THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

PDF File များ Download ပြုလုပ်နည်း Youtube Link

About IRAC

Islamic Religious Affair’s Council’s goal is to be a perfect Muslim & a true and faithful National and citizen based on the dignity and glory of our forefathers as in the history of the past.

Our Mission

To represent as an Islamic organization on behalf of Muslims residing in Myanmar. To establish unity among Myanmar Muslims To establish understanding, mutual respects sympathy and friendships between Myanmar Muslims and other faiths. To solve the problems if any, as and when arises in connection with Islamic affairs according to teaching and decisions of Islamic Religions and to harmonize with nation’s historical and cultural aspects.            

Description

Union Of Myanmar Islamic Religious Affair's Council Member Organization of RISEAP Objectives of the Organization To give ways and means to those who Profess Islam: religious ways of practice, the teachings and thoughts a bout Islam.

ကျမ်းမြတ်ကုရ်အာန် ( ၁ - ၁၅ )

ကျမ်းမြတ်ကုရ်အာန် ( ၁၆ - ၃၀ )

အစ​ၥ​လာ​မ​္ေ​ကာင္စီ​ေ​ဆာင္ရြ​က​္ေ​န​သ​ည့် လုပ်င​န်း​စဉ်များ

ရည်မှန်းချက်ပန်းတိုင်ပေါက်မြောက်အောင်မြင်စေရန် ရည်သန်လျက် အောက်ပါလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။

 

၁။  ကျမ်းဂန်စာအုပ်စာတမ်းများပြုစုထုတ်ဝေခြင်း

၂။  အစ္စလာမ့်စာစောင်နှင့် အစ္စလာမ့်သတင်းလွှာထုတ်ဝေခြင်း

၃။  အစ္စလာမ့်ပြက္ခဒိန်ရိုက်နှိပ်ထုတ်ဝေခြင်း

၎။  ဆန်းဦးစ လ သတင်းစိစစ်ထုတ်ပြန်ခြင်း

၅။  ဟဂ်ျ စိစစ်ရေးကော်မတီတွင် ပါဝင်ဆောင်ရွက်ခြင်း

၆။  အစ္စလာမ့်ဓမ္မသတ်အဆုံးအဖြတ်ပြုလွှာများထုတ်ပြန်ခြင်း

၇။  အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း

၈။  အစ္စလာမ့်ဒေသနာနှိုးဆော်လွှာများထုတ်ပြန်ခြင်း

၉။  ဘာသာရေးအခမ်းအနားများကျင်းပခြင်း

၁၀။ ထောက်ခံစာများ စိစစ်ထုတ်ပေးခြင်း

၁၁။ ဟလာလ်အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်း

၁၂။  သင်တန်းများဖွင့်လှစ်ခြင်း

၁၃။  အစ္စလာမ့်ပညာရှင်များမွေးထုတ်ခြင်း

၁၄။ အလုပ်ရုံဆွေးနွေးပွဲ၊နှီးနှောဖလှယ်ပွဲ၊စာတမ်းဖတ်ပွဲများကျင်းပခြင်း

၁၅။ လူမှုအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း

၁၆။ နိုင်ငံတော်သို့ အစ္စလာမ့်ရေးရာကိစ္စရပ်များ တင်ပြခြင်း

၁၇။ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

၁၈။ နိုင်ငံတကာညီလာခံများသို့ တက်ရောက်ခြင်း

 

၁။ ကျမ်းဂန်စာအုပ်စာတမ်းများပြုစုထုတ်ဝေခြင်း

အစ္စလာမ်ကောင်စီဌာနချုပ်တွင် ကျမ်းပြုကော်မတီတစ်ရပ်ဖွဲ့စည်းထားရှိ၍

၎င်းကျမ်းပြုကော်မတီက ပြုစုရေးသားပြန်ဆိုသော ကျမ်း စာအုပ်များနှင့်

၎င်းကော်မတီက စိစစ်တည်းဖြတ်ပြီးသော စာအုပ်စာတမ်းများကိုထုတ်ဝေလျက်ရှိပါသည်။

ကျမ်းဂန်စာအုပ်စာစဉ်(၇၈)အထိ ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။

 

