THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

အေျခခံအစၥလာမ္ေကာင္စီခြဲမ်ား

 

မွတ္ပံုတင္ၿပီး အစၥလာမ္ေကာင္စီဝင္မ်ား စုေပါင္း၍ အေျခခံ (ရပ္ကြက္/ ေက်း႐ြာ) အစၥလာမ္ေကာင္စီခြဲ အမႈေဆာင္အဖြဲ႕ကို အစၥလာမ္ေကာင္စီ၏ ဖြဲ႕စည္းပံု အေျခခံဥပေဒ၊ နည္းဥပေဒ တို႕ႏွင့္အညီ သာမန္အားျဖင့္(၄)ႏွစ္လွ်င္တစ္ႀကိမ္ အမ်ား ဆႏၵျဖင့္ဖြဲ႕စည္းပါသည္။ မိမိတို႔ သက္ဆိုင္ရာၿမိဳ႕နယ္အစၥလာမ္ေကာင္စီခြဲသို႔  အေျခခံ အစၥလာမ္ေကာင္စီခြဲမွ ကိုယ္စားလွယ္ မ်ားကို ေရြးခ်ယ္ တင္ေျမႇာက္ ေပးပို႕ရပါသည္။

 

ၿမိဳ႕နယ္အစၥလာမ္ေကာင္စီခြဲမ်ား

 

သက္ဆိုင္ရာ အေျခခံအစၥလာမ္ေကာင္စီခြဲမ်ားမွ ေစလႊတ္လိုက္ေသာ ဦးစီး ကိုယ္စားလွယ္မ်ားျဖင့္ ၿမိဳ႕နယ္အစၥလာမ္ေကာင္စီခြဲအမႈေဆာင္အဖြဲ႕ကို အစၥလာမ္ေကာင္စီ၏ ဖြဲ႕စည္းပံု အေျခခံဥပေဒ၊ နည္းဥပေဒတို႔ႏွင့္အညီ သာမန္အားျဖင့္ (၄)ႏွစ္လွ်င္တစ္ႀကိမ္ အမ်ားဆႏၵျဖင့္ ဖြဲ႕စည္းပါသည္။ မိမိတို႔ သက္ဆိုင္ရာ ခ႐ိုင္ အစၥလာမ္ေကာင္စီခြဲသို႔လည္းေကာင္း၊ တိုင္းေဒသႀကီး / ျပည္နယ္အစၥလာမ္ေကာင္စီ ခြဲသို႔လည္းေကာင္း၊ ဌာနခ်ဳပ္ဗဟိုဦးစီးအဖြဲ႕သို႔ လည္းေကာင္း၊ ၿမိဳ႕နယ္အစၥလာမ္ ေကာင္စီခြဲမွ ဦးစီးကိုယ္စားလွယ္မ်ားကို ေရြးခ်ယ္ တင္ေျမႇာက္ေပးပို႕ရပါသည္။ အစၥလာမ္ ေကာင္စီတြင္ၿမိဳ႕နယ္အစၥလာမ္ေကာင္စီခြဲေပါင္း(၁၂၉)ခုဖြဲ႕စည္းပါဝင္လ်က္ရိွပါသည္။

 

ခ႐ိုင္အစၥလာမ္ေကာင္စီခြဲမ်ား

 

သက္ဆိုင္ရာ ၿမိဳ႕နယ္အစၥလာမ္ေကာင္စီမ်ားမွ ေစလႊတ္ေသာ ဦးစီး ကိုယ္စားလွယ္မ်ားျဖင့္ ခ႐ိုင္အစၥလာမ္ေကာင္စီခြဲအမႈေဆာင္အဖြဲ႕ကို အစၥလာမ္ ေကာင္စီ၏ဖြဲ႕စည္းပံုအေျခခံဥပေဒ၊ နည္းဥပေဒတို႔ႏွင့္အညီ သာမန္အားျဖင့္ (၄)ႏွစ္ လွ်င္တစ္ႀကိမ္အမ်ားဆႏၵျဖင့္ဖြဲ႕စည္းပါသည္။ မိမိတို႔ သက္ဆိုင္ရာ တိုင္းေဒသႀကီး / ျပည္နယ္ အစၥလာမ္ေကာင္စီခြဲသို႔ လည္းေကာင္း၊ ဌာနခ်ဳပ္ ဗဟိုဦးစီးအဖြဲ႔သို႔ လည္းေကာင္းခ႐ိုင္အစၥလာမ္ေကာင္စီခြဲမွ ဦးစီးကိုယ္စားလွယ္မ်ားေရြးခ်ယ္ တင္ေျမႇာက္ေပးပို႕ရပါသည္။ အစၥလာမ္ေကာင္စီတြင္ ခ႐ိုင္အစၥလာမ္ေကာင္စီခြဲ ေပါင္း(၂၈)ခု ဖြဲ႕စည္းပါဝင္လ်က္ရိွပါသည္။

 

တိုင္းေဒသႀကီး/ျပည္နယ္အစၥလာမ္ေကာင္စီခြဲမ်ား

 

