THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

ဆရာတော်ဦးဝီရသူ၏ ရုပ်သံဖိုင်ကို အရေးယူရန် ညွှန်ကြားချက်မရှိသေးကြောင်း တိုင်းသာသနာရေးဦးစီးမှူးပြော

ဆရာတော်ဦးဝီရသူ၏ ရုပ်သံဖိုင်ကို အရေးယူရန် ညွှန်ကြားချက်မရှိသေးကြောင်း တိုင်းသာသနာရေးဦးစီးမှူးပြော

 June 18, 2017 Friday Times 

မန္တလေး၊ ဇွန် ၁၄

မြေးချစ်ညို

facebook ပေါ်တွင် ပျံ့နှံ့နေ သည့်ဆရာတော်ဦးဝီရသူ၏ အစ္စလာမ်သာသနာကို တိုက်ခိုက်ထားသည့် ရုပ်သံဗွီဒီယိုဖိုင်နှင့် ပတ်သက်ပြီး တိုင်ကြားသူမရှိသည့်အတွက် အရေးယူလို့ မရနိုင်ကြောင်း မန္တလေးတိုင်းဒေသ ကြီးတိုင်း သာသနာရေးဦးစီးဌာနမှ ဦးစီးမှူးဖြစ်သူ ဦးခင်မောင်တင့်က ပြောကြားသည်။

”အဲဒီဗီဒီယိုဖိုင်နှင့်ပတ်သက်ပြီး ကျွန်တော်မသိသေးဘူး။ ညွှန်ကြားချက် တစ်စုံတစ်ရာလည်း မရှိဘူး။ ဒီလိုမျိုးကိစ္စနဲ့ပတ်သက်ရင် မဟနရဲ့ ညွှန်ကြားချက် ဒါမှမဟုတ် တခြားတစ် ယောက်ယောက်ကနေ အရေးယူပေး ဖို့တိုင်ကြားလာမှသာ အရေးယူဖို့ ဆောင်ရွက်လို့ရမှာပါ”ဟု၎င်းက ပြောကြားသည်။

အမုန်းတရားများလှုံ့ဆော် ပြော ဆိုနေသည့် ရုပ်သံဗီဒီယိုနှင့် ပတ် သက်ပြီး Friday Times News Journal ဆက်သွယ် မေးမြန်းချက်ကို မန္တလေးတိုင်းဒေသ ကြီးတိုင်း သာသနာရေးဦးစီးမှူးက ဇွန် ၁၃ရက်တွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

ဆရာတော်ဦးဝီရသူက ယင်း ဗီဒီယိုဖိုင်တွင် အစ္စလာမ်ဘာသာဝင် တို့ ၏ကိုးကွယ်ရာအထွက်အမြတ်ဖြစ် သော အလ္လာရှင်မြတ်နှင့် တမန်တော် မြတ်တို့ကို အကြမ်းဖက်ခေါင်းဆောင်များဟု ခေါ်ဝေါ်သုံးစွဲခဲ့သည်။

ယင်းဗီဒီယိုဖိုင်နှင့်ပတ်သက်ပြီး အစ္စလာမ်ကောင်စီဌာနချုပ် အတွင်း ရေးမှူးဖြစ်သူ ဦးတင်မောင်သန်းက အစ္စလာမ်သာသနာကို ယခုကဲ့သို့ စော်ကားမှုများသည် အကြိမ်ကြိမ် မရိုး နိုင်အောင်ရှိကြောင်း၊ ဘာသာရေး စော်ကားမှုများနှင့်ပတ်သက်ပြီး ယခင် အစိုးရ အဆက်ဆက်ကို အရေးယူရန် အတွက်အကြိမ်ကြိမ်မေတ္တာရပ်ခံတင်ပြ ခဲ့သော်လည်း အရေးယူတားမြစ်ခဲ့ ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

”အရေးယူ ဆောင်ရွက်မယ့် ကိစ္စမျိုးကို တစ်ဦးချင်းအနေနဲ့ဖြစ်စေ၊ တုံ့ပြန်တဲ့နေရာမှာ ဘေးထွက်ဆိုးကျိုး တွေ မဖြစ်ပေါ်အောင် သတိထား ဆောင် ရွက်ရပါတယ်။ ဘာ့ကြောင့် လဲဆိုရင် မုန်းတီးရေးဝါဒ ဖြန့်နေတဲ့ အမုန်းစကား ပြောသူတွေဟာ များ သောအားဖြင့် ဘာသာရေး အဆောင် အယောင်တွေကို အကာအကွယ်ပြု  ထားသူတွေဖြစ်တယ်။ သူတို့ ရည်ရွယ် ချက်က ဘာသာစုံငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်တာကို စိတ်ဝမ်းကွဲ ပြားအောင်၊ အမုန်းမီး တောက်လောင် အောင်၊ ပဋိပက္ခတွေ ဖြစ်ပေါ်အောင် ရည်ရွယ် လုပ်ဆောင်နေတာဖြစ်လို့ သူတို့ ထောင်ချောက်ထဲရောက်မသွား အောင် သတိထားတုံ့ပြန်ရပါတယ်”ဟု အစ္စလာမ်သာသနာရေး ကောင်စီ ဌာနချုပ်မှ အတွင်းရေးမှူးချုပ်ဖြစ်သူ ဦးတင်မောင်သန်းက ပြောကြားသည်။

ထို့ပြင် ဦးတင်မောင်သန်းက အမုန်းတရားများ လှုံ့ဆော်နေသည့် ¤င်းတို့၏လုပ်ရပ်သည်အောင်မြင်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံသား အများစုသည် အမှား၊ အမှန်ခွဲခြား တတ်သောကြောင့် ဖြစ်ကြောင်း ပြော ကြားပြီး ရန်ကို ရန်ချင်းတုံ့ပြန်သွား မည်မဟုတ်ဟု ၄င်းကဆိုသည်။

ဆရာတော်ဝီရသူကို ဘာသာ တစ်ခုနှင့်တစ်ခုကြား အမုန်းပွားစေ မည့်တရားများကို ဟောပြောနေ သောကြောင့်သတ္တမအကြိမ် နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထအထူးအစည်း အဝေး မှ နေ၍ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ပြီးခဲ့ သည့် မတ် ၁ဝရက်နေ့မှစတင်ကာ တရားဟောပြောခွင့်ကို တစ်နှစ်တိတိ ပိတ်ပင်ခဲ့သည်။  

မူရင်းလင့် - https://www.fridaytimesjournal.com/%e1%80%86%e1%80%9b%e1%80%ac%e1%80%b1%e1%80%90%e1%80%ac%e1%80%b9%e1%80%a5%e1%80%ae%e1%80%b8%e1%80%9d%e1%80%ae%e1%80%9b%e1%80%9e%e1%80%b0/