THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

 

[Zawgyi] 

(၂) (၁၈၂၄)ခုနစ္တြင္ပထမအၾကိမ္၊ (၁၈၅၂)ခုနစ္တြင္ ဒုတိယအၾကိမ္၊ (၁၈၈၅)ခုနစ္တြင္ တတိယအၾကိမ္၊ အဂၤလိပ္ျမန္မာစစ္ပဲြမ်ားျဖစ္ၾကၿပီးေနာက္ အဂၤလိပ္တို႔ကျမန္မာႏိုင္ငံတစ္၀န္းလံုးအား သိမ္းပိုက္ အုပ္စိုးခဲ့ပါသည္။ ထိုစစ္ပဲြမ်ားတြင္ လည္းေကာင္း၊ ထိုစစ္ပဲြမ်ားၿပီးေနာက္ ျမန္မာမ်ဳိးခ်စ္တို႔၏ နယ္ခ်ဲ႕ ဆန္႔က်င္ေရးတိုက္ပဲြမ်ားတြင္ လည္းေကာင္း၊  အျခားတိုင္းရင္းသား ညီေနာင္မ်ား နည္းတူ အစၥလာမ္ သာသနာ၀င္မ်ား ပါ၀င္ခ့ဲၾကပါသည္။

[Unicode]

(၂) (၁၈၂၄)ခုနစ်တွင်ပထမအကြိမ်၊ (၁၈၅၂)ခုနစ်တွင် ဒုတိယအကြိမ်၊ (၁၈၈၅)ခုနစ်တွင် တတိယအကြိမ်၊ အင်္ဂလိပ်မြန်မာစစ်ပွဲများဖြစ်ကြပြီးနောက် အင်္ဂလိပ်တို့ကမြန်မာနိုင်ငံတစ်ဝန်းလုံးအား သိမ်းပိုက် အုပ်စိုးခဲ့ပါသည်။ ထိုစစ်ပွဲများတွင် လည်းကောင်း၊ ထိုစစ်ပွဲများပြီးနောက် မြန်မာမျိုးချစ်တို့၏ နယ်ချဲ့ ဆန့်ကျင်ရေးတိုက်ပွဲများတွင် လည်းကောင်း၊  အခြားတိုင်းရင်းသား ညီနောင်များ နည်းတူ အစ္စလာမ် သာသနာဝင်များ ပါဝင်ခဲ့ကြပါသည်။

 

 

[Zawgyi]

(၃) ၎ေနာက္ အဂၤလိပ္တို႔ ျမန္မာတစ္ႏိုင္ငံလံုးအား ကြ်န္ျပဳအုပ္ခ်ဳပ္ရာတြင္ ၄င္းတို႔ို႔၏ စီမံကိန္းမ်ားကို အေကာင္အထည္ေဖာ္ႏိုင္ရန္အတြက္  တိုင္းတစ္ပါးမွ အေျခခ်လိုသူ အေျမာက္အျမားကို ျမန္မာႏိုင္ငံတြင္း၀င္ေရာက္ခြင့္ျပဳခဲ့ရာ ၀င္ေရာက္လာသူတိုုင္းတစ္ပါးသားမ်ားအနက္အိႏိၵယႏိုင္ငံဖြား အစၥလာမ္သာသနာ၀င္မ်ားလည္းပါရိွခဲ့ပါသည္။

[Unicode]

(၃) ၎င်းနောက် အင်္ဂလိပ်တို့ မြန်မာတစ်နိုင်ငံလုံးအား ကျွန်ပြုအုပ်ချုပ်ရာတွင် ၎င်းတို့ို့၏ စီမံကိန်းများကို အကောင်အထည်ဖော်နိုင်ရန်အတွက်  တိုင်းတစ်ပါးမှ အခြေချလိုသူ အမြောက်အမြားကို မြန်မာနိုင်ငံတွင်းဝင်ရောက်ခွင့်ပြုခဲ့ရာ ဝင်ရောက်လာသူတိုင်းတစ်ပါးသားများအနက်အိန္ဒိယနိုင်ငံဖွား အစ္စလာမ်သာသနာဝင်များလည်းပါရှိခဲ့ပါသည်။

 

[Zawgyi]

(၄) ၂၀-ရာစုအစပိုင္း ျမန္မာႏိုင္ငံရိွတိုင္းရင္းသားမ်ားသည္ အမ်ဳိးသားေရးစိတ္ဓာတ္မ်ားႏိုးၾကားလာစျပဳကာ ဘာသာေရးအဖဲြ႕အစည္းမ်ားထူေထာင္ဖဲြ႕စည္းၾကရာတြင္ အစၥလာမ္သာသနာ၀င္တို႔သည္လည္း(၁၉၀၉)ခုတြင္ အစၥလာမ္ဘာသာ၀င္ ဗမာ မြတ္စ္လင္မ္မ်ားအတြက္ဟူေသာေၾကြးေၾကာ္သံျဖင့္ေအရဟင္ႏွင့္ ဟာဂ်ီဦးဘအို(KIH)တို႔ ဦးေဆာင္၍ ဘားမားမြတ္စ္လင္မ္ဆိုစိုက္တီ(BURMA MUSLIM SOCIETY)အဖြဲ႕ကိုဖြဲ႕စည္း တည္ေထာင္ခဲ့ပါသည္။

[Unicode]

(၄) ၂၀-ရာစုအစပိုင်း မြန်မာနိုင်ငံရှိတိုင်းရင်းသားများသည် အမျိုးသားရေးစိတ်ဓာတ်များနိုးကြားလာစပြုကာ ဘာသာရေးအဖွဲ့အစည်းများထူထောင်ဖွဲ့စည်းကြရာတွင် အစ္စလာမ်သာသနာဝင်တို့သည်လည်း(၁၉၀၉)ခုတွင် အစ္စလာမ်ဘာသာဝင် ဗမာ မွတ်စ်လင်မ်များအတွက်ဟူသောကြွေးကြော်သံဖြင့်အေရဟင်နှင့် ဟာဂျီဦးဘအို(KIH)တို့ ဦးဆောင်၍ ဘားမားမွတ်စ်လင်မ်ဆိုစိုက်တီ(BURMA MUSLIM SOCIETY)အဖွဲ့ကိုဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။

 

 

[Zawgyi]

(၅) (၁၉၁၅)ခုနစ္တြင္ ျမန္မာႏိုင္ငံရိွ အစၥလာမ္သာသနာ၀င္တို႔၏ ပညာေရးျမွင့္တင္ရန္ရည္ရြယ္ခ်က္ျဖင့္ ျမန္မာမြတ္စ္လင္မ္ပညာေရးအဖဲြ႕ခ်ဳပ္ကို ဖြဲ႕စည္းကာ ျမန္မာႏိုင္ငံတစ္၀န္းၿမိဳ႕မ်ားတြင္အလွည့္က် ပညာေရး ကြန္ဖရင့့္မ်ား ႏွစ္စဥ္က်င္းပခ့ဲပါသည္။

[Unicode]