 သက္ဆိုင္ရာ ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္အစၥလာမ္ေကာင္စီခြဲမ်ားမွ ေစလႊတ္ေသာ ဦးစီးကိုယ္စားလွယ္မ်ားျဖင့္ တိုင္းေဒသႀကီး/ျပည္နယ္အစၥလာမ္ေကာင္စီခြဲ အမႈေဆာင္အဖြဲ႕ကို အစၥလာမ္ ေကာင္စီ၏ ဖြဲ႕စည္းပံုအေျခခံဥပေဒ၊ နည္းဥပေဒ တို႔ႏွင့္အညီ သာမန္အားျဖင့္ (၄)ႏွစ္လွ်င္တစ္ႀကိမ္ အမ်ားဆႏၵျဖင့္ ဖြဲ႕စည္းပါသည္။ ဌာနခ်ဳပ္ဗဟိုဦးစီးအဖြဲ႕သို႔ တိုင္းေဒသႀကီး/ ျပည္နယ္အစၥလာမ္ေကာင္စီခြဲမွ ဦးစီး ကိုယ္စားလွယ္မ်ားေရြးခ်ယ္တင္ေျမႇာက္ေပးပို႔ရပါသည္။  အစၥလာမ္ေကာင္စီတြင္ တိုင္းေဒသႀကီး/ျပည္နယ္အစၥလာမ္ေကာင္စီခြဲေပါင္း(၁၁)ခုပါဝင္ လ်က္ရိွပါသည္။

 

အစၥလာမ္ေကာင္စီဌာနခ်ဳပ္

 

 ၿမိဳ႕နယ္အစၥလာမ္ေကာင္စီခြဲ၊ ခ႐ိုင္အစၥလာမ္ေကာင္စီခြဲ၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစၥလာမ္ေကာင္စီခြဲမ်ားမွ ေပးပို႔လာေသာ ဗဟိုဦးစီးမ်ားျဖင့္ ဌာနခ်ဳပ္ ဗဟိုဦးစီးအဖြဲ႕ကို သာမန္အားျဖင့္ (၄)ႏွစ္လွ်င္တစ္ႀကိမ္ ဖြဲ႕စည္းၿပီး ၄င္းဗဟိုဦးစီး အဖြဲ႕အတြင္းမွ ဗဟိုအလုပ္အမႈေဆာင္တာဝန္ (၁၉)ေနရာကို အမ်ားဆႏၵ လွ်ဳိ႕ဝွက္ မဲစနစ္ျဖင့္ တစ္ဦးခ်င္းစီ ေရြးခ်ယ္ တင္ေျမႇာက္ရပါသည္။ ၄င္းေရြးခ်ယ္တင္ေျမႇာက္ ျခင္းခံရသူမ်ားႏွင့္ တိုင္းေဒသႀကီး/ ျပည္နယ္အစၥလာမ္ေကာင္စီခြဲ ဥကၠ႒မ်ား ပါဝင္ေစလ်က္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ကို ဖြဲ႕စည္း ပါသည္။ ၄င္းဗဟိုအလုပ္ အမႈေဆာင္အဖြဲ႕ဝင္မ်ားႏွင့္ ၄င္းတို႔က ေရြးခ်ယ္ေပးေသာ ပုဂၢိဳလ္မ်ားပါဝင္ေစလ်က္ (၇၅)ဦးပါ ဗဟိုအမႈေဆာင္အဖြဲ႕ကို ဖြဲ႕စည္းပါသည္။ ထို ဗဟိုအမႈေဆာင္ အဖြဲ႕သည္ အစၥလာမ္ေကာင္စီ၏ ဖြဲ႕စည္းပံုအေျခခံဥပေဒ၊ နည္းဥပေဒတို႔ႏွင့္အညီ အစၥလာမ္ ေကာင္စီ၏ လုပ္ငန္း အရပ္ရပ္တို႕ကို ဦးေဆာင္ေဆာင္ရြက္ရပါသည္။

 

အစၥလာမ္ေကာင္စီ၏ ရည္မွန္းခ်က္ပန္းတိုင္ႏွင့္ ရည္ရြယ္ခ်က္မ်ား

 

 “အစၥလာမ္သာသနာေရးရာေကာင္စီ”၏  ရည္မွန္းခ်က္ပန္းတိုင္သည္ တိုင္းရင္းသားအစၥလာမ္သာသနာဝင္မ်ား၏ ဂုဏ္ေရာင္ေျပာင္ေျမာက္ခဲ့ေသာ အတိတ္သမိုင္းႏွင့္အညီ “မြတ္စ္လင္မ္”ပီသေရး၊ “တိုင္းရင္းသား”ပီသေရးတို႔ကို အေျခခံ၍ ဂုဏ္သိကၡာရွိစြာျဖင့္ ဘဝရပ္တည္ႏိုင္ေရးႏွင့္ ႏွစ္ဘဝေကာင္းစားေရး ျဖစ္ပါသည္။ ထိုရည္မွန္းခ်က္ပန္းတိုင္သို႔ ေရာက္ရွိ တက္လွမ္းႏိုင္ေစရန္ အလို႔ငွာ ေအာက္ပါရည္မွန္းခ်က္မ်ား သတ္မွတ္ျပ႒ာန္းထားပါသည္။

(၁)       တိုင္းရင္းသားႏိုင္ငံသား အစၥလာမ္သာသနာဝင္တို႔အတြက္ အစၥလာမ္သာသနာေရးဆိုင္ရာ ယံုၾကည္ခ်က္၊တရားဓမၼက်င့္စဥ္က်င့္ရပ္၊ေတြးေတာ၊ေျပာဆို၊ျပဳမူနည္းမ်ားႏွင့္

 အစၥလာမ့္တရားေတာ္မ်ားကို  လြယ္လင့္တကူေလ့လာနားလည္ က်င့္သံုး လိုက္နာ ႏိုင္ၾကသည္အထိအခြင့္အလမ္းမ်ားကို ဖန္တီးေပးရန္။

