THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

NV ကဒ် ကိုင်ဆောင်ခြင်းဆိုင်ရာ သဘောထား ထုတ်ပြန်

အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး မှ NV ကဒ် ကိုင်ဆောင်ခြင်းဆိုင်ရာ သဘောထား ထုတ်ပြန်
=================
ဒီဇင်ဘာ ၄ ၊ ၂၀၁၇
M-Media

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ NV ကဒ် ကိုင်ဆောင်ခြင်းဆိုင်ရာ သဘောထား ကြေညာချက် တစ်စောင် ကို ဒီဇင်ဘာလ (၃) ရက်နေ့ ရက်စွဲ ဖြင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဆိုပါ ကြေညာချက်တွင် အောက်ပါအချက်များကို ထည့်သွင်းရေးသား ဖော်ပြထားပါတယ်။

(၁)နိုင်/ပြု/ဧည့် ကိုင်ဆောင်ထားသူများ (ပျက်စီး/ပျောက်ဆုံးလို့ပြန်လျှောက်ရင်လည်း) - NVကတ် ကိုင်ဆောင်ရန်မလိုပါ။

(၂)နိုင်/ပြု/ဧည့် ကိုင်ဆောင်ထားသူတို့၏ သား/သမီးများလည်း - NVကတ် ကိုင်ဆောင်ရန်မလိုပါ။

(၃)အမျိုးသားမှတ်တင်ကတ် (၂ခေါက်ချိုး/၃ခေါက်ချိုး) ကိုင်ဆောင်ထားသူများ - NVကဒ် ကိုင်ဆောင်ရန်မလိုပါ။

(၄) အမျိုးသားမှတ်တင်ကတ် (၂ခေါက်ချိုး/၃ခေါက်ချိုး) ကိုင်ဆောင်ထားသူတို့၏ သား/သမီးများလည်း -NVကတ်ကိုဆောင်ရန်မလိုပါ။

(၅)အိမ်ထောင်စုစရင်း ရှိသူများ - NVကတ် ကိုင်ဆောင်ရန်မလိုပါ။