၂။ အစ္စလာမ့်စာစောင်နှင့် အစ္စလာမ့်သတင်းလွှာထုတ်ဝေခြင်း

အစ္စလာမ့်စာစောင် အမှတ်(၈၉)အထိကို လည်းကောင်း၊ (၃၀)နှစ်မြောက်နှင့်

(၄၀)နှစ်မြောက်အထိမ်းအမှတ်စာစောင်ကို လည်းကောင်း၊ အခါအားလျော်စွာ

အစ္စလာမ့်သတင်းလွှာများကိုလည်းကောင်း ထုတ်ဝေလျက်ရှိပါသည်။

 

၃။ အစ္စလာမ့်ပြက္ခဒိန်ရိုက်နှိပ်ထုတ်ဝေခြင်း

နှစ်စဉ် အစ္စလာမ့်ပြက္ခဒိန် ပုံမှန် ရိုက်နှိပ်ထုတ်ဝေလျက်ရှိပါသည်။

 

၎။     ဆန်းဦးစ လ သတင်းစိစစ်ထုတ်ပြန်ခြင်း

အစ္စလာမ့်နေ့ရက်သတ်မှတ်မှုများသည် ဆန်းဦးစလထွက်ပေါ်မှုအပေါ်မူတည်သတ်မှတ်ရခြင်းဖြစ်သဖြင့် မြန်မာနိုင်ငံတစ်ဝန်း အနယ်နယ် အရပ်ရပ်မှ ပေးပို့လာသောဆန်းဦးစလသတင်းများကိုစိစစ်၍ အစ္စလာမ်သာသနာဝင်များသိရှိနိုင်ရန် ကြေညာချက် ထုတ်ပြန်ပေးခြင်းနှင့် အီဒုလ်အဒ်ွဟာအီးဒ်ပွဲတော်ရက်သည် အစိုးရရုံးပိတ်ရက်ဖြစ်သဖြင့် သာသနာရေးဝန်ကြီးဌာနသို့ အချိန်မီ လသတင်းပေးပို့ခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

 

၅။ ဟဂ်ျ စိစစ်ရေးကော်မတီတွင် ပါဝင်ဆောင်ရွက်ခြင်း

အစ္စလာမ်ကောင်စီစတင်ဖွဲ့စည်းသည့် (၁၉၅၄)ခုနှစ်မှ (၁၉၆၂)ခုနှစ်အထိ ဟဂ်ျကော်မတီကို

အစ္စလာမ်ကောင်စီတစ်ဖွဲ့တည်းအနေဖြင့် ဆောင်ရွက်ခဲ့ပါသည်။

(၁၉၈၀)ခုနှစ်နောက်ပိုင်း ဟဂ်ျကော်မတီကို အစ္စလာမ်ကောင်စီအပါအဝင်

အစိုးရအသိအမှတ်ပြုအဖွဲ့(၆)ဖွဲ့ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။

၎င်းနောက်သာသနာရေးဦးစီးဌာနကကမကထပြုဖွဲ့စည်းသော

ဟဂ်ျကော်မတီတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။    

(၂၀၁၄)ခုနှစ်မှစတင်၍ လွတ်လပ်စွာစီမံဆောင်ရွက်ခွင့်ရရှိသဖြင့်

ဈေးနှုန်းအသက်သာဆုံးနှင့် အမှန်ကန်ဆုံးဖြစ်အောင် ဆောင်ရွက်နိုင် ခဲ့ပါသည်။

မြန်မာဟာဂျီ(၂၈၀)ဦးအားတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သီးခြားစီပင်

အများရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ မဲနှိုက် ရွေးချယ်ပေးခဲ့ပါသည်။

ဟာဂျီတစ်ဦးလျှင် ကုန်ကျစရိတ်စုစုပေါင်းမှာ

(၂၀၁၄)ခုနှစ်အတွက် ကျပ်နှစ်ဆယ့်နှစ်သိန်းငါးသောင်း၊

(၂၀၁၅)ခုနှစ်အတွက် အမေရိကန်ဒေါ်လာ(၂၁၇၅)၊

(၂၀၁၆)ခုနှစ်အတွက် အမေရိကန်ဒေါ်လာ(၁၉၅၀)ဖြစ်ပါသည်။

 

 

၆။ အစ္စလာမ့်ဓမ္မသတ်အဆုံးအဖြတ်ပြုလွှာများထုတ်ပြန်ခြင်း

အစ္စလာမ်သာသနာဝင်အားလုံးနှင့်သက်ဆိုင်သောသာသနာရေးကိစ္စများတွင်လည်းကောင်း၊

အစ္စလာမ်သာသနာဝင်တို့အကြားဖြစ်ပွားလေ့ရှိသောအငြင်းပွားမှုများနှင့်စပ်လျဉ်း၍လည်းကောင်း၊

