခသည်များကူညီထောက်ပံ့ရေးကော်မတီ အတွင်းရေးမှူး ဦးတင်မောင်သန်းရဲ့ ပြောကြားချက်

အပြည့်အစုံကိုအောက်ပါအတိုင်းကြည့်ရှု့နိင်ပါတယ်။

 

တနိုင်ငံလုံးမှာ ရေကြီးနေတယ် လူတွေအများကြီးဒုက္ခရောက်နေတယ် ဒါကိုကူညီဖို့အတွက်ကို ဒီကော်မတီကိုဖွဲ့တာပေါ့နော် ။ အစားအသောက်နဲ့ ဆေးဝါးကို လိုအပ်တဲ့နေ

ရာတွေကို လိုက်ပြီးတော့ပေးဝေမယ်ပေါ့ မနက်ဖြန်ပစ္စည်းစုရမယ်ပေါ့နော်။ သဘက်ခါ သြဂုတ်လသုံးရက်နေ့ကိုစပြီးတော့ ပေးဝေမယ်။ အခုကနဦး ကောက်ခံရရှိတာကတော့ သိန်းထောင့်နှစ်ရာရှိပြီပေါ့နော်။ ဒီသိန်းထောင့်နှစ်ရာကိုမတည်ပြီးတော့ စပြီးတော့ လုပ်ငန်းစမှာပေါ့လေ။

အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတွေက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေရယ် ပြင်ပကနေပြီးတော့ ပရဟိတလုပ်ငန်းတွေကို စိတ်ဝင်စားတဲ့ NGO တွေရယ် တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရယ် နောက်အခြားတစ်သီးပုဂ္ဂလဒီလုပ်ငန်းမှာ ပူးပေါင်းပါဝင်လိုတဲ့ စိတ်တူကိုယ်တူရှိတဲ့ပုဂ္ဂိုလ်တွေပေါင်းပြီးတော့ စုစည်းဖွဲ့စည်းတာပေါ့နော်။

အခုရေကြီးတဲ့အတွက် လူတော်တော်များများဒုက္ခရောက်နေတယ် ဒီဒုက္ခရောက်တဲ့လူတွေကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကူညီဖို့ အတွက်ကို အစ္စလာမ်သာသနာက သွန်သင်ထားတယ် ဒီသွန်သင်ချက်နဲ့အညီ ကျွန်တော်တို့က ဒုက္ခရောက်တဲ့လူတွေကို အတတ်နိုင်ဆုံးအစွမ်းကုန်ကူညီမယ်ပေါ့နော်။

ဒီလိုကူညီတဲ့နေရာမှာ လူမျိုးဘာသာမခွဲခြားပဲနဲ့ဒုက္ခအရောက်ဆုံးလူတွေကို ဦးစားပေးပြီးတော့ ကျွန်တော်တို့ အစွမ်းကုန်ကူညီသွားပါ့မယ်..။ အခုဒီအလှူနဲ့ ပတ်သတ်ပြီးတော့ မွတ်စလင်အားလုံးက တတ်တတ်ကြွကြွနဲ့ပါဝင်လှူဒါန်းဖို့ လှူဒါန်းတဲ့နေရာမှာလဲငွေကြေးရော ပစ္စည်းပစ္စယတွေရော လှူဒါန်းလို့ရပါတယ်။

အလှူကို အိုလမာဌာနချူပ်ရုံးခန်း အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်ရုံးခန်းနဲ့ အစ္စလာမ်ဘာသာရေးအဖွဲ့စည်း ရုံးခန်းတွေမှာလဲ လှူလို့ရပါတယ်။ တစ်ခြမ်းပဲ့ဗလီမှာလဲ လှူလို့ရပါတယ် အခြားဗလီတွေမှာလည်းပဲ အလှူလက်ခံဖို့ကိစ္စကို ဆက်လက်စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီအလှူမှာ အားလုံးတက်တက်ကြွကြွနဲ့

ပါဝင်လှူဒါန်းကျဖို့ဖိတ်ခေါ်ပါတယ်။

ကိုပေါက်(Myanmar Muslim Media CJ)