(၂)       ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အတြင္း မီွတင္းေနထိုင္ၾကကုန္ေသာ တိုင္းရင္းသားႏိုင္ငံသားအစၥလာမ္သာသနာဝင္တစ္ရပ္လံုး၏ ကိုယ္စားျပဳ အစၥလာမ့္အဖြဲ႕ႀကီးအျဖစ္  

ရပ္တည္ရန္။

(၃)      တိုင္းရင္းသားႏိုင္ငံသားအစၥလာမ္သာသနာဝင္တို႔၏ စည္းလံုးညီညြတ္မႈကို ထိန္းသိမ္းရန္။

(၄)      တိုင္းရင္းသားႏိုင္ငံသားအစၥလာမ္သာသနာဝင္တို႔၏ ယဥ္ေက်းမႈ၊႐ိုးရာ ဓေလ့တို႔ကိုထိန္းသိမ္း၍ အျခားသာသနာဝင္တိုင္းရင္းသားညီေနာင္တို႔ႏွင့္ အခ်င္းခ်င္းပိုမိုသိနားလည္မႈ၊

အျပန္အလွန္ေထာက္ထားစာနာေလးစားမႈ၊ ခ်စ္ခင္ရင္းႏွီးမႈမ်ား အစဥ္ရွင္သန္ေနေရးအတြက္ အစဥ္အလာေကာင္း မ်ားကို ထိန္းသိမ္းရန္။

(၅)       အခ်ိန္အခါအားေလ်ာ္စြာေပၚေပါက္လာေသာ အစၥလာမ့္ေရးရာကိစၥ အဝဝတို႔ကို သာသနာ့အဆံုးအမႏွင့္အညီ ႏိုင္ငံေတာ္၏ ေရေျမသဘာဝ အေျခအေန၊သမိုင္းအစဥ္အလာ၊

ယဥ္ေက်းမႈတို႔ႏွင့္ သဟဇာတျဖစ္ေစၿပီး အစၥလာမ့္တရားေတာ္ေဘာင္အတြင္းမွ ေျဖရွင္း ေဆာင္ရြက္ေပးရန္။

 

 ေဖာ္ျပပါ ရည္မွန္းခ်က္မ်ား ထေျမာက္ေအာင္ျမင္မွသာလွ်င္ အစၥလာမ္ ေကာင္စီ၏ ရည္မွန္းခ်က္ပန္းတိုင္သို႔ ေရာက္ရွိ တက္လွမ္းႏိုင္မည္ျဖစ္ပါသည္။ ထို ရည္မွန္းခ်က္မ်ား ထေျမာက္ ေအာင္ျမင္ေစရန္  အစၥလာမ္ေကာင္စီဝင္မ်ားႏွင့္ အဆင့္ဆင့္ေသာ အစၥလာမ္ေကာင္စီတို႔တြင္ တာ၀န္၀တၱရားမ်ား ရွိေနေပသည္။ ထိုတာဝန္ဝတၱရားမ်ားကို သိရွိၾကရန္၊ ေက်ပြန္ၾကရန္ အထူးလိုအပ္ေပသည္။

တာဝန္ဝတၱရားဟုဆိုေသာ စကားရပ္တြင္ (၁) တာ၊ (၂) ဝန္၊ (၃) ဝတၱရား ဟူ၍ အပိုင္း(၃)ပိုင္းပါရွိေပသည္။

 (၁)     “တာ”ဟူသည္မွာ အကြာအေ၀းကို ဆိုသည္။

 (၂)     “ဝန္”ဟူသည္မွာ အေလးအပင္ အေလးခ်ိန္ကို ဆိုသည္။

 (၃)      “ဝတၱရား”ဟူသည္မွာ သက္ေရာက္ျခင္း ထိုက္သင့္ျခင္းကို ဆိုသည္။

 

အစၥလာမ္ေကာင္စီဝင္မ်ား၏ တာဝန္ဝတၱရားမ်ား 

 

(၁)   အစၥလာမ့္တရားေတာ္ႏွင့္အညီ ေျပာဆိုျပဳမူက်င့္ႀကံေနထိုင္ျခင္း၊

(၂)    အစၥလာမ္ေကာင္စီ၏ ရည္မွန္းခ်က္ပန္းတိုင္ေပါက္ေျမာက္ေအာင္ျမင္ေစရန္ ေရွ႕႐ႈေဆာင္ရြက္ျခင္း၊

(၃)   အစၥလာမ္ေကာင္စီ၏ ရည္ရြယ္ခ်က္မ်ားေအာင္ျမင္ေစရန္ တတ္စြမ္းသမွ် ႀကိဳးစားေဆာင္ရြက္ျခင္း၊

(၄)  အစၥလာမ္ေကာင္စီ၏ ဖြဲ႕စည္းပံု အေျခခံဥပေဒ၊ နည္းဥပေဒတို႔အား ေလးစားလိုက္နာျခင္း၊

(၅) အစၥလာမ္ေကာင္စီဌာနခ်ဳပ္ႏွင့္ သက္ဆိုင္ရာ အစၥလာမ္ေကာင္စီအဆင့္ဆင့္တို႔၏ ညႊန္ၾကားခ်က္မ်ားကို လိုက္နာေဆာင္ရြက္ျခင္း၊

(၆) သက္ဆိုင္ရာအစည္းအေ၀ဝမ်ားတြင္ အစၥလာမ့္အက်ဳိးႏွင့္ အစၥလာမ္ေကာင္စီအက်ဳိးအတြက္ အျပဳသေဘာ ေဝဖန္ေဆြးေႏြးအႀကံျပဳျခင္း၊

