THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

သင်္ကြန်တွင်း အစ္စလာမ်ဘာသာဝင်များ ကုသိုလ်ကောင်းမှုယူကြရန် နှိုးဆော်

သင်္ကြန်တွင်း အစ္စလာမ်ဘာသာဝင်များ ကုသိုလ်ကောင်းမှုယူကြရန် နှိုးဆော်

9 April 2013

 

လတ်တလော ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မြန်မာ့ရိုးရာ သင်္ကြန်ကာလအတွင်းမှာ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ ဗလီဝတ်ကျောင်းတော်နဲ့ အိမ်တွေမှာပဲ ကောင်းမှုကုသိုလ်ယူကြဖို့ နှိုးဆော်ထားတယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် တွဲဖက်အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေက ပြောပါတယ်။

 

“သင်္ကြန်ဆိုတာက ဗုဒ္ဓဘာသာတွေ အဓိကထား ပျော်ရွှင်တဲ့ ပွဲတော်ဖြစ်သလို တဖက်ကလည်း မြန်မာနိုင်ငံသားအားလုံးက နေရင်း ထိုင်ရင်း စိတ်ထဲအလိုလိုကြည်နူးရတဲ့ပွဲပါ။ အခုလိုဖြစ်နေတဲ့အချိန်မှာတော့ သင်္ကြန်ပွဲက နားလည်မှုလွဲမှာစိုးလို့ အစ္စလာမ်ဘာသာဝင် တွေကို ကျနော်တို့အနေနဲ့ မြန်မာ့နှစ်သစ်ကူး အားလပ်ရက်မှာ မိမိတို့ရဲ့ ဗလီဝတ်ကျောင်းတော်တွေ၊ အိမ်တွေမှာ ကုသိုလ်ကောင်းမှု ဘာဝနာပွားများပြီး တိုင်းပြည် အေးချမ်းအောင်၊ နိုင်ငံသားအချင်းချင်း ချစ်ခင် စည်းလုံးအောင် ဆုမွန်ကောင်းတွေ တောင်းဖို့ ဆော်ဩထားပါတယ်။”

 

မူရင်းလင့် - https://burmese.dvb.no/archives/38299