(၅) (၁၉၁၅)ခုနစ်တွင် မြန်မာနိုင်ငံရှိ အစ္စလာမ်သာသနာဝင်တို့၏ ပညာရေးမြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် မြန်မာမွတ်စ်လင်မ်ပညာရေးအဖွဲ့ချုပ်ကို ဖွဲ့စည်းကာ မြန်မာနိုင်ငံတစ်ဝန်းမြို့များတွင်အလှည့်ကျ ပညာရေး ကွန်ဖရင့်များ နှစ်စဉ်ကျင်းပခဲ့ပါသည်။

 

-

[Zawgyi]

(၆)ျမန္မာႏိုင္ငံရိွတိုင္းရင္းသားမ်ား အစၥလာမ္သာသနာ၀င္တို႕က အစၥလာမ္ဘာသာေရးေက်ာင္းမ်ားတြင္ ျမန္မာဘာသာစာေပျဖင့္သင္ၾကားလိုၾကျခင္းကို အစၥလာမ္သာသနာႏွင့္ အိႏိၵယယဥ္ေက်းမူ႔ကို ကြဲျပားစြာသံုးသပ္ႏိုင္စြမ္းမရွိသူ အစၥလာမ္သာသနာ၀င္အခ်ဳိ႕တို႔ကဆန္႔က်င္ ကန္႔ကြတ္္၍  အိႏိၵယစာေပ(အူရ္ဒူစာ)၊ယဥ္ေက်းမူဓေလ့ထံုးတမ္းမ်ားကို အတင္းအၾကပ္သင္ၾကားေစမူေၾကာင့္ လည္းေကာင္း၊သန္းေခါင္စာရင္းေကာက္ရာျမန္မာႏိုင္ငံတိုင္းရင္းသားအစၥလာမ္ဘာသာ၀င္မ်ားကိုအိႏိၵယႏိုင္ငံဖြားစာရင္းထည့္သြင္းသည့္ကိစၥႏွင့္ပတ္သက္၍လည္းေကာင္း၊ျမန္မာႏိုင္ငံႏွင့္အိႏိၵယႏိုင္ငံတြဲေရးခြဲေရးကိစၥတြင္ ျမန္မာႏိုင္ငံတိုုင္းရင္းသားအစၥလာမ္သာသနာ၀င္မ်ားကခြဲေရးဘက္ကေထာက္ခံၿပီး အိႏိၵယႏြယ္ဖြား အစၥလာမ္သာသနာ၀င္မ်ားက တဲြေရးဘက္က ေထာက္ခံခဲ့သျဖင့္ လည္းေကာင္း၊ (၁၉၂၉)ခုနစ္တြင္ ျမန္မာမြတ္စ္လင္မ္ပညာေရးအဖဲြ႔႕ခ်ဳပ္အတြင္းသေဘာထားကြဲမူမ်ားအထြတ္အထိပ္ေရာက္ရွိကာ (၁၉၃၀)ခုတြင္တိုင္းရင္းသားအစၥလာမ္သာသနာ၀င္မ်ားခြဲထြက္ျပီး ဂ်ီစီဘၤီအမ္ေအ(THE GENERAL COUNIL OF BURMA MUSLIM ASSOCIATION) ဖြဲ႔စည္းတည္ေထာင္ခဲ့ပါသည္။

[Unicode]

(၆)မြန်မာနိုင်ငံရှိတိုင်းရင်းသားများ အစ္စလာမ်သာသနာဝင်တို့က အစ္စလာမ်ဘာသာရေးကျောင်းများတွင် မြန်မာဘာသာစာပေဖြင့်သင်ကြားလိုကြခြင်းကို အစ္စလာမ်သာသနာနှင့် အိန္ဒိယယဉ်ကျေးမူ့ကို ကွဲပြားစွာသုံးသပ်နိုင်စွမ်းမရှိသူ အစ္စလာမ်သာသနာဝင်အချို့တို့ကဆန့်ကျင် ကန့်ကွတ်၍  အိန္ဒိယစာပေ(အူရ်ဒူစာ)၊ယဉ်ကျေးမူဓလေ့ထုံးတမ်းများကို အတင်းအကြပ်သင်ကြားစေမူကြောင့် လည်းကောင်း၊သန်းခေါင်စာရင်းကောက်ရာမြန်မာနိုင်ငံတိုင်းရင်းသားအစ္စလာမ်ဘာသာဝင်များကိုအိန္ဒိယနိုင်ငံဖွားစာရင်းထည့်သွင်းသည့်ကိစ္စနှင့်ပတ်သက်၍လည်းကောင်း၊မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတွဲရေးခွဲရေးကိစ္စတွင် မြန်မာနိုင်ငံတိုင်းရင်းသားအစ္စလာမ်သာသနာဝင်များကခွဲရေးဘက်ကထောက်ခံပြီး အိန္ဒိယနွယ်ဖွား အစ္စလာမ်သာသနာဝင်များက တွဲရေးဘက်က ထောက်ခံခဲ့သဖြင့် လည်းကောင်း၊ (၁၉၂၉)ခုနစ်တွင် မြန်မာမွတ်စ်လင်မ်ပညာရေးအဖွဲ့ချုပ်အတွင်းသဘောထားကွဲမူများအထွတ်အထိပ်ရောက်ရှိကာ (၁၉၃၀)ခုတွင်တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များခွဲထွက်ပြီး ဂျီစီင်္ဘီအမ်အေ(THE GENERAL COUNIL OF BURMA MUSLIM ASSOCIATION) ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

 

 

 

[Zawgyi]

(၇) (၁၉၃၈)ခုနစ္ ေဖေဖာ္၀ါရီလ(၁၃)ရက္တြင္ တိုင္းတစ္ပါးသားတို႔၏တိုင္းရင္းသားမ်ားအေပၚ ႏိုင္ငံေရး၊ဘာသာေရး၊ လူမူေရး ၊ယဥ္ေက်းမူနယ္ပယ္မ်ားတြင္လႊမ္းမိုးခ်ယ္လွယ္ေနျခင္းက္ို ရင္ဆိုင္အံတု၍ အမ်ဳိးသားေရးဘာသာေရးမ်ားကိုေဆာင္ရြက္ရန္အတြက္ဗမာမြတ္စ္လင္မ္ႏိုးၾကားေရးအဖြဲ႕ခ်ဳပ္အား မႏၱေလးျမိဳ႔ ဥကၠ႒ ဦးသိန္းေမာင္(စၾကာႏြယ္စဥ္)၊အတြင္းေရးမူး၊ဦးသန္းေရႊတို႔ဦးေဆာင္ဖဲြ႔စည္းခဲ့ပါသည္။ (၁၉၄၁)ခုႏွစ္တြင္က်င္းပေသာ ညီလာခံ၌  မႏၱေလးျမိဳ႔ ဗဟိုအမ်ဳိးသားေက်ာင္းအုပ္ဆရာၾကီး ဦးရာဇတ္ (အာဇာနည္ေခါင္းေဆာင္ၾကီး)ကို ဥကၠ႒တင္ေျမွာက္ခဲ့ပါသည္။

[Unicode]

