THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

ဥက္ကံမြို့ ပဋိပက္ခဖြစ်စဉ်တွင် ၁၈ ဦးကို ဖမ်းဆီး

ဥက္ကံမြို့ ပဋိပက္ခဖြစ်စဉ်တွင် ၁၈ ဦးကို ဖမ်းဆီး

  • By 
  •  1 May 2013
  •  
  • ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့မှာ မနေ့ညက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ လူ ၁၈ ဦးကို ဖမ်းဆီးထားတယ်လို့ ဥက္ကံရဲစခန်းက ပြောပါတယ်။ ပဋိပက္ခကြောင့် ၁ ဦး သေဆုံး၊ ၁၀  ဦး ဒဏ်ရာရှိပြီး ၂ ဦးက စိုးရိမ်ရကြောင်း ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ပဋိပက္ခဖြစ်စဉ်မှာ လှုံ့ဆော်သူတွေလို့ ယူဆရတဲ့ ၁၈ ဦးကို စစ်ဆေးနေပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေနဲ့ ပတ်သက်လို့တော့ မသိရသေးဘဲ အခြေအနေကို ထိန်းသိမ်းနိုင်ပြီလို့ ဥက္ကံရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။ မနေ့ညက ဖြစ်ပွားတဲ့ ပဋိပက္ခကြောင့် ကျေးရွာ ၃ ရွာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အိမ်ခြေ ၇၈ အိမ် မီးလောင် ပျက်စီးခဲ့တယ်လို့ ဥက္ကံမြို့ ဈေးအနီးမှာ နေသူတဦးက ပြောပါတယ်။ ဥက္ကံမြို့ မီးရှို့ ဖျက်ဆီးမှု တွေကြောင့် အခက်အခဲဖြစ်နေတဲ့ ဒုက္ခသည်တွေဟာ လတ်တလော နေရာအတည်တကျ မရှိသေးဘဲ ကြုံသလို နေနေကြရပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အဖွဲ့အစည်းတချို့က ဆန်နဲ့ ရိက္ခာတွေ ဝေပေးနေတယ်လို့ မြို့ခံက ပြောပါတယ်။
  •  
  • ဥက္ကံမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး အစိုးရက ဥပဒေအတိုင်း ကိုယ်တွယ်ဆောင်ရွက်ဖို့ လိုတယ်လို့ အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ် တွဲဖက်အတွင်းရေးမှူး ဦးဝဏ္ဏရွှေက ပြောပါတယ်။
    • “ဥပဒေကို ကိုင်တွယ် ဆောင်ရွက်နေတဲ့ အစိုးရအပေါ်ပဲ မူတည်ပါတယ်။ အစိုးရက ဥပဒေချိုးဖောက်တဲ့သူကို တိတိကျကျ အရေးယူမယ်၊ ထိန်းသိမ်းမယ်၊ ကာကွယ်မယ်ဆိုရင်တော့ ရမှာပေါ့။ မဟုတ်ရင်တော့ တနေရာကနေ တနေရာဖြစ်နေမှာပဲ။”
    •  
  • ဥက္ကံမြို့နယ်မှာ ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်းက ဘုရားကြီးဈေးထဲမှာ ဆွမ်းခံကြွလာတဲ့ အသက် ၁၁ နှစ်အရွယ် ကိုရင်တပါးနဲ့ အမျိုးသမီးတဦး တိုက်မိလို့ သပိတ်ကွဲရာကနေ ဘာသာရေးအဆောက်အဦ ၂ ခုနဲ့ ဆိုင်ခန်းတချို့ ဖျက်ဆီးမှုတွေ ဖြစ်ခဲ့ပြီး ရဲက သေနတ်ပစ်ဖောက် ထိန်းသိမ်းခဲ့ ရပါတယ်။ ဒီနောက် ညဘက်ပိုင်းမှာ မီးရှို့ဖျက်ဆီးမှုတွေ ဆက်လက်ဖြစ်ပွားခဲ့တာပါ။