(၇)  သာသနာ့အလွဴေၾကးေပးလွဴျခင္း၊

(၈)  အစၥလာမ့္စာစဥ္မ်ားကို မိမိကိုယ္တိုင္ဖတ္႐ႈ ေလ့လာ၍ အျခားသူမ်ား ဖတ္႐ႈေလ့လာႏိုင္ရန္ ကူညီေဆာင္ရြက္ျခင္း၊

(၉)  ဘာသာေရး အယူသီးမႈ၊ အစြန္းထြက္မႈကို ေရွာင္ၾကဥ္ျခင္း၊

(၁၀) အစၥလာမ္သာသနာ၀င္ အခ်င္းခ်င္း ဂိုဏ္းဂဏအေသးအဖြဲျခားနားမႈကို အေၾကာင္းျပဳ၍ စိတ္ဝမ္းကြဲျပားေစေသာ လုပ္ရပ္မ်ားကို ေရွာင္ၾကဥ္ျခင္း၊

(၁၁) ဘာသာေပါင္းစံုခ်စ္ၾကည္မႈထိခိုက္ေစေသာလုပ္ရပ္မ်ားကိုေရွာင္ၾကဥ္ျခင္း၊

(၁၂) ဘာသာေပါင္းစံုခ်စ္ၾကည္မႈထိခိုက္ေစေသာ (သို႔မဟုတ္) အမ်ားအက်ဳိး ထိခိုက္ေစေသာကိစၥမ်ားျဖစ္ေပၚလာႏိုင္သည့္ အေျခအေနကို ေတြ႕ရွိရပါက အစၥလာမ္ေကာင္စီဌာနခ်ဳပ္              (သို႔တည္းမဟုတ္) သက္ဆိုင္ရာ အစၥလာမ္ ေကာင္စီခြဲ အဆင့္ဆင့္သို အခ်ိန္မီ ဆက္သြယ္တင္ျပျခင္း၊

 

အစၥလာမ္ေကာင္စီအဆင့္ဆင့္၏ တာ၀န္၀တၱရားမ်ား

 

(၁)  အစၥလာမ္ေကာင္စီ၏ရည္မွန္းခ်က္ပန္းတိုင္ႏွင့္ရည္ရြယ္ခ်က္မ်ားေပါက္ ေျမာက္ေအာင္ျမင္ေစရန္ လုပ္ငန္းစီမံခ်က္ ေရးဆြဲ ေဆာင္ရြက္ျခင္း၊

(၂)  ျပည္လံုးကၽြတ္ညီလာခံႏွင့္ သက္ဆိုင္ရာအစၥလာမ္ေကာင္စီခြဲညီလာခံ တို႔တြင္ျပ႒ာန္းခ့ဲေသာ ေရွ႕လုပ္ငန္းစဥ္မ်ားကို အေကာင္အထည္ေဖာ္္ျခင္း၊

(၃)  အထက္အဆင့္အစၥလာမ္ေကာင္စီခြဲတို႔၏ညႊန္ၾကားခ်က္မ်ားကိုလိုက္နာ ေဆာင္ရြက္ျခင္း၊

(၄)  အစၥလာမ္ေကာင္စီ၏ ရည္မွန္းခ်က္ပန္းတိုင္၊ရည္ရြယ္ခ်က္မ်ားႏွင့္မူ၀ါဒ သေဘာတရားမ်ားကို အမ်ားသိရွိႏိုင္ေစရန္ စည္း႐ံုးေဆာင္ရြက္ျခင္း၊

(၅)   အစၥလာမ္ေကာင္စီမွထုတ္ေ၀ေသာက်မ္းဂန္စာအုပ္စာစဥ္မ်ားကို ျဖန္႔ခ်ိ္ျခင္း၊

(၆)   အစၥလာမ့္၀တ္ျပဳေဆာင္မ်ား၊ဘာသာေရးစာသင္ေက်ာင္းမ်ား၊သာသနိကအေဆာက္အအံုမ်ား၊သာသနာ့ေျမမ်ားတည္တံ့ေရးအတြက္ ကူညီေစာင့္ေရွာက္ထိန္းသိမ္း ေဆာင္ရြက္ျခင္း၊

(၇)   အစၥလာမ္သာသနာသက္၀င္ယံုၾကည္မႈကိုအေၾကာင္းျပဳ၍နစ္နာဆံုးရႈံမႈမ်ား ျဖစ္ေပၚလာေသာ္ တရားဥပေဒေဘာင္အတြင္းမွေျဖရွင္းေဆာင္ရြက္ျခင္း၊

(၈)  ဘာသာေပါင္းစံုခ်စ္ၾကည္မႈအေထာက္အကူျဖစ္ေစေသာလုပ္ငန္းစဥ္မ်ား ေဖာ္ေဆာင္ေဆာင္ရြက္္ျခင္း၊

(၉)  ပညာေရးအေထာက္အကူျပဳ၊ က်န္းမာေရးအေထာက္အကူျပဳ စသည့္  လူမႈဘ၀တိုးတက္ေရးလုပ္ငန္းမ်ားအေကာင္အထည္ေဖာ္ေဆာင္ရြက္္ျခင္း၊

(၁၀)  ဘာသာေပါင္းစံုခ်စ္ၾကည္မႈထိခိုက္ေစေသာ(သို႔မဟုတ္)အမ်ားအက်ဳိးထိခိုက္ေစေသာကိစၥမ်ားျဖစ္ေပၚလာႏိုင္သည့္အေျခအေနေတြ႕ရွိရပါက အထက္အဆင့္ အစၥလာမ္     ေကာင္စီ          ခြဲမ်ားသို႔ ဆက္သြယ္တင္ျပ၍ အခ်ိန္မီ ေျဖရွင္းေဆာင္ရြက္ျခင္း၊