(၇) (၁၉၃၈)ခုနစ် ဖေဖော်ဝါရီလ(၁၃)ရက်တွင် တိုင်းတစ်ပါးသားတို့၏တိုင်းရင်းသားများအပေါ် နိုင်ငံရေး၊ဘာသာရေး၊ လူမူရေး ၊ယဉ်ကျေးမူနယ်ပယ်များတွင်လွှမ်းမိုးချယ်လှယ်နေခြင်းကို ရင်ဆိုင်အံတု၍ အမျိုးသားရေးဘာသာရေးများကိုဆောင်ရွက်ရန်အတွက်ဗမာမွတ်စ်လင်မ်နိုးကြားရေးအဖွဲ့ချုပ်အား မန္တလေးမြို့ ဥက္ကဋ္ဌ ဦးသိန်းမောင်(စကြာနွယ်စဉ်)၊အတွင်းရေးမူး၊ဦးသန်းရွှေတို့ဦးဆောင်ဖွဲ့စည်းခဲ့ပါသည်။ (၁၉၄၁)ခုနှစ်တွင်ကျင်းပသော ညီလာခံ၌  မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်းအုပ်ဆရာကြီး ဦးရာဇတ် (အာဇာနည်ခေါင်းဆောင်ကြီး)ကို ဥက္ကဋ္ဌတင်မြှောက်ခဲ့ပါသည်။

[Zawgyi]

(၈) ဒုတိယစစ္ၾကီးၿပီးသည့္ (၁၉၄၅)ခုနစ္တြင္  (ဂ်ီဘီအမ္ေအ)အဖဲြ႔ကို ျပန္လည္ဖဲြ႔စည္းခဲ့ၿပီးွ။ ဗမာမြတ္စ္လင္မ္လူငယ္မ်ားအစည္းအရံုး (ဗ မ လ)ကိုဖဲြ႔စည္းခဲ့ပါသည္။ထိုႏွွစ္တြင္ အမ်ုိဳးသား ေခါင္းေဆာင္ၾကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ယေန႔ တိုင္းျပည္အေျခအေနသည္ တစ္မ်ဳိးသားလံုး ေသြးစည္းညီညြတ္ရန္ အလြန္လိုအပ္ေနသျဖင့္ ဗမာမြတ္စ္လင္မ္မ်ား ညီညၤီညြတ္ညြတ္ႏွင့္ အဖဲြ႔အစည္းၾကီးတရပ္ ဖြဲ႕စည္းကာ  (ဖ---လ)အဖဲြ႔ၾကီးတြင္ တပ္ေပါင္းစုအျဖစ္ပါ၀င္ရန္ တိုက္တြန္းခ်က္အရ ဆရာၾကီးဦးရာဇက္က ဦးေဆာင္ေဆာ္ၾသ၍ (၁၉၄၅)ခုနစ္၊ ဒီဇင္ဘာ(၂၄)ရက္(၂၅)ရက္ႏွင့္(၂၆)ရက္တို႔တြင္ ပ်ဥ္းမနားျမိဳ႔၌ ညီလာခံၾကီးတရပ္ေခၚယူက်င္းပခဲ့ပါသည္။

[Unicode]

(၈) ဒုတိယစစ်ကြီးပြီးသည့် (၁၉၄၅)ခုနစ်တွင်  (ဂျီဘီအမ်အေ)အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီးှ။ ဗမာမွတ်စ်လင်မ်လူငယ်များအစည်းအရုံး (ဗ မ လ)ကိုဖွဲ့စည်းခဲ့ပါသည်။ထိုနှစ်တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ယနေ့ တိုင်းပြည်အခြေအနေသည် တစ်မျိုးသားလုံး သွေးစည်းညီညွတ်ရန် အလွန်လိုအပ်နေသဖြင့် ဗမာမွတ်စ်လင်မ်များ ညီင်္ညီညွတ်ညွတ်နှင့် အဖွဲ့အစည်းကြီးတရပ် ဖွဲ့စည်းကာ  (ဖ-တ-ပ-လ)အဖွဲ့ကြီးတွင် တပ်ပေါင်းစုအဖြစ်ပါဝင်ရန် တိုက်တွန်းချက်အရ ဆရာကြီးဦးရာဇက်က ဦးဆောင်ဆော်သြ၍ (၁၉၄၅)ခုနစ်၊ ဒီဇင်ဘာ(၂၄)ရက်(၂၅)ရက်နှင့်(၂၆)ရက်တို့တွင် ပျဉ်းမနားမြို့၌ ညီလာခံကြီးတရပ်ခေါ်ယူကျင်းပခဲ့ပါသည်။

 

[Zawgyi]

(၉) ၎ညီလာခံၾကီးသို႔ ျမန္မာႏိုင္ငံတစ္၀န္းမွ တစ္သီးပုဂၢလမြတ္စ္လင္မ္ေခါင္းေဆာင္မ်ား၊ ဖြဲ႕စည္းၿပီးေသာ(ဂ်ီစီဘီအမ္ေအ)ႏွင့္(ဗ-မ-လ) အဖြဲ႔တုိ႔မွ ေခါင္းေဆာင္မ်ား ပါ၀င္တက္ေရာက္ေစ၍ အဖြဲ႕ေဟာင္းအားလုံးကုိဖ်က္သိမ္းကာ ဗမာႏိုင္ငံလံုးဆိုင္ရာဗမာမြတ္စ္လင္မ္ကြန္ဂရက္ (--က) အဖြဲ႕ႀကီးကုိ ဆရာႀကီးဦးရာဇတ္အား ဥကၠ႒အျဖစ္လည္းေကာင္း၊ ဦးခင္ေမာင္လတ္ (ေနာင္-တရားေရး ၀န္ၾကီး ဌာန ၀န္ၾကီးႏွင့္ အစၥလာမ္ေကာင္စီ ဌာနခ်ဳပ္ဥကၠ႒) အား အေထြေထြအတြင္းေရးမႈးခ်ဳပ္အျဖစ္ လည္းေကာင္း၊ တင္ေျမွာက္ဖြဲ႕စည္းခဲ႔ပါသည္။ ( ဗ-မ-က ) အဖြဲ႕ၾကီးသည္ ညီညြတ္ေသာ တိုင္းရင္းသား သာသနာ ့ပညာရွင္မ်ားအဖြဲ႕အစည္းတစ္ရပ္ျဖစ္ေပၚလာေရးအတြက္ (ဗ-မ-က)၏ ဘာသာေရးမွဴး ေမာင္လာနာဃာဇီမုဟမၼဒ္ဟာရွင္မ္ (ေနာင္-အုိလမာ ဥကၠ႒ ၊ အစၥလာမ္ေကာင္စီဥကၠ႒)ကိုလည္းေကာင္း၊ စုစည္းညီညြတ္ေသာ မြတ္စလင္မ္အမ်ဳိးသမီးအဖြဲ႕ခ်ဳပ္ျဖစ္ေျမာက္ေရးအတြက္ ေဒၚေစာေရႊ ၊ ေဒၚသက္ေမ၊ေဒၚျမျမတင္တုိ႔အားလည္းေကာင္း တာ၀န္ေပးခဲ့ပါသည္။

[Unicode]

