THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

အယ်လ်ခိုင်ဒါက ကြေညာချက်ကို ပြည်တွင်း မွတ်စလင်တွေ အယုံအကြည် မရှိသလို စိတ်လဲ မဝင်စားကြောင်း

 

အယ်လ်ခိုင်ဒါက ကြေညာချက်ကို ပြည်တွင်း မွတ်စလင်တွေ အယုံအကြည် မရှိသလို စိတ်လဲ မဝင်စားကြောင်း

အစ္စလာမ် သာသနာရေး ကောင်စီ က တွဲဖက်အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေ ပြောကြား


==============================
စက်တင်ဘာ ၅ ၊ ၂၀၁၄

မြန်မာနိုင်ငံမှာ ရှိတဲ့ မွတ်စလင်တွေ အတွက်တော့ အခုလို အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်လာမယ်ဆိုရင် မပါဝင်ကြဖို့ နဲ့ ပြည်တွင်းမှာ နေထိုင်ကြတဲ့ မွတ်စလင်တွေက အခုလို ဘာသာရေး စစ်ပွဲ ဆင်နွဲမယ်ဆိုတဲ့ အပေါ်မှာလည်း အယုံအကြည် မရှိသလို စိတ်ဝင်စားမှုလည်း မရှိဘူးလို့
အစ္စလာမ် သာသနာရေး ကောင်စီ က တွဲဖက်အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေက ပြောပါတယ်။

"ကျနော်တို့ မြန်မာပြည်ထဲမှာ ရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ ဒါကို ကောင်းကောင်း သဘောပေါက်ပြီးသားပါ။ ကျနော်တို့ ဒီမှာကြုံတွေ့ရတဲ့ အခြေအနေ အရပ်ရပ် မှာတောင်မှ သူတို့ထိန်းသိမ်းပြီးတော့ နေတဲ့ အနေအထား ရှိပါတယ်။ ပြည်တွင်းက သူတွေအတွက်ကတော့ သဘောပေါက်ပြီးသားပါ။ ကျနော်တို့ အနေနဲ့ကတော့ ကျနော်တို့ အစ္စလာမ် ဘာသာဝင်ဖြစ်တယ်ပေါ့ဗျာ။
ကျနော်တို့ အစ္စလာမ်ဘာသာဝင် တရားအစစ်မှာ အကြမ်းဖက်မှုကိုလေ ဘယ်သူကိုမဆို ဘယ်နေရာမှာမဆို ဘယ်အချိန်မှာမဆို ဘယ်သူပဲပြုပြု အကြမ်းဖက်မှုကို ကျနော်တို့ အနေနဲ့ လက်မခံပါဘူး။ အကြမ်းဖက်မှုကို သတိပြုမိပါတယ်။"

VOA (မြန်မာပိုင်း) မှကောက်နှုတ်ဖော်ပြသည်။ 

သတင်းအပြည့်အစုံဖတ်လိုလျှင် =>https://burmese.voanews.com/
content/myanmar-cooperate-with-international-community-on-fighting-against-global-terrorism/2438641.html

 

M-Media - https://www.m-mediagroup.com/news/31539