THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

ယခင်ထက် ဒေါ်လာ ၃၀၀ ကျော်သက်သာသည့်နူန်းဖြင့်
ဝန်ဆောင်မှုပေးမည့် Multipoint ကုမ္ပဏီက
အစိုးရမဲဟာဂျီ တင်ဒါအောင်

အောင်အောင်
Myanmar Muslim Media
ဇွန် ၁၀၊ ၂၀၁၉...

မြန်မာမဲဟာဂျီ ၃၅၀ ဦးအတွက် တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှာ Multipoint Travel&Tour ဖြစ်ပြီး ဒေါ်လာ ၂၅၁၀ ဖြင့်လေလံအောင်ခြင်းဖြစ်ကြောင်း ၂၀၁၉ ခုနှစ် ဟဂ်ျစေလွှတ်ရေးကြီးကြပ်မှုကော်မတီ ကဇွန်လ ၁၀ ရက်နေ့တွင်ကြေငြာသည်။

အစိုးရမဲဟာဂျီ ၃၅၀ ဦးအတွက် ဝန်ဆောင်ခွင့် တင်ဒါရွေးချယ်မှုကို ဧပြီ လအတွင်းကပြုလုပ်ခဲ့ပြီး Spectrum Travels &Tours ကုမ္ပဏီက ဒေါ်လာ ၂၈၄၅ ဖြင့် လေလံအောင်ခဲ့သော်လည်း ယင်းလုပ်ငန်းကို ဆော်ဒီသံရုံးက အမည်ပျက်စာရင်းကြေညာခဲ့သောကြောင့် ယင်းအစား တင်ဒါအသစ်ပြန်ခေါ်ယူမှုတွင် ယခင်ထက် ဒေါ်လာ ၃၃၅ သက်သာသည့်နူန်းထားဖြင့် Multipoint ကုမ္ပဏီကလေလံအောင်ခဲ့ခြင်းဖြစ်သည်။
-
-
https://burmese.voanews.com/a/4931625.html

-