(၉) ၎င်းညီလာခံကြီးသို့ မြန်မာနိုင်ငံတစ်ဝန်းမှ တစ်သီးပုဂ္ဂလမွတ်စ်လင်မ်ခေါင်းဆောင်များ၊ ဖွဲ့စည်းပြီးသော(ဂျီစီဘီအမ်အေ)နှင့်(ဗ-မ-လ) အဖွဲ့တို့မှ ခေါင်းဆောင်များ ပါဝင်တက်ရောက်စေ၍ အဖွဲ့ဟောင်းအားလုံးကိုဖျက်သိမ်းကာ ဗမာနိုင်ငံလုံးဆိုင်ရာဗမာမွတ်စ်လင်မ်ကွန်ဂရက် (ဗ-မ-က) အဖွဲ့ကြီးကို ဆရာကြီးဦးရာဇတ်အား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဦးခင်မောင်လတ် (နောင်-တရားရေး ဝန်ကြီး ဌာန ဝန်ကြီးနှင့် အစ္စလာမ်ကောင်စီ ဌာနချုပ်ဥက္ကဋ္ဌ) အား အထွေထွေအတွင်းရေးမှုးချုပ်အဖြစ် လည်းကောင်း၊ တင်မြှောက်ဖွဲ့စည်းခဲ့ပါသည်။ ( ဗ-မ-က ) အဖွဲ့ကြီးသည် ညီညွတ်သော တိုင်းရင်းသား သာသနာ့ပညာရှင်များအဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာရေးအတွက် (ဗ-မ-က)၏ ဘာသာရေးမှူး မောင်လာနာဃာဇီမုဟမ္မဒ်ဟာရှင်မ် (နောင်-အိုလမာ ဥက္ကဋ္ဌ ၊ အစ္စလာမ်ကောင်စီဥက္ကဋ္ဌ)ကိုလည်းကောင်း၊ စုစည်းညီညွတ်သော မွတ်စလင်မ်အမျိုးသမီးအဖွဲ့ချုပ်ဖြစ်မြောက်ရေးအတွက် ဒေါ်စောရွှေ ၊ ဒေါ်သက်မေ၊ဒေါ်မြမြတင်တို့အားလည်းကောင်း တာဝန်ပေးခဲ့ပါသည်။

[Zawgyi]

(၁၀) ထုိသုိ႔ (ဗ-မ-က) အဖဲြ႕ႀကီး၏တာ၀န္ေပးခ်က္အရ (၁၉၄၆) ခုႏွစ္ေဖေဖာ္၀ါရီလ(၃)ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၌ အမ်ဳိးသမီးထုအစည္အေ၀းက်င္းပၿပီး ဗမာႏိုင္ငံလံုးဆိုင္ရာ ဗမာမြတ္စ္လင္မ္ အမ်ဳိးသမီး အဖြဲ႕ခ်ဳပ္(ဗမအ)ကိုဥကၠ႒ ေဒၚေစာေရႊအား တင္ေျမုာက္၍လည္းေကာင္း၊ (၁၉၄၆)ခုႏွစ္၊ စက္တင္္ဘာလ(၂၃)ရက္တြင္ သာစည္ၿမိဳ႕၌ သာသနာ႔ပညာရွင္မ်ား အစည္းအေ၀းႀကီး က်င္းပ၍ ဥကၠ႒ဃာဇီမုဟမၼဒ္ဟာရွင္မ္အား တင္ေျမွာက္၍လည္းေကာင္းဖြဲ႔စည္းခဲ့ပါသည္၊ (အုိလမာအဖြဲ႕ခ်ဳပ္သည္ ၁၉၅၁ခုေမလတြင္ က်င္းပေသာ အိုလမာညီလာခံ၌ ရန္ကုန္ၿမိဳ႕ရွိ ဂ်မီအသ္အဖြဲ႕ႏွင့္ပူးေပါင္းလုိက္ပါသည္။)

[Unicode]

(၁၀) ထိုသို့ (ဗ-မ-က) အဖွဲ့ကြီး၏တာဝန်ပေးချက်အရ (၁၉၄၆) ခုနှစ်ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ရန်ကုန်မြို့၌ အမျိုးသမီးထုအစည်အဝေးကျင်းပပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စ်လင်မ် အမျိုးသမီး အဖွဲ့ချုပ်(ဗမအ)ကိုဥက္ကဋ္ဌ ဒေါ်စောရွှေအား တင်မြေုာက်၍လည်းကောင်း၊ (၁၉၄၆)ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်တွင် သာစည်မြို့၌ သာသနာ့ပညာရှင်များ အစည်းအဝေးကြီး ကျင်းပ၍ ဥက္ကဋ္ဌဃာဇီမုဟမ္မဒ်ဟာရှင်မ်အား တင်မြှောက်၍လည်းကောင်းဖွဲ့စည်းခဲ့ပါသည်၊ (အိုလမာအဖွဲ့ချုပ်သည် ၁၉၅၁ခုမေလတွင် ကျင်းပသော အိုလမာညီလာခံ၌ ရန်ကုန်မြို့ရှိ ဂျမီအသ်အဖွဲ့နှင့်ပူးပေါင်းလိုက်ပါသည်။)

 

 

[Zawgyi]

(၁၁) (ဗ-မ-က)အဖဲြ႕ႀကီးသည္ (၁၉၄၆)ခုႏွစ္ ဇန္န၀ါရီလတြင္ ေရႊတိဂုံ အလယ္ပစၥယံံ၌က်င္းပသည့္ ဖ-ဆ-ပ-လညီလာခံ၌စတင္ကာ လူမ်ဳိးေရးအဖဲြ႕အစည္းတစ္ရပ္အျဖစ္(ဖ-ဆ-ပ-လ)တြင္ တပ္ေပါင္းစုပါ၀င္၍ ျမန္မာ့လြတ္လပ္ေရး ႀကိဳးပမ္းမႈတြင္ပါ၀င္ေဆာင္ရြက္ခဲ့ပါသည္။

[Unicode]

(၁၁) (ဗ-မ-က)အဖွဲ့ကြီးသည် (၁၉၄၆)ခုနှစ် ဇန်နဝါရီလတွင် ရွှေတိဂုံ အလယ်ပစ္စယံံ၌ကျင်းပသည့် ဖ-ဆ-ပ-လညီလာခံ၌စတင်ကာ လူမျိုးရေးအဖွဲ့အစည်းတစ်ရပ်အဖြစ်(ဖ-ဆ-ပ-လ)တွင် တပ်ပေါင်းစုပါဝင်၍ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင်ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

 

 

[Zawgyi]