(၁၁)  အစၥလာမ္သာသနာ၀င္အခ်င္းခ်င္း၀ိ၀ါဒကြဲျပား၍ စိတ္၀မ္းကြဲျပားေနသည္ ကိုေတြ႔ရေသာ္ ၾကား၀င္ ေစ့စပ္ျဖန္ေျဖ၍ သင့္ျမတ္ေျပလည္ေစျခင္း၊

(၁၂) ေဆာင္ရြက္မည့္/ေဆာင္ရြက္ဆဲ/ေဆာင္ရြက္ၿပီး လုပ္ငန္းစဥ္မ်ားကို အထက္အဆင့္ အစၥလာမ္ေကာင္စီခြဲမ်ားသို႔ အစီရင္ခံတင္ျပျခင္း၊  

 

(အစၥလာမ့္၀န္ထမ္းအန္ဆြာရီသင္တန္းတြင္ ပို႔ခ်ခ်က္မွတ္စုျဖစ္သည္။)  


 -

[Unicode]

-

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအသိအမှတ်ပြု အစ္စလာမ်သာသနာရေးရာကောင်စီအား (၁၉၅၄)ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။

အစ္စလာမ်သာသနာရေးရာကောင်စီအား အောက်ပါအတိုင်း အဆင့်ဆင့်ဖွဲ့စည်းထားပါသည်။


 အစ္စလာမ်သာသနာရေးရာကောင်စီနှင့် တာဝန်ဝတ္တရားများ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအသိအမှတ်ပြု အစ္စလာမ်သာသနာရေးရာကောင်စီအား (၁၉၅၄)ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။

အစ္စလာမ်သာသနာရေးရာကောင်စီအား အောက်ပါအတိုင်း အဆင့်ဆင့်ဖွဲ့စည်းထားပါသည်။


အစ္စလာမ်ကောင်စီဝင်များ

အစ္စလာမ်ကောင်စီ၏ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နည်းဥပဒေတို့အရ မြန်မာနိုင်ငံရှိ တိုင်းရင်းသား၊နိုင်ငံသား အစ္စလာမ်ဘာသာဝင်တိုင်းအား အစ္စလာမ်ကောင်စီဝင်အဖြစ် သတ်မှတ် ခံယူထားပါသည်။ သို့ရာတွင် အစ္စလာမ်ကောင်စီတွင် ဆန္ဒမဲ ပေးပိုင်ခွင့်၊အရွေးခံပိုင်ခွင့်ရှိစေရန် အသက်(၁၈)နှစ်ပြည့်ပြီးသူများသည် မိမိတို့ နေထိုင်ရာ အခြေခံ(ရပ်ကွက်/ကျေးရွာ) အစ္စလာမ်ကောင်စီခွဲတွင် သာသနာ့ အလှူငွေကျပ်တစ်ရာပေးလှူ၍ ဇယားဖြည့်စွက် မှတ်ပုံတင်ရမည်ဖြစ်ပါသည်။

 

အခြေခံအစ္စလာမ်ကောင်စီခွဲများ

မှတ်ပုံတင်ပြီး အစ္စလာမ်ကောင်စီဝင်များ စုပေါင်း၍ အခြေခံ (ရပ်ကွက်/ ကျေးရွာ) အစ္စလာမ်ကောင်စီခွဲ အမှုဆောင်အဖွဲ့ကို အစ္စလာမ်ကောင်စီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နည်းဥပဒေ တို့နှင့်အညီ သာမန်အားဖြင့်(၄)နှစ်လျှင်တစ်ကြိမ် အများ ဆန္ဒဖြင့်ဖွဲ့စည်းပါသည်။ မိမိတို့ သက်ဆိုင်ရာမြို့နယ်အစ္စလာမ်ကောင်စီခွဲသို့  အခြေခံ အစ္စလာမ်ကောင်စီခွဲမှ ကိုယ်စားလှယ် များကို ရွေးချယ် တင်မြှောက် ပေးပို့ရပါသည်။


မြို့နယ်အစ္စလာမ်ကောင်စီခွဲများ

သက်ဆိုင်ရာ အခြေခံအစ္စလာမ်ကောင်စီခွဲများမှ စေလွှတ်လိုက်သော ဦးစီး ကိုယ်စားလှယ်များဖြင့် မြို့နယ်အစ္စလာမ်ကောင်စီခွဲအမှုဆောင်အဖွဲ့ကို အစ္စလာမ်ကောင်စီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ သာမန်အားဖြင့် (၄)နှစ်လျှင်တစ်ကြိမ် အများဆန္ဒဖြင့် ဖွဲ့စည်းပါသည်။ မိမိတို့ သက်ဆိုင်ရာ ခရိုင် အစ္စလာမ်ကောင်စီခွဲသို့လည်းကောင်း၊ တိုင်းဒေသကြီး / ပြည်နယ်အစ္စလာမ်ကောင်စီ ခွဲသို့လည်းကောင်း၊ ဌာနချုပ်ဗဟိုဦးစီးအဖွဲ့သို့ လည်းကောင်း၊ မြို့နယ်အစ္စလာမ် ကောင်စီခွဲမှ ဦးစီးကိုယ်စားလှယ်များကို ရွေးချယ် တင်မြှောက်ပေးပို့ရပါသည်။ အစ္စလာမ် ကောင်စီတွင်မြို့နယ်အစ္စလာမ်ကောင်စီခွဲပေါင်း(၁၂၉)ခုဖွဲ့စည်းပါဝင်လျက်ရှိပါသည်။


