You are here: Home
ဆောင်ရွက်ချက်
အစ္စလာမ်သာသနာကို တိရိစ္ဆာန်ဝါဒဟု စော်ကားသည့် ကိစ္စ အစ္စလာမ်အဖွဲ့ကြီးမှ သမ္မတထံ တိုင်စာပို့


နိုဝင်ဘာ- ၁၈ ၂၀၁၃
M-Media
KK
မြန်မာအစိုးရ၏ ဖိတ်ကြားချက်ဖြင့် တရားဝင်လာရောက်ခဲ့သော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ေ၇းအဖွဲ့( အိုအိုင်စိ) အား ကန့်ကွက် ဆန္ဒပြသူ အချို့မှ ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ကာ စော်ကားရေးသား ပြောဆို ထုတ်ဖော်မှုများပြုခဲ့ကြသည့် အပေါ် တည်ဆဲ တရားဥပဒေများအရ အမြန်ဆုံးအရေးယူပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှာ နိုင်ငံတော် သမ္မတ သို့ လိပ်မူပြီး တိုင်ကြားစာ ပေးပို့ထားကြောင်း သတင်းရရှိသည်။
အဆိုပါ တိုင်ကြားစာတွင် ဆန္ဒပြသူများမှ အစ္စလာမ်ကို စော်ကားပုတ်ခတ်ထားသော “သားဖောက်နှုန်းမြန်အစ္စလာမ် တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” ” လူသတ်ဝါဒ၊ မုဒိမ်းကျင့်ဝါဒ ကို လက်ကိုင်ပြုထားသည့် ရှရီးယား(အစ္စလာမ့်ဥပဒေ) အလိုမရှိ။” စသည့် စာသားများကို ဖော်ပြထားပြီး အဆိုပါစွပ်စွဲ ပုတ်ခတ်စော်ကားမှုများမှာ ဖွဲ့စည်းပုံအခြေခံဥပေဒ၊ ပြစ်မှုဆိုင်ရာ ဥပဒေ( ရာဇသတ်ကြီး ) ပြဌာန်းချက်များနှင့် ဆန့်ကျင်နေပြီး အထူးသဖြင့် ကမ္ဘာတဝှမ်းမှ လူမျိုးပေါင်းစုံ ကိုးကွယ်ရာ ကမ္ဘာ့ဘာသာကြီးတစ်ခုကို “တိရိစ္ဆာန်ဝါဒ”ဟု ပုတ်ခတ်စော်ကားခြင်းမှာ ဘာသာဝင်များ၏ စိတ်ကိုနာကျည်းစေရန် တမင် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်သောကြောင့် အဖွဲ့ကြီးအနေဖြင့် လုံးဝ(လုံးဝ) လက်မခံဟု ထည့်သွင်းရေးသားထားပြီး အဆိုပါ စော်ကား ပုတ်ခတ်မှုကို လုပ်ဆောင်ခဲ့သည့် လူ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း အားလုံးကို တရားဥပဒေအရ အမြန်ဆုံး အရေးယူပေးရန် တောင်းဆိုထားသည်။