(၁၂) (၁၉၄၈) ခုတြင္ ျမန္မာ့ႏုိင္ငံလြတ္လပ္ေရရရွိၿပီးေနာက္ ႏုိင္ငံေတာ္အစုိးရက ဘာသာသာသနာအသီးသီးအား ႏွစ္စဥ္ သာသနာ့ေထာက္ပံ့ေၾကးေငြခ်ီးျမွင့္ရာတြင္ (ဗ-မ-က) သည္ အစၥလာမ္သာသနာ၀င္ တစ္မ်ဳိးသားလံုးအား ကိုယ္စားျပဳေသာ္လည္း အမ်ဳ္းသားေရးေဆာင္ရြက္ေနေသာအဖဲြ႕ျဖစ္သျဖင့္ သာသနာ့ေထာက္ပံေၾကး ေငြလက္ခံႏုိင္ခဲ့ျခင္းမရွိပါ။က်န္ ဘာသာေရးအဖဲြ႕မ်ားသည္လည္း အစၥလာမ္သာသနာ၀င္္ တစ္မ်ဳိးသားလုံးကုိကုိယ္စားျပဳ၍ ေထာက္ပံေၾကးလက္ခံႏုိ္င္ခဲ့ျခင္းမရွိပါ။ အုိလမာအဖြဲ႕သည္ သာသနာ့ပညာရွင္မ်ားကုိသာ ကိုယ္စားျပဳျခင္း၊ အမ်ဳိးသမီးအဖြဲ႕သည္ အမ်ဳိးသမီးမ်ားကိုသာ ကိုယ္စားျပဳျခင္း၊ လူငယ္အဖဲြ႕သည္ လူငယ္မ်ားကုိသာကုိယ္စားျပဳျခင္းေၾကာင့္ျဖစ္သည္။ ထုိ႔အတြက္ အစၥလာမ္သာသနာေတာ္အတြက္ ႏုိင္ငံေတာ္ကခ်ီးျမွင့္ေသာ သာသနာ ့ေထာက္ပံေၾကးေငြကို (ဗ-မ-က)အဖဲြ႕မွ ေအာက္ပါပုဂၢိဳပ္မ်ားအမည္ျဖင့္သာ ဘဏ္၌ ယာယီအပ္ႏွံ ေငြစာရင္းဖြင့္ထားခဲ့ရပါသည္။

(က) ဦးခင္ေမာင္လတ္  (ထုိစဥ္က- ၀န္ႀကီးတရား၀န္ႀကီးဌာန)

(ခ)  မစၥတာ စူလတန္ အဟ္မဒ္  (ထုိစဥ္က- ပါလီမန္အမတ္)

(ဂ)  ေဒၚခင္ခင္ (ဆရာႀကီးဦးရာဇတ္၏ဇနီး) (ထုိစဥ္က-ပါလီမန္အမတ္)

(ဃ) ဟာဂ်ီမ ေဒၚေစာေရႊ (ထုိစဥ္က-လူမ်ဳိးစုလႊတ္ေတာ္အမတ္)

(င)   ဦးသန္ညြန္႔ (ထုိစဥ္က-ပါလီမန္အမတ္)

[Unicode]

(၁၂) (၁၉၄၈) ခုတွင် မြန်မာ့နိုင်ငံလွတ်လပ်ရေရရှိပြီးနောက် နိုင်ငံတော်အစိုးရက ဘာသာသာသနာအသီးသီးအား နှစ်စဉ် သာသနာ့ထောက်ပံ့ကြေးငွေချီးမြှင့်ရာတွင် (ဗ-မ-က) သည် အစ္စလာမ်သာသနာဝင် တစ်မျိုးသားလုံးအား ကိုယ်စားပြုသော်လည်း အမျု်းသားရေးဆောင်ရွက်နေသောအဖွဲ့ဖြစ်သဖြင့် သာသနာ့ထောက်ပံကြေး ငွေလက်ခံနိုင်ခဲ့ခြင်းမရှိပါ။ကျန် ဘာသာရေးအဖွဲ့များသည်လည်း အစ္စလာမ်သာသနာဝင် တစ်မျိုးသားလုံးကိုကိုယ်စားပြု၍ ထောက်ပံကြေးလက်ခံနိုင်ခဲ့ခြင်းမရှိပါ။ အိုလမာအဖွဲ့သည် သာသနာ့ပညာရှင်များကိုသာ ကိုယ်စားပြုခြင်း၊ အမျိုးသမီးအဖွဲ့သည် အမျိုးသမီးများကိုသာ ကိုယ်စားပြုခြင်း၊ လူငယ်အဖွဲ့သည် လူငယ်များကိုသာကိုယ်စားပြုခြင်းကြောင့်ဖြစ်သည်။ ထို့အတွက် အစ္စလာမ်သာသနာတော်အတွက် နိုင်ငံတော်ကချီးမြှင့်သော သာသနာ့ထောက်ပံကြေးငွေကို (ဗ-မ-က)အဖွဲ့မှ အောက်ပါပုဂ္ဂိုပ်များအမည်ဖြင့်သာ ဘဏ်၌ ယာယီအပ်နှံ ငွေစာရင်းဖွင့်ထားခဲ့ရပါသည်။

(က) ဦးခင်မောင်လတ်  (ထိုစဉ်က- ဝန်ကြီးတရားဝန်ကြီးဌာန)

(ခ)  မစ္စတာ စူလတန် အဟ်မဒ်  (ထိုစဉ်က- ပါလီမန်အမတ်)

(ဂ)  ဒေါ်ခင်ခင် (ဆရာကြီးဦးရာဇတ်၏ဇနီး) (ထိုစဉ်က-ပါလီမန်အမတ်)

(ဃ) ဟာဂျီမ ဒေါ်စောရွှေ (ထိုစဉ်က-လူမျိုးစုလွှတ်တော်အမတ်)

(င)   ဦးသန်ညွန့် (ထိုစဉ်က-ပါလီမန်အမတ်)

 

[Zawgyi]

(၁၃) (၁၉၅၄)ခုႏွစ္တြင္ ဖ-ဆ-ပ-လအစုိးရက (ဗ-မ-က) အဖဲြသည္ ဘာသာေရးႏွင့္ နုိင္ငံေရးေရာေထြးေနသည္ဟုအေၾကာင္းျပကာ (ဗ-မ-က)အဖဲြ႕ႀကီးအား ဖ်က္သိမ္းရန္ အေရးဆုိလားပါသည္။ ထုိ႕အျပင္ အစၥလာမ္သာသနာ၀င္အားလုံးတုိ႔ကို ကုိယ္စားျပဳ၍ အစၥလာမ့္သာသနာေရးရာမ်ားကုိ ေဆာင္ရြက္ေသာ ႏုိ္င္ငံလုံးဆို္င္ရာ အစၥလာမ့္အဖဲြ႕အစည္းတစ္ရပ္ကိုဖဲြ႕စည္းရန္လည္း တုိက္တြန္းလာသည္ ။ ထုိသုိ႔ေသာေျခအေနမ်ားေၾကာင့္ (ဗ-မ-က)ဌနခ်ဳပ္မွ ဥကၠ႒- ဦးခင္ေမာင္လတ္၊ အေထြေထြအတြင္းေရးမဴွး- ဆရာဦးဘုိးခ်ယ္၊ ေဒါက္တာဦးေက်ာ္ညိမ္း၊ ဗမာမြတ္စ္လင္မ္ အုိလမာအဖဲြ႕ခ်ဳပ္မွ ဥကၠ႒-ေမာင္လာနာအိဗ္ရာဟီမ္ အဟ္မဒ္ (မဇြာဟီရီ)၊ အေထြေထြ အတြင္းေရးမွဴး-ေမာင္လာနာဃာဇီမုဟမၼဒ္ဟာရွင္မ္၊ ေမာင္လာနာ မုဖ္သီမဟ္မူဒ္ဒါ၀ုဒ္ယူစြဖ္၊ ဗမာမြတ္စ္လင္မ္ အမ်ဴိးသမီးအဖဲြ႕ခ်ဳပ္မွ ဥကၠ႒ ဟာဂ်ီမ ေဒၚေစာေရႊ ၊ေဒၚစိန္စိန္၊ေဒၚသက္ေမတုိ႔ (၁၉၅၄)ခုုုႏွစ္၊ ႏုိ၀င္ဘာလ(၂)ရက္ေန႔တြင္(ဗ-မ-က)ဌာနခ်ဳပ္ရုံးခန္း၌ေတြ႔ဆုံစည္းအေ၀း၍ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ အစၥလာမ္သာသနာေရးရာေကာင္စီအား ဖဲြ႕စည္းရန္ဆုံ ျဖတ္ခဲ့ပါသည္။ ၎အစည္းအေ၀းကုိ အုိလမာအဖဲြ႕ခ်ဳပ္က ဖိတ္ၾကားေခၚယုူရန္ညိွႏႈိင္းသေဘာတူဆုံးျဖတ္ခဲ့ပါသည္။