ခရိုင်အစ္စလာမ်ကောင်စီခွဲများ

သက်ဆိုင်ရာ မြို့နယ်အစ္စလာမ်ကောင်စီများမှ စေလွှတ်သော ဦးစီး ကိုယ်စားလှယ်များဖြင့် ခရိုင်အစ္စလာမ်ကောင်စီခွဲအမှုဆောင်အဖွဲ့ကို အစ္စလာမ် ကောင်စီ၏ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ သာမန်အားဖြင့် (၄)နှစ် လျှင်တစ်ကြိမ်အများဆန္ဒဖြင့်ဖွဲ့စည်းပါသည်။ မိမိတို့ သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ် အစ္စလာမ်ကောင်စီခွဲသို့ လည်းကောင်း၊ ဌာနချုပ် ဗဟိုဦးစီးအဖွဲ့သို့ လည်းကောင်းခရိုင်အစ္စလာမ်ကောင်စီခွဲမှ ဦးစီးကိုယ်စားလှယ်များရွေးချယ် တင်မြှောက်ပေးပို့ရပါသည်။ အစ္စလာမ်ကောင်စီတွင် ခရိုင်အစ္စလာမ်ကောင်စီခွဲ ပေါင်း(၂၈)ခု ဖွဲ့စည်းပါဝင်လျက်ရှိပါသည်။


တိုင်းဒေသကြီး/ပြည်နယ်အစ္စလာမ်ကောင်စီခွဲများ

 သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်အစ္စလာမ်ကောင်စီခွဲများမှ စေလွှတ်သော ဦးစီးကိုယ်စားလှယ်များဖြင့် တိုင်းဒေသကြီး/ပြည်နယ်အစ္စလာမ်ကောင်စီခွဲ အမှုဆောင်အဖွဲ့ကို အစ္စလာမ် ကောင်စီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နည်းဥပဒေ တို့နှင့်အညီ သာမန်အားဖြင့် (၄)နှစ်လျှင်တစ်ကြိမ် အများဆန္ဒဖြင့် ဖွဲ့စည်းပါသည်။ ဌာနချုပ်ဗဟိုဦးစီးအဖွဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ်အစ္စလာမ်ကောင်စီခွဲမှ ဦးစီး ကိုယ်စားလှယ်များရွေးချယ်တင်မြှောက်ပေးပို့ရပါသည်။  အစ္စလာမ်ကောင်စီတွင် တိုင်းဒေသကြီး/ပြည်နယ်အစ္စလာမ်ကောင်စီခွဲပေါင်း(၁၁)ခုပါဝင် လျက်ရှိပါသည်။


အစ္စလာမ်ကောင်စီဌာနချုပ်

 မြို့နယ်အစ္စလာမ်ကောင်စီခွဲ၊ ခရိုင်အစ္စလာမ်ကောင်စီခွဲ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစ္စလာမ်ကောင်စီခွဲများမှ ပေးပို့လာသော ဗဟိုဦးစီးများဖြင့် ဌာနချုပ် ဗဟိုဦးစီးအဖွဲ့ကို သာမန်အားဖြင့် (၄)နှစ်လျှင်တစ်ကြိမ် ဖွဲ့စည်းပြီး ၎င်းဗဟိုဦးစီး အဖွဲ့အတွင်းမှ ဗဟိုအလုပ်အမှုဆောင်တာဝန် (၁၉)နေရာကို အများဆန္ဒ လျှို့ဝှက် မဲစနစ်ဖြင့် တစ်ဦးချင်းစီ ရွေးချယ် တင်မြှောက်ရပါသည်။ ၎င်းရွေးချယ်တင်မြှောက် ခြင်းခံရသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစ္စလာမ်ကောင်စီခွဲ ဥက္ကဋ္ဌများ ပါဝင်စေလျက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်း ပါသည်။ ၎င်းဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များနှင့် ၎င်းတို့က ရွေးချယ်ပေးသော ပုဂ္ဂိုလ်များပါဝင်စေလျက် (၇၅)ဦးပါ ဗဟိုအမှုဆောင်အဖွဲ့ကို ဖွဲ့စည်းပါသည်။ ထို ဗဟိုအမှုဆောင် အဖွဲ့သည် အစ္စလာမ်ကောင်စီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ အစ္စလာမ် ကောင်စီ၏ လုပ်ငန်း အရပ်ရပ်တို့ကို ဦးဆောင်ဆောင်ရွက်ရပါသည်။


အစ္စလာမ်ကောင်စီ၏ ရည်မှန်းချက်ပန်းတိုင်နှင့် ရည်ရွယ်ချက်များ

 “အစ္စလာမ်သာသနာရေးရာကောင်စီ”၏  ရည်မှန်းချက်ပန်းတိုင်သည် တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များ၏ ဂုဏ်ရောင်ပြောင်မြောက်ခဲ့သော အတိတ်သမိုင်းနှင့်အညီ “မွတ်စ်လင်မ်”ပီသရေး၊ “တိုင်းရင်းသား”ပီသရေးတို့ကို အခြေခံ၍ ဂုဏ်သိက္ခာရှိစွာဖြင့် ဘဝရပ်တည်နိုင်ရေးနှင့် နှစ်ဘဝကောင်းစားရေး ဖြစ်ပါသည်။ ထိုရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိ တက်လှမ်းနိုင်စေရန် အလို့ငှာ အောက်ပါရည်မှန်းချက်များ သတ်မှတ်ပြဋ္ဌာန်းထားပါသည်။