အစ္စလာမ့်တရားတော်အရအဆုံးအဖြတ်ပြုရန်အတွက်

တိုင်းဒေသကြီးနှင့်ပြည်နယ်အစ္စလာမ်ကောင်စီများတွင်အစ္စလာမ့်ဓမ္မသတ်ခုံရုံးများထားရှိပြီး

အစ္စလာမ်ကောင်စီဌာနချုပ်တွင်အစ္စလာမ့်ဓမ္မသတ်ခုံရုံးချုပ်ထားရှိကာ

သာသနာ့ပညာရှင်ဓမ္မသတ်မှူးများက အစ္စလာမ့်ဓမ္မသတ်အဆုံးအဖြတ်များထုတ်ပြန်လျက်ရှိပါသည်။

 

၇။ အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း        

အစ္စလာမ်ကောင်စီဌာနချုပ်နှင့်အစ္စလာမ်ကောင်စီခွဲအဆင့်ဆင့်တို့သည်

အစ္စလာမ်သာသနာဝင်တို့အကြားဖြစ်ပေါ်လေ့ရှိသော

အိမ်တွင်းရေးမပြေလည်မှု၊

အိမ်ထောင်ကွဲမှု၊

အမျိုးသမီးများအိမ်တွင်းအကြမ်းဖက်ခံရမှု၊

အမွေခွဲဝေမှု၊

ဗလီဝတ်ကျောင်းတော်ဂေါပကအဖွဲ့နှင့်

ဘာသာရေးအသင်းအဖွဲ့များတွင်အငြင်းပွားမှုစသည့်ကိစ္စရပ်များကို

ပြေလည်ပြေပျောက်အောင်အစ္စလာမ့်တရားတော်ဘောင်အတွင်းမှ

ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

 

၈။ အစ္စလာမ့်ဒေသနာနှိုးဆော်လွှာများထုတ်ပြန်ခြင်း

အစ္စလာမ့်နေ့ကြီးရက်ကြီးများနှင့် အစ္စလာမ်ကောင်စီက သတ်မှတ်ပြဋ္ဌာန်းထားသော

နှစ်ပတ်လည်နေ့ထူးရက်မြတ်များတွင် ဆောင်ရွက် အပ်သည်များကို

ဆောင်ရွက်ကြစေရန်အစ္စလာမ့်ဒေသနာနှိုးဆော်လွှာများကို နှစ်စဉ်ပုံမှန်တစ်နှစ်လျှင်

(၁၁)ကြိမ်မျှ ထုတ်ပြန်၍ ဆော်ဩ လျက် ရှိပါသည်။

 