[Unicode]

(၁၃) (၁၉၅၄)ခုနှစ်တွင် ဖ-ဆ-ပ-လအစိုးရက (ဗ-မ-က) အဖွဲသည် ဘာသာရေးနှင့် နိုင်ငံရေးရောထွေးနေသည်ဟုအကြောင်းပြကာ (ဗ-မ-က)အဖွဲ့ကြီးအား ဖျက်သိမ်းရန် အရေးဆိုလားပါသည်။ ထို့အပြင် အစ္စလာမ်သာသနာဝင်အားလုံးတို့ကို ကိုယ်စားပြု၍ အစ္စလာမ့်သာသနာရေးရာများကို ဆောင်ရွက်သော နိုင်ငံလုံးဆိုင်ရာ အစ္စလာမ့်အဖွဲ့အစည်းတစ်ရပ်ကိုဖွဲ့စည်းရန်လည်း တိုက်တွန်းလာသည် ။ ထိုသို့သောခြေအနေများကြောင့် (ဗ-မ-က)ဌနချုပ်မှ ဥက္ကဋ္ဌ- ဦးခင်မောင်လတ်၊ အထွေထွေအတွင်းရေးမူှး- ဆရာဦးဘိုးချယ်၊ ဒေါက်တာဦးကျော်ညိမ်း၊ ဗမာမွတ်စ်လင်မ် အိုလမာအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ-မောင်လာနာအိဗ်ရာဟီမ် အဟ်မဒ် (မဇွာဟီရီ)၊ အထွေထွေ အတွင်းရေးမှူး-မောင်လာနာဃာဇီမုဟမ္မဒ်ဟာရှင်မ်၊ မောင်လာနာ မုဖ်သီမဟ်မူဒ်ဒါဝုဒ်ယူစွဖ်၊ ဗမာမွတ်စ်လင်မ် အမျိူးသမီးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဟာဂျီမ ဒေါ်စောရွှေ ၊ဒေါ်စိန်စိန်၊ဒေါ်သက်မေတို့ (၁၉၅၄)ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်နေ့တွင်(ဗ-မ-က)ဌာနချုပ်ရုံးခန်း၌တွေ့ဆုံစည်းအဝေး၍ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီအား ဖွဲ့စည်းရန်ဆုံ ဖြတ်ခဲ့ပါသည်။ ၎င်းအစည်းအဝေးကို အိုလမာအဖွဲ့ချုပ်က ဖိတ်ကြားခေါ်ယုူရန်ညှိနှိုင်းသဘောတူဆုံးဖြတ်ခဲ့ပါသည်။

[Zawgyi]

(၁၄) ထုိသုိ႔ ညိွႏႈိင္းဆုံးျဖတ္ခ်က္အရ ၁၉၅၄ခုႏွစ္၊ ဒီဇင္ဘာလ၊ (၅)ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၊ကေနဒီလမ္း( ကန္ရိပ္သာလမ္း၊ မဂၤလာေတာင္ညြန္ၿမိဳ႕နယ္) ရွိ ဇိနယ္စၥလာမ္ေယာက်ာ္းေလးမ်ား ေဂဟာ၌ ေအာက္ပါ ဗဟိုအမႈေဆာင္မ်ားပါ၀င္ေသာ ျပည္ေထာင္စုျမန္မာႏိုင္ငံအစၥလာမ္သာသနာေရးရာေကာင္စီအား စတင္ဖြဲ႕စည္းတည္ေထာင္ခ့ဲပါသည္။

[Unicode]

(၁၄) ထိုသို့ ညှိနှိုင်းဆုံးဖြတ်ချက်အရ ၁၉၅၄ခုနှစ်၊ ဒီဇင်ဘာလ၊ (၅)ရက်နေ့တွင် ရန်ကုန်မြို့၊ကနေဒီလမ်း( ကန်ရိပ်သာလမ်း၊ မင်္ဂလာတောင်ညွန်မြို့နယ်) ရှိ ဇိနယ်စ္စလာမ်ယောကျာ်းလေးများ ဂေဟာ၌ အောက်ပါ ဗဟိုအမှုဆောင်များပါဝင်သော ပြည်ထောင်စုမြန်မာနိုင်ငံအစ္စလာမ်သာသနာရေးရာကောင်စီအား စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

 

 

[Zawgyi]

(၁၉၅၄)ခုနစ္၊ဒီဇင္ဘာလ (၅) ရက္ေန႔တြင္ စတင္ဖဲြ႕စည္းခဲ့ေသာ

ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္အစၥလာမ္သာသနာေရးရာေကာင္စီဌာနခ်ဳပ္ ဗဟိုအမႈေဆာင္အဖြဲ႕

 

 

၁။  ဦးခင္ေမာင္လတ္  (ထိုစဥ္-တရားေရး၀န္ၾကီးဌာန၊၀န္ၾကီး)                 -   ဥကၠ႒

 

၂။ ေမာင္လာနာအိဗ္ရာဟီမ္အဟ္မဒ္ -မဇြာဟ္ိရီ                                 -   ဒုတိယဥကၠ႒

 

၃။ (သီရိပ်ံခ်ီ အလ္ဟာဂ်္) ေမာင္လာနာ ဃာဇီ မုဟမၼဒ္ဟာရွင္မ္            -   အတြင္းေရးမွဴးခ်ဳပ္

 

၄။ အလ္ဟာဂ်္ဆရာၾကီးအဗ္ဒုလႅာဟ္                                               -   တဲြဖက္အတြင္းေရးမွဴးခ်ဳပ္

 

၅။ ၀ဏေက်ာ္ထင္ ဦးဘေအး                                                          -   ဘ႑ေရးမွဴး

 

၆။ ပါေမာကၡ ဆရာၾကီးဦးကာ(ရန္ကုုန္တကၠသိုလ္-သခ်ၤာဌာန)             -    စာရင္းစစ္

 

ရ။ (အလ္ဟာဂ်္) ေမာင္လာနာ မုဖ္တီ မဟ္မူဒ္ ဒါ၀ုဒ္ ယူစြပ္              -   ဗဟိုအမူေဆာင္

 

၈။ ဦးရရွစ္(ထိုစဥ္-ကုန္သြယ္မူ-တိုးတက္ေရး၀န္ၾကီဌာန၊၀န္ၾကီး)        -   ဗဟိုအမူေဆာင္

 

၉။ (ေဇယ်ေက်ာ္ထင္) ဗိုလ္မူၾကီးဘရွင္                                        -   ဗဟို အမူေဆာင္

 