(၁)       တိုင်းရင်းသားနိုင်ငံသား အစ္စလာမ်သာသနာဝင်တို့အတွက် အစ္စလာမ်သာသနာရေးဆိုင်ရာ ယုံကြည်ချက်၊တရားဓမ္မကျင့်စဉ်ကျင့်ရပ်၊တွေးတော၊ပြောဆို၊ပြုမူနည်းများနှင့်

 အစ္စလာမ့်တရားတော်များကို  လွယ်လင့်တကူလေ့လာနားလည် ကျင့်သုံး လိုက်နာ နိုင်ကြသည်အထိအခွင့်အလမ်းများကို ဖန်တီးပေးရန်။

(၂)       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားနိုင်ငံသားအစ္စလာမ်သာသနာဝင်တစ်ရပ်လုံး၏ ကိုယ်စားပြု အစ္စလာမ့်အဖွဲ့ကြီးအဖြစ် 

ရပ်တည်ရန်။

(၃)      တိုင်းရင်းသားနိုင်ငံသားအစ္စလာမ်သာသနာဝင်တို့၏ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန်။

(၄)      တိုင်းရင်းသားနိုင်ငံသားအစ္စလာမ်သာသနာဝင်တို့၏ ယဉ်ကျေးမှု၊ရိုးရာ ဓလေ့တို့ကိုထိန်းသိမ်း၍ အခြားသာသနာဝင်တိုင်းရင်းသားညီနောင်တို့နှင့် အချင်းချင်းပိုမိုသိနားလည်မှု၊

အပြန်အလှန်ထောက်ထားစာနာလေးစားမှု၊ ချစ်ခင်ရင်းနှီးမှုများ အစဉ်ရှင်သန်နေရေးအတွက် အစဉ်အလာကောင်း များကို ထိန်းသိမ်းရန်။

(၅)       အချိန်အခါအားလျော်စွာပေါ်ပေါက်လာသော အစ္စလာမ့်ရေးရာကိစ္စ အဝဝတို့ကို သာသနာ့အဆုံးအမနှင့်အညီ နိုင်ငံတော်၏ ရေမြေသဘာဝ အခြေအနေ၊သမိုင်းအစဉ်အလာ၊

ယဉ်ကျေးမှုတို့နှင့် သဟဇာတဖြစ်စေပြီး အစ္စလာမ့်တရားတော်ဘောင်အတွင်းမှ ဖြေရှင်း ဆောင်ရွက်ပေးရန်။

 ဖော်ပြပါ ရည်မှန်းချက်များ ထမြောက်အောင်မြင်မှသာလျှင် အစ္စလာမ် ကောင်စီ၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိ တက်လှမ်းနိုင်မည်ဖြစ်ပါသည်။ ထို ရည်မှန်းချက်များ ထမြောက် အောင်မြင်စေရန်  အစ္စလာမ်ကောင်စီဝင်များနှင့် အဆင့်ဆင့်သော အစ္စလာမ်ကောင်စီတို့တွင် တာဝန်ဝတ္တရားများ ရှိနေပေသည်။ ထိုတာဝန်ဝတ္တရားများကို သိရှိကြရန်၊ ကျေပွန်ကြရန် အထူးလိုအပ်ပေသည်။

တာဝန်ဝတ္တရားဟုဆိုသော စကားရပ်တွင် (၁) တာ၊ (၂) ဝန်၊ (၃) ဝတ္တရား ဟူ၍ အပိုင်း(၃)ပိုင်းပါရှိပေသည်။

 (၁)     “တာ”ဟူသည်မှာ အကွာအဝေးကို ဆိုသည်။

 (၂)     “ဝန်”ဟူသည်မှာ အလေးအပင် အလေးချိန်ကို ဆိုသည်။

 (၃)      “ဝတ္တရား”ဟူသည်မှာ သက်ရောက်ခြင်း ထိုက်သင့်ခြင်းကို ဆိုသည်။


အစ္စလာမ်ကောင်စီဝင်များ၏ တာဝန်ဝတ္တရားများ

(၁)   အစ္စလာမ့်တရားတော်နှင့်အညီ ပြောဆိုပြုမူကျင့်ကြံနေထိုင်ခြင်း၊

(၂)    အစ္စလာမ်ကောင်စီ၏ ရည်မှန်းချက်ပန်းတိုင်ပေါက်မြောက်အောင်မြင်စေရန် ရှေ့ရှုဆောင်ရွက်ခြင်း၊

(၃)   အစ္စလာမ်ကောင်စီ၏ ရည်ရွယ်ချက်များအောင်မြင်စေရန် တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်ခြင်း၊

(၄)  အစ္စလာမ်ကောင်စီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နည်းဥပဒေတို့အား လေးစားလိုက်နာခြင်း၊

(၅) အစ္စလာမ်ကောင်စီဌာနချုပ်နှင့် သက်ဆိုင်ရာ အစ္စလာမ်ကောင်စီအဆင့်ဆင့်တို့၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း၊

(၆) သက်ဆိုင်ရာအစည်းအဝေဝများတွင် အစ္စလာမ့်အကျိုးနှင့် အစ္စလာမ်ကောင်စီအကျိုးအတွက် အပြုသဘော ဝေဖန်ဆွေးနွေးအကြံပြုခြင်း၊

(၇)  သာသနာ့အလှူကြေးပေးလှူခြင်း၊

(၈)  အစ္စလာမ့်စာစဉ်များကို မိမိကိုယ်တိုင်ဖတ်ရှု လေ့လာ၍ အခြားသူများ ဖတ်ရှုလေ့လာနိုင်ရန် ကူညီဆောင်ရွက်ခြင်း၊

