THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

ဟဖီဇုလ် အစ္စလာမ်ဟီဖ်ဇုလ် ကုရ်အာန်ကျောင်း (ပြင်ဦးလွင်) ပဉ္စမအကြိမ် ကုရ်အာန်အာဂုံဆောင် ဟာဖိဇ်စနစ်ဒ်ဘွဲ့ပေးအပ်ခြင်း

 

ပြင်ဦးလွင်မြို့နယ်အစ္စလာမ်သာသနာရေးရာကောင်စီ၊ဟဖီဇုလ် အစ္စလာမ်ဟီဖ်ဇုလ် ကုရ်အာန်ကျောင်း၏ပဉ္စမအကြိမ်မြောက် ကျမ်းမြတ်ကုရ်အာန်အာဂုံဆောင် ဟာဖိဇ်စနစ်ဒ်ဘွဲ့ပေးအပ်ခြင်းနှင့်(၂၀၁၄- ၂၀၁၅)ပညာသင်နှစ် ထူးချွန်ကျောင်းသားများအား ဂုဏ်ပြုချီမြှင့်ခြင်းနှင့် ခတမ်သိမ်း ဒုအာအခမ်းအနားကို (၂၀၁၅)ခုနှစ်၊မေလ(၂၈)ရက်၊(ကြာသပတေးနေ့)နံနက်(၈း၀၀)မှ နေ့လယ် (၁၁း၀၀)အထိ ပြင်ဦးလွင်မြို့၊ ဟဖီဇုလ်အစ္စလာမ်ဟီဖ်ဇုလ်ကုရ်အာန်ကျောင်း စာသင်ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

အစ္စလာမ်ကောင်စီဌာနချုပ် ဥက္ကဋ္ဌကြီး အလ်ဟာဂ်ျ ဦးညွန့်မောင်သျှိန်နှင့် ဒုတိယဥက္ကဋ္ဌ(အာလင်မ်ရေးရာ) အလ်ဟာဂ်ျ မောင်လာနာ ဦးအုန်းသောင်(ဓမ္မသတ်မှူး)၊ ဒုတိယဥက္ကဋ္ဌ(အန်ဆွာရီနှင့် လူငယ်ရေးရာ)  အလ်ဟာဂ်ျ ဦးစိုးလွင်၊ အာလင်မ်ရေးရာဌာနမှူး အလ်ဟာဂ်ျ မောင်လာနာ အိုမရ် ဦးမြင့်နိုင်(ဓမ္မသတ်မှူး)၊ ဌာနချုပ်ဗဟိုအမှုဆောင်နှင့် မန္တလေးတိုင်းဒေသကြီး အာလင်မ်ရေးရာ ဌာနမှူး အလ်ဟာဂ်ျမောင်လာနာအမီးရ် (ဓမ္မသတ်မှူး) နှင့် မန္တလေးခရိုင်၊ ကျောက်ဆည်ခရိုင်၊ ပြင်ဦးလွင်ခရိုင် အစ္စလာမ်ကောင်စီ ဌာနချုပ်ဗဟိုအမှုဆောင်များ၊ ကျောင်းသားမိဘများနှင့် ဆရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း ၅၀၀ကျော်ခန့် တက်ရောက်ကြပါသည်။ ကျမ်းမြတ်ကုရ်အာန်အာဂုံဆောင်ဟာဖိဇ်၇ပါးအား စနစ်ဒ်ဘွဲ့များပေးအပ်ပါသည်။