၁၀။သီရိပ်ံခ်ီ ဦဘစိန္ (တိုင္းမင္းၾကီး)                                           -   ဗဟိုအမူေဆာင္

 

၁၁။ဆရာဦးဘိုခ်ယ္ (ပါလီမန္အမက္) (ႏိုင္ငံဂုဏ္ရည္ပထမအဆင့္)  -   ဗဟိုအမူေဆာင္

 

၁၂။ေဒါက္တာ ဦးေက်ာ္ညိမ္း (ေမာ္ကြန္၀င္ဒုတ္ိယအဆင့္)                  -   ဗဟိုအမူေဆာင္

 

၁၃။ဦးကိုက္ိုေလး (ထိုစဥ္က-စာရင္းစစ္ခ်ဳပ္)                                     -   ဗဟိုအမူေဆာင္

 

၁၄။ (၀ဏေက်ာ္ထင္) (ဟာဂ်ီမ) ေဒၚေစာေရႊ (ပါလီမန္အမတ္)             -   ဗဟိုအမူေဆာင္

 

၁၅။ ဆရာမ ေဒၚသက္ေမ                                                               -   ဗဟိုအမူေဆာင္

 

၁၆။ ဆရာမ ေဒၚစိန္စိန္                                                                 -   ဗဟိုအမူေဆာင္

 

၁၇။ မစၥတာ စုလ္တြာန္ အဟ္မဒ္(ပါလၤီမန္အမတ္)                            -     ဗဟိုအမူေဆာင္

 

၁၈။ (အလ္ဟာဂ်္) ေမာင္လာနာ မကၠဆူဒ္ အဟ္မဒ္ခန္း                      -  ဗဟို အမူေဆာင္

 

၁၉။ ေမာင္လာနာ ဘရွီရုလႅာဟ္ (တာေမြဒါရုလ္အုလူမ္ေက်ာင္းအုပ္)  -    ဗဟိုအမူေဆာင္

 

၂၀ ။ စည္သူ ဦးဘၾကြယ္(မႏၱေလး)                                               -    ဗဟိုအမူေဆာင္

 

၂၁။ ဦးဘိုခိုင္(စစ္ေတြ)(ပါလီမန္အမဟ္)                                        -     ဗဟိုအမူေဆာင္

 

၂၂။ ဆရာႀကီးပံု (ေရႊဘို) (ဆားကုန္းအရဗီသိပၸံေက်ာင္းအုပ္)          -ဗဟိုအမူေဆာင္

 

 

၂၃။ ေမာင္လာနာဂ်မာလုဒ္ဒီန္(မႏၼေလး)                                -    ဗဟိုအမူေဆာင္

 

၂၄။ ဆရာၾကီးဦးဂိုလာမ္ (ေမာ္လျမိဳင္)                                   -   ဗဟိုအမူေဆာင္

 

၂၅။ ေမာ္လာနာအိဗာဒုလႅာဟ္(ေက်ာက္မဲ)                             -     ဗဟိုအမူေဆာင္

 

၂၆။ ဆရာဦးသန္းေဖ(ပ်ဥ္းမနား-ေက်ာင္းအုပ္ဆရာၾကီး)  -   (တိုးခ်ဲ႔ခန္႔) ဗဟိုအမူေဆာင္

 

၂၇။ ဆရာၾကီးခင္(မီတီၳလာ) )                                  -     (တိုးခ်ဲ႔ခန္႔) ဗဟိုအမူေဆာင္

 

[Unicode]


(၁၉၅၄)ခုနစ်၊ဒီဇင်ဘာလ (၅) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် ဗဟိုအမှုဆောင်အဖွဲ့

၁။  ဦးခင်မောင်လတ်  (ထိုစဉ်-တရားရေးဝန်ကြီးဌာန၊ဝန်ကြီး)                 -   ဥက္ကဋ္ဌ

၂။ မောင်လာနာအိဗ်ရာဟီမ်အဟ်မဒ် -မဇွာဟိရီ                                 -   ဒုတိယဥက္ကဋ္ဌ

၃။ (သီရိပျံချီ အလ်ဟာဂျ်) မောင်လာနာ ဃာဇီ မုဟမ္မဒ်ဟာရှင်မ်            -   အတွင်းရေးမှူးချုပ်

၄။ အလ်ဟာဂျ်ဆရာကြီးအဗ်ဒုလ္လာဟ်                                               -   တွဲဖက်အတွင်းရေးမှူးချုပ်

၅။ ဝဏကျော်ထင် ဦးဘအေး                                                          -   ဘဏ္ဍရေးမှူး

၆။ ပါမောက္ခ ဆရာကြီးဦးကာ(ရန်ကုန်တက္ကသိုလ်-သင်္ချာဌာန)             -    စာရင်းစစ်

ရ။ (အလ်ဟာဂျ်) မောင်လာနာ မုဖ်တီ မဟ်မူဒ် ဒါဝုဒ် ယူစွပ်              -   ဗဟိုအမူဆောင်

၈။ ဦးရရှစ်(ထိုစဉ်-ကုန်သွယ်မူ-တိုးတက်ရေးဝန်ကြီဌာန၊ဝန်ကြီး)        -   ဗဟိုအမူဆောင်

၉။ (ဇေယျကျော်ထင်) ဗိုလ်မူကြီးဘရှင်                                        -   ဗဟို အမူဆောင်

၁၀။သီရိပျံချီ ဦဘစိန် (တိုင်းမင်းကြီး)                                           -   ဗဟိုအမူဆောင်

၁၁။ဆရာဦးဘိုချယ် (ပါလီမန်အမက်) (နိုင်ငံဂုဏ်ရည်ပထမအဆင့်)  -   ဗဟိုအမူဆောင်

၁၂။ဒေါက်တာ ဦးကျော်ညိမ်း (မော်ကွန်ဝင်ဒုတိယအဆင့်)                  -   ဗဟိုအမူဆောင်

၁၃။ဦးကိုကိုလေး (ထိုစဉ်က-စာရင်းစစ်ချုပ်)                                     -   ဗဟိုအမူဆောင်

၁၄။ (ဝဏကျော်ထင်) (ဟာဂျီမ) ဒေါ်စောရွှေ (ပါလီမန်အမတ်)             -   ဗဟိုအမူဆောင်

၁၅။ ဆရာမ ဒေါ်သက်မေ                                                               -   ဗဟိုအမူဆောင်

၁၆။ ဆရာမ ဒေါ်စိန်စိန်                                                                 -   ဗဟိုအမူဆောင်

၁၇။ မစ္စတာ စုလ်တွာန် အဟ်မဒ်(ပါင်္လီမန်အမတ်)                            -     ဗဟိုအမူဆောင်

၁၈။ (အလ်ဟာဂျ်) မောင်လာနာ မက္ကဆူဒ် အဟ်မဒ်ခန်း                      -  ဗဟို အမူဆောင်

၁၉။ မောင်လာနာ ဘရှီရုလ္လာဟ် (တာမွေဒါရုလ်အုလူမ်ကျောင်းအုပ်)  -    ဗဟိုအမူဆောင်

၂၀ ။ စည်သူ ဦးဘကြွယ်(မန္တလေး)                                               -    ဗဟိုအမူဆောင်

