THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

ရသေ့တောင်က ဆန္ဒပြပွဲ

ရသေ့တောင်က ဆန္ဒပြပွဲ

စက်တင်ဘာ ၇ ရက်နေ့က ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဒုတိယ ဝန်ကြီး ဦးခင်မောင်တင်တို့ ဦးဆောင်ပြီး ရသေ့တောင်၊ မောင်တောနဲ့ ဘူးသီးတောင်ကို သွားရောက်တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ယာဉ်တန်းကို ရသေ့တောင်မြို့မှာ လူတစ်ထောင်ခန့်က ဆန္ဒပြခဲ့ကြပါတယ်။

တကယ်တော့ ဒီအဖွဲ့ဟာ ဒေသခံပြည်သူတွေရဲ့ လက်ရှိအခက်အခဲနဲ့ ခံစားချက်တွေကိုနားဆင်ပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့နဲ့ ရခိုင်တိုင်းရင်းသားနဲ့ မွတ်စလင်တွေအကြားက မုန်းတီးမှုတွေကို လျော့ပါးရေးအတွက် သွားရောက်တဲ့ သင့်မြတ်ရေးခရီးစဉ် ဖြစ်ပါတယ်။ ဆန္ဒပြပွဲကို မမျှော်လင့်ပဲ ကြုံလိုက်ရတဲ့ ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့ဝင်တွေဟာ တအံ့တသြဖြစ်ကြသလို စိုးရိမ်ပူပန်မှုတွေလည်း ပေါ်ခဲ့ကြပါတယ်။

ရသေ့တောင်မြို့ဟာ ရခိုင်တိုင်းရင်းသား အများစု နေထိုင်တဲ့မြို့ပါ။ တကယ်တော့ အထင်အမြင်လွဲမှားမှုတွေ ပေါ်ပေါက်ခဲ့ခြင်းပါပဲ။ ရခိုင်တိုင်းရင်းသားတွေကို နိုင်ငံရေးသမားတချို့က သွေးထိုးမြှောက်ပင့်ပေးခဲ့လို့ ဆန္ဒပြခဲ့ကြတာဖြစ်ကြောင်း နောက်ပိုင်းမှာသိရပါတယ်။

ဗုဒ္ဓဟူးနေ့ညမှာ နိုင်ငံရေးပါတီတစ်ခုကလို့ ယူဆရသူတွေက မနက်ဖြန်မှာ ဘင်္ဂါလီကုလားတွေလာမယ်။ မြို့ခံတွေအားလုံး ဒန်အိုးတွေကို တုတ်နဲ့ရိုက်ပြီး ဆန္ဒပြရမယ်လို့ အသံချဲ့စက်ကို ဆိုက်ကားမှာတပ်ပြီး လိုက်လံလှုံ့ဆော်ခဲ့တယ်လို့ ဒေသခံတချို့က RFA ကို ပြောပါတယ်။ အခုသွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့က ခရစ်ယာန်ဘာသာဝင် ဒေါက်တာ သာဥာဏ်၊ ဒေါက်တာတင်လှနဲ့ နော်ဆန်ဒရာ လူးနီတို့ ပါဝင်သလို အစ္စလာမ်သာသနာ့ရေးရာကောင်စီ ဥက္ကဌ ဦးညွန့်မောင်ရှိန်နဲ့ အတွင်းရေးမှူးချုပ် ဦးဝဏ္ဏမောင်ရွှေ စသူတွေ ပါဝင်ပါတယ်။

https://www.facebook.com/rfaburmese/videos/10156611505538128/?hc_ref=ARSx_Uz87pUdlzpH03yWRNtdIHn9OVRZATFVsX6NV6p4G9bEI5szJKacYHt-BIWcl5s