၉။ ဘာသာရေးအခမ်းအနားများကျင်းပခြင်း

အစ္စလာမ်ကောင်စီအဆင့်ဆင့်ကပြုလုပ်ကျင်းပလျက်ရှိသော

နှစ်ပတ်လည်ဘာသာရေးအခမ်းအနားများမှာ

အောက်ပါအတိုင်းဖြစ်ပါသည်။

(က) အီးဒ်ဒုလ်ဖိသ်ွရ်- အီးဒ်ပွဲတော် - ရှောင်ဝါလ်လ(၁)ရက်

(ခ)  အီးဒ်ဒုလ်အဒ်ွဟာ - အီးဒ်ပွဲတော် - ဇုလ်ဟိဂ်ျဂျဟ်လ(၁၀)ရက်

(ဂ)  တမန်တော်နေ့   - ရဗီအုလ်အောင်ဝလ်လ(၁၂)ရက်

(ဃ) အစ္စလာမ့်နှစ်ဆန်း(၁)ရက်- မုဟရ်ရမ်လ(၁)ရက်

(င)  အာရှူရာနေ့  - မုဟရ်ရမ်လ(၁၀)ရက်

(စ)  မိအ်ရာဂ်ျညဥ့်မြတ်-ရဂျဗ်လ(၂၇)ညဥ့်

(ဆ) လိုင်လသုလ်ဗရာအသ်ညဥ့်မြတ်-ရှအ်ဗာန်လ(၁၅)ညဥ့်

(ဇ)  ဗဒရ်အောင်ပွဲနေ့- ရမဒွါန်လ(၁၇)ရက်

(ဈ) လိုင်လသုလ်ကဒရ်ညဥ့်မြတ်-ရမဒွါန်လနောက်ဆုံး(၁၀)ရက်အတွင်း

(ည) အန်ဆွာရီနေ့- ခရစ်နှစ်ဇွန်လ(၃)ရက်

(ဋ)  အစ္စလာမ့်အမျိုးသမီးနေ့-ဂျုမာဒဆ်ဆာနီလ(၂၀)ရက်

(ဌ)  အစ္စလာမ်ကောင်စီနေ့- ခရစ်နှစ်ဒီဇင်ဘာလ(၅)ရက်                                        

(ဍ)  ကွယ်လွန်သူအစ္စလာမ်ကောင်စီဝင်များအတွက်ဆုတောင်းသည့်နေ့-မြန်မာနှစ်ဆန်း(၁)ရက်

 

၁၀။ ထောက်ခံစာများ စိစစ်ထုတ်ပေးခြင်း

အောက်ပါထောက်ခံစာများကိုစိစစ်၍ထုတ်ပေးလျက်ရှိပါသည်။

(က) မွတ်စ်လင်မ်ဖြစ်ကြောင်းထောက်ခံစာ                            

(ခ)  ဗလီနှင့်ဘာသာရေးကျောင်းများဂေါပကအဖွဲ့များအတွက်ထောက်ခံစာ

(ဂ)  မွတ်စ်လင်မ်သာရေးနာရေးအသင်းများအတွက်ထောက်ခံစာ

(ဃ) သာသနာ့မြေ/အဆောက်အအုံနှင့်သင်္ချိုင်းများအတွက်ထောက်ခံစာ

 

၁၁။ ဟလာလ်အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်း

အစ္စလာမ်ကောင်စီဌာနချုပ်တွင် သာသနာ့ပညာရှင်များ၊ ဥပဒေပညာရှင်များ၊

ဆေးဘက်ဆိုင်ရာပညာရှင်များနှင့် ဆေးဝါးနှင့် အစား အသောက်ဗေဒ ကျွမ်းကျင်သူ

ပညာရှင်များပါဝင်သော ဟလာလ်အသိအမှတ်ပြုလွှာစိစစ်ထုတ်ပေးရေးကော်မတီဖွဲ့စည်းထားရှိပါသည်။

၎င်းကော်မတီသို့ လျှောက်ထားလာသော ပြည်တွင်းရှိ စားသုံးကုန်လုပ်ငန်းများကို

စနစ်တကျစိစစ်၍ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီပါက

ပြည်တွင်း ပြည်ပဖြန့်ချိနိုင်ရန်အတွက် အစ္စလာမ်တရားတော်အရ စားသုံးခွင့်ရှိသော

စားသုံးကုန်ပစ္စည်းဖြစ်ကြောင်း ဟလာလ် အသိအမှတ်ပြုလွှာထုတ်ပေးလျက်ရှိပါသည်။

 

၁၂။  သင်တန်းများဖွင့်လှစ်ခြင်း

(က) အစ္စလာမ့်ဝန်ထမ်းအန်ဆွာရီသင်တန်း

အန်ဆွာရီသင်တန်းများကို (၁၉၆၁)ခုနှစ်တွင် တောင်ငူမြို့မှ စတင်၍ မြန်မာနိုင်ငံတစ်ဝန်းရှိမြို့များတွင် ဖွင့်လှစ်ခဲ့ပြီး (၂၀၁၂)ခုနှစ်တွင် (၅၆)ကြိမ်အန်ဆွာရီသင်တန်းကို ပုသိမ်မြို့တွင်ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်း၏ ရည်ရွယ်ချက်မှာ အစ္စလာမ်သာသနာဝင် လူငယ်များကို လူသားများအကျိုး၊ လူ့ကမ္ဘာအကျိုး စသည့် အဖန်ဆင်းခံများ၏အကျိုးဆောင်ရွက်သူ အစ္စလာမ်ကလိုလားသည့်  အများအကျိုး သယ်ပိုးသူ အစ္စလာမ့်ဝန်ထမ်းအန်ဆွာရီ စိတ်ဓာတ်များ ခိုင်မာရင့်သန်လာစေရန်ဖြစ်ပါသည်။

 