(၉)  ဘာသာရေး အယူသီးမှု၊ အစွန်းထွက်မှုကို ရှောင်ကြဉ်ခြင်း၊

(၁၀) အစ္စလာမ်သာသနာဝင် အချင်းချင်း ဂိုဏ်းဂဏအသေးအဖွဲခြားနားမှုကို အကြောင်းပြု၍ စိတ်ဝမ်းကွဲပြားစေသော လုပ်ရပ်များကို ရှောင်ကြဉ်ခြင်း၊

(၁၁) ဘာသာပေါင်းစုံချစ်ကြည်မှုထိခိုက်စေသောလုပ်ရပ်များကိုရှောင်ကြဉ်ခြင်း၊

(၁၂) ဘာသာပေါင်းစုံချစ်ကြည်မှုထိခိုက်စေသော (သို့မဟုတ်) အများအကျိုး ထိခိုက်စေသောကိစ္စများဖြစ်ပေါ်လာနိုင်သည့် အခြေအနေကို တွေ့ရှိရပါက အစ္စလာမ်ကောင်စီဌာနချုပ်              (သို့တည်းမဟုတ်) သက်ဆိုင်ရာ အစ္စလာမ် ကောင်စီခွဲ အဆင့်ဆင့်သို အချိန်မီ ဆက်သွယ်တင်ပြခြင်း၊


အစ္စလာမ်ကောင်စီအဆင့်ဆင့်၏ တာဝန်ဝတ္တရားများ

(၁)  အစ္စလာမ်ကောင်စီ၏ရည်မှန်းချက်ပန်းတိုင်နှင့်ရည်ရွယ်ချက်များပေါက် မြောက်အောင်မြင်စေရန် လုပ်ငန်းစီမံချက် ရေးဆွဲ ဆောင်ရွက်ခြင်း၊

(၂)  ပြည်လုံးကျွတ်ညီလာခံနှင့် သက်ဆိုင်ရာအစ္စလာမ်ကောင်စီခွဲညီလာခံ တို့တွင်ပြဋ္ဌာန်းခဲ့သော ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ခြင်း၊

(၃)  အထက်အဆင့်အစ္စလာမ်ကောင်စီခွဲတို့၏ညွှန်ကြားချက်များကိုလိုက်နာ ဆောင်ရွက်ခြင်း၊

(၄)  အစ္စလာမ်ကောင်စီ၏ ရည်မှန်းချက်ပန်းတိုင်၊ရည်ရွယ်ချက်များနှင့်မူဝါဒ သဘောတရားများကို အများသိရှိနိုင်စေရန် စည်းရုံးဆောင်ရွက်ခြင်း၊

(၅)   အစ္စလာမ်ကောင်စီမှထုတ်ဝေသောကျမ်းဂန်စာအုပ်စာစဉ်များကို ဖြန့်ချိခြင်း၊

(၆)   အစ္စလာမ့်ဝတ်ပြုဆောင်များ၊ဘာသာရေးစာသင်ကျောင်းများ၊သာသနိကအဆောက်အအုံများ၊သာသနာ့မြေများတည်တံ့ရေးအတွက် ကူညီစောင့်ရှောက်ထိန်းသိမ်း ဆောင်ရွက်ခြင်း၊

(၇)   အစ္စလာမ်သာသနာသက်ဝင်ယုံကြည်မှုကိုအကြောင်းပြု၍နစ်နာဆုံးရှုံမှုများ ဖြစ်ပေါ်လာသော် တရားဥပဒေဘောင်အတွင်းမှဖြေရှင်းဆောင်ရွက်ခြင်း၊

(၈)  ဘာသာပေါင်းစုံချစ်ကြည်မှုအထောက်အကူဖြစ်စေသောလုပ်ငန်းစဉ်များ ဖော်ဆောင်ဆောင်ရွက်ခြင်း၊

(၉)  ပညာရေးအထောက်အကူပြု၊ ကျန်းမာရေးအထောက်အကူပြု စသည့်  လူမှုဘဝတိုးတက်ရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

(၁၀)  ဘာသာပေါင်းစုံချစ်ကြည်မှုထိခိုက်စေသော(သို့မဟုတ်)အများအကျိုးထိခိုက်စေသောကိစ္စများဖြစ်ပေါ်လာနိုင်သည့်အခြေအနေတွေ့ရှိရပါက အထက်အဆင့် အစ္စလာမ်     ကောင်စီ          ခွဲများသို့ ဆက်သွယ်တင်ပြ၍ အချိန်မီ ဖြေရှင်းဆောင်ရွက်ခြင်း၊

(၁၁)  အစ္စလာမ်သာသနာဝင်အချင်းချင်းဝိဝါဒကွဲပြား၍ စိတ်ဝမ်းကွဲပြားနေသည် ကိုတွေ့ရသော် ကြားဝင် စေ့စပ်ဖြန်ဖြေ၍ သင့်မြတ်ပြေလည်စေခြင်း၊

(၁၂) ဆောင်ရွက်မည့်/ဆောင်ရွက်ဆဲ/ဆောင်ရွက်ပြီး လုပ်ငန်းစဉ်များကို အထက်အဆင့် အစ္စလာမ်ကောင်စီခွဲများသို့ အစီရင်ခံတင်ပြခြင်း၊ 

(အစ္စလာမ့်ဝန်ထမ်းအန်ဆွာရီသင်တန်းတွင် ပို့ချချက်မှတ်စုဖြစ်သည်။)