၂၁။ ဦးဘိုခိုင်(စစ်တွေ)(ပါလီမန်အမဟ်)                                        -     ဗဟိုအမူဆောင်

၂၂။ ဆရာကြီးပုံ (ရွှေဘို) (ဆားကုန်းအရဗီသိပ္ပံကျောင်းအုပ်)          -ဗဟိုအမူဆောင်

၂၃။ မောင်လာနာဂျမာလုဒ်ဒီန်(မန္မလေး)                                -    ဗဟိုအမူဆောင်

၂၄။ ဆရာကြီးဦးဂိုလာမ် (မော်လမြိုင်)                                   -   ဗဟိုအမူဆောင်

၂၅။ မော်လာနာအိဗာဒုလ္လာဟ်(ကျောက်မဲ)                             -     ဗဟိုအမူဆောင်

၂၆။ ဆရာဦးသန်းဖေ(ပျဉ်းမနား-ကျောင်းအုပ်ဆရာကြီး)  -   (တိုးချဲ့ခန့်) ဗဟိုအမူဆောင်

၂၇။ ဆရာကြီးခင်(မီတ္ထီလာ) )                                  -     (တိုးချဲ့ခန့်) ဗဟိုအမူဆောင်

 

[Zawgyi]

(၁၅) ထိုသို႔အစၥလာမ္ေရးရာေကာင္စီ ဖဲြ႔စည္းၿပီးေနာက္ (၁၉၅၅)ခုနစ္ ဒီဇင္ဘာ(၂၆)ရက္ေန႔တြင္က်င္းပေသာ(ဗ မ က)အဖဲြ႕ၾကီး၏(၈)ၾကိမ္ေျမာက္ညီလာခံၾကီး၌ ကိုယ္စားလွယ္ ၀န္ၾကီး ဦးေက်ာ္ၿငိမ္းတက္ေရာက္၍ အစၥလာမ္ေရးရာေကာင္စီ ဖဲြ႕စည္းၿပီးျဖစ္သျဖင့္ သာသနာေထာက္ပံ့ေငြမ်ားကို ယင္းေကာင္စီသို႔ လဲႊအပ္ေပးၿပီးျဖစ္ေၾကာင္းႏွင့္ (ဗ-မ-က)အဖဲြ႕ၾကီးကို ဖ်က္သိမ္းရန္ (ဖ-ဆ-ပ-လ)အဖဲြ႕ခ်ဳပ္၏ သေဘာထားကို တင္ျပခဲ့ပါသည္။

[Unicode]

 (၁၅) ထိုသို့အစ္စလာမ်ရေးရာကောင်စီ ဖွဲ့စည်းပြီးနောက် (၁၉၅၅)ခုနစ် ဒီဇင်ဘာ(၂၆)ရက်နေ့တွင်ကျင်းပသော(ဗ မ က)အဖွဲ့ကြီး၏(၈)ကြိမ်မြောက်ညီလာခံကြီး၌ ကိုယ်စားလှယ် ဝန်ကြီး ဦးကျော်ငြိမ်းတက်ရောက်၍ အစ္စလာမ်ရေးရာကောင်စီ ဖွဲ့စည်းပြီးဖြစ်သဖြင့် သာသနာထောက်ပံ့ငွေများကို ယင်းကောင်စီသို့ လွဲှအပ်ပေးပြီးဖြစ်ကြောင်းနှင့် (ဗ-မ-က)အဖွဲ့ကြီးကို ဖျက်သိမ်းရန် (ဖ-ဆ-ပ-လ)အဖွဲ့ချုပ်၏ သဘောထားကို တင်ပြခဲ့ပါသည်။

[Zawgyi]

(၁၆) ၎ညီလာခံသို႔ တက္ေရာက္လာသူ ဗ-မ-က ကိုယ္စားလွယ္မ်ားက (ဗ-မ-က)အဖဲြ႕ၾကီးအား ခ်က္ခ်င္းဖ်က္သိမ္းျခင္းကို သေဘာမတူဘဲ တျဖည္းျဖည္းႏွင့္သာ ဖ်က္သိမ္းသြားရန္ ဆံုးျဖတ္ခဲ့သျဖင့္ (၂၉-၁၂-၁၉၅၅)ရက္တြင္ ၀န္ၾကၤီးခ်ဳပ္ ဦးႏု ကိုယ္တိုင္ ညီလာခံလူထု ရွင္းလင္းပဲြ က်င္းပရာ ရန္ကုန္ျမိဳ႕ေတာ္ခန္းမသို႔လာေရာက္၍(၁၉၅၆)ခုနစ္ (၃၀)ရက္ကိုေနာက္ဆံုးထား၍ (--က)အဖဲြ႕အား ဖ်က္သိမ္းရန္ႏွင့္ႏိုင္ငံေရးလုပ္လိုလွ်င္(ဖ-ဆ-ပ-လ)အထဲကို ၀င္ပါသာသနာေရးလုပ္ခ်င္ရင္ ေကာင္စီကို၀င္ပါ၊ဟု ေျပာဆိုကာအၿပီးသတ္ရက္သတ္မွတ္ညြြန္ၾကားခဲ့သျဖင့္    (ဗ-မ-က)၏ ေငြစာရင္းမ်ားအားလံုးကို အစၥလာမ္သာသနာေရးရာေကာင္စီသို႔ လႊဲေျပာင္းေပးအပ္၍ (ဗ-မ-က)အဖဲြ႕ၾကီးအား ဖ်က္သိမ္းေပးခဲ့ရေပသည္။

[Unicode]

(၁၆) ၎င်းညီလာခံသို့ တက်ရောက်လာသူ ဗ-မ-က ကိုယ်စားလှယ်များက (ဗ-မ-က)အဖွဲ့ကြီးအား ချက်ချင်းဖျက်သိမ်းခြင်းကို သဘောမတူဘဲ တဖြည်းဖြည်းနှင့်သာ ဖျက်သိမ်းသွားရန် ဆုံးဖြတ်ခဲ့သဖြင့် (၂၉-၁၂-၁၉၅၅)ရက်တွင် ဝန်ြင်္ကီးချုပ် ဦးနု ကိုယ်တိုင် ညီလာခံလူထု ရှင်းလင်းပွဲ ကျင်းပရာ ရန်ကုန်မြို့တော်ခန်းမသို့လာရောက်၍(၁၉၅၆)ခုနစ် (၃၀)ရက်ကိုနောက်ဆုံးထား၍ (ဗ-မ-က)အဖွဲ့အား ဖျက်သိမ်းရန်နှင့်နိုင်ငံရေးလုပ်လိုလျှင်(ဖ-ဆ-ပ-လ)အထဲကို ဝင်ပါသာသနာရေးလုပ်ချင်ရင် ကောင်စီကိုဝင်ပါ၊ဟု ပြောဆိုကာအပြီးသတ်ရက်သတ်မှတ်ညွန်ကြားခဲ့သဖြင့်    (ဗ-မ-က)၏ ငွေစာရင်းများအားလုံးကို အစ္စလာမ်သာသနာရေးရာကောင်စီသို့ လွှဲပြောင်းပေးအပ်၍ (ဗ-မ-က)အဖွဲ့ကြီးအား ဖျက်သိမ်းပေးခဲ့ရပေသည်။

 

 

-