(ခ) အစ္စလာမ့်တွေးခေါ်မြော်မြင်ရေးဆိုင်ရာအဆင့်မြင့်သင်တန်း

ခေတ်ပညာတတ်လူငယ်မောင်မယ်များနှင့်အန်ဆွာရီမောင်မယ်များမိမိတိုင်းနိုင်ငံကိုချစ်မြတ်နိုးသည့်စိတ်ခိုင်မာစေရန်၊မိမိတိုင်းနိုင်ငံကိုချစ်မြတ်နိုးခြင်းနှင့်အစ္စလာမ့်တရားအဆုံးအမကိုက်ညီပုံကိုတွေးခေါ်မြော်မြင်နိုင်စေရန်နှင့်အစ္စလာမ်ကောင်စီ၏ရည်မှန်းချက်ပန်းတိုင်ဖြစ်သောတိုင်းရင်းသားအစ္စလာမ်သာသနာဝင်များ၏ဂုဏ်ရောင်ပြောင်မြောက်ခဲ့သောအတိတ်သမိုင်းနှင့်အညီမွတ်စ်လင်မ်ပီသရေး၊တိုင်းရင်းသားပီသရေးတို့ကိုအခြေခံ၍ဂုဏ်သိက္ခာရှိစွာဘဝရပ်တည်နိုင်ရေးနှင့်နှစ်ဘဝကောင်းစားရေးကိုရှေ့ရှုဆောင်ရွက်တတ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ သင်တန်းသား(၄၃၅)ဦးကို မန္တလေးဇုန်၊ ရန်ကုန်ဇုန်၊ မော်လမြိုင်ဇုန်ဟူ၍ ဇုန်(၃)ခုခွဲ၍ ပို့ချခဲ့ပြီးဖြစ်ပါသည်။

(ဂ)  အခြားသင်တန်းများ

အိမာမသ်အစ္စလာမ့်ရှေ့ဆောင်သင်တန်း၊အစ္စလာမ့်ဗဟုသုတပညာပေးသင်တန်း၊အရဗီရေး/ဖတ်/ပြောသင်တန်းIslamic Studies in Englishသင်တန်း၊ AIDSပညာပေးသင်တန်း၊ ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်ခဲ့ပါသည်။

 

 

 

၁၃။  အစ္စလာမ့်ပညာရှင်များမွေးထုတ်ခြင်း

မြန်မာနိုင်ငံရှိတိုင်းရင်းသား၊နိုင်ငံသားများသည်ဘာသာပေါင်းစုံကိုးကွယ်လျက်ရှိကြပေရာတိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်ဘာသာပေါင်းစုံချစ်ကြည်ရေးကိုအလေးထားသော၊အစ္စလာမ့်အဆုံးအမနှင့်အညီနိုင်ငံတော်၏ရေမြေသဘာဝအခြေအနေသမိုင်းအစဉ်အလာယဉ်ကျေးမှုတို့နှင့်သဟဇာတဖြစ်စေပြီးအစ္စလာမ့်တရားတော်ဘောင်အတွင်းမှဦးစီးဦးဆောင်ပြုနိုင်မည့်ပညာရှင်များပေါ်ထွန်းရေးအတွက်အစ္စလာမ်ကောင်စီသည်ကော့ကရိတ်မြို့၌  ]ဃာဇီအောက်မေ့ဖွယ်ကျောင်း} ဖွင့်လှစ်၍လည်းကောင်း၊ ပြင်ဦးလွင်မြို့၌ ဟဖီဇွလ်အစ္စလာမ် ဟိဖ်ဇွလ်ကုရ်အာန်ကျောင်းဖွင့်လှစ်၍လည်းကောင်း အယူသီးအစွန်းထွက်မှုကင်းစင်သည့် ပညာရှင်များမွေးထုတ်လျက်ရှိပါသည်။

 

၁၄။ အလုပ်ရုံဆွေးနွေးပွဲ၊နှီးနှောဖလှယ်ပွဲ၊စာတမ်းဖတ်ပွဲများကျင်းပခြင်း

အစ္စလာမ်ကောင်စီသည် လူငယ်မောင်မယ်တို့အတွက် အခါအားလျော်စွာ အစ္စလာမ့်ပရိယတ္တိစာပြန်ပွဲများ၊ အစ္စလာမ့်စာပေ မှတ်ကျောက် တင်ပြိုင်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ စာတမ်းဖတ်ပွဲများ၊ လူငယ်တွေ့ဆုံပွဲများပြုလုပ်ကျင်းပခဲ့ပါသည်။

 

၁၅။ လူမှုအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း

အစ္စလာမ်ကောင်စီသည် အစ္စလာမ်သာသနာကညွှန်ကြားထားသော လူမှုအထောက်အကူပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်း၊ စုပေါင်းသွေးလှူခြင်း၊ ပညာသင်ထောက်ပံ့ကြေးများပေးအပ်ခြင်း၊ အခြေခံပညာအထက်တန်းထူးချွန်စွာ အောင်မြင်သူများအား ဂုဏ်ပြုခြင်း၊ ရေဘေး၊ လေဘေး၊ မီးဘေးစသည့် သဘာဝဘေးအန္တရာယ်များကြောင့် အတိဒုက္ခ ရောက်နေသူများကို အလှူငွေ၊ပစ္စည်းများပေးပို့ခြင်းတို့ကို တတ်စွမ်းသမျှ ဆောင်ရွက်ခဲ့ပါသည်။

 

၁၆။ နိုင်ငံတော်သို့ အစ္စလာမ့်ရေးရာကိစ္စရပ်များ တင်ပြခြင်း

အစ္စလာမ်ကောင်စီဌာနချုပ်သည် အစ္စလာမ်ကောင်စီခွဲများ၊ အစ္စလာမ်သာသနာရေးအသင်းအဖွဲ့များနှင့် အစ္စလာမ်သာသနာဝင်များထံမှ တင်ပြလာသော အစ္စလာမ့်ရေးရာကိစ္စရပ်များအနက် နိုင်ငံတော်သို့တင်ပြဆောင်ရွက်ရန် လိုအပ်သောကိစ္စရပ်များအား သက်ဆိုင်ရာက ခေါ်ယူသောအစည်းအဝေးများတွင်လည်းကောင်း၊သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများထံစာရေးသားပေးပို့၍သော်လည်းကောင်းပွင့်လင်းစွာတင်ပြအရေးဆိုလျက်ရှိပါသည်။

၁၇။ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

အစ္စလာမ်ကောင်စီသည် အောက်ဖော်ပြပါ လုပ်ငန်းစဉ်များတွင် အခြားအစ္စလာမ်ဘာသာရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

(က) အစိုးရသာသနာ့ထောက်ပံ့ကြေးလက်ခံသုံးစွဲရေးကော်မတီဖွဲ့စည်းဆောင်ရွက်ခြင်း၊

(ခ)  ကုရ်ဘာနီကြီးကြပ်ရေးဗဟိုကော်မတီဖွဲ့စည်းဆောင်ရွက်ခြင်း၊

(ဂ)  တမန်တော်နေ့ကျင်းပရေးဗဟိုကော်မတီဖွဲ့စည်းဆောင်ရွက်ခြင်း၊

(ဃ) ဗဟို]လ}ကြည့်စိစစ်အတည်ပြုရေးအဖွဲ့ဖွဲ့စည်းဆောင်ရွက်ခြင်း၊

(င)   နိုင်ငံတော်သို့တင်ပြရန်ကိစ္စရပ်များအားပူးပေါင်း၍  တင်ပြဆောင်ရွက်ခြင်း၊

(စ)  အစိုးရအဖွဲ့အစည်းများကတာဝန်ပေးအပ်လာသောကိစ္စရပ်များအားပူးပေါင်းဆောင်ရွက်ခြင်း၊

 

၁၈။ နိုင်ငံတကာညီလာခံများသို့ တက်ရောက်ခြင်း

   အစ္စလာမ်ကောင်စီသည် အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အစ္စလာမ်မစ်ဒါအ်ဝဟ်ကောင်စီအဖွဲ့ကြီး (Regional Islamic Da' wah Council of South east Asia and The Pacific) စတင်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သောအဖွဲ့အစည်းဖြစ်ပါသည်။ အစ္စလာမ် ကောင်စီသည် သာသနာရေးဝန်ကြီးဌာနက တာဝန်ပေးစေလွှတ်သော နိုင်ငံတကာအစ္စလာမ့်ညီလာခံများနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေးညီလာခံများသို့လည်းကောင်း၊သာသနာရေးဝန်ကြီးဌာနကတက်ရောက်ရန်ဆောင်ရွက်ပေးသောဘာသာရေးညီလာခံများသို့လည်းကောင်းတက်ရောက်လျက်ရှိပါသည်။ 

 



 

.