THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

မႏၱေလးက ဂြ်န္းဗလီကို ဗုိလ္ခ်ဳပ္မွဴးႀကီး သြားေရာက္လွဴဒါန္း

 

 

မႏၱေလးက ဂြ်န္းဗလီကို ဗုိလ္ခ်ဳပ္မွဴးႀကီး သြားေရာက္လွဴဒါန္း
~~~~~~~~~~
■ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ဟာ ဒီကေန႔ မႏၱေလးၿမိဳ႕ ခ်မ္း...ေအးသာစံၿမိဳ႕နယ္က ဂၽြန္းဗလီ အေျခခံဘာသာေရးစာသင္ေက်ာင္းကို လာေရာက္ၿပီး တပ္မေတာ္ ၾကည္း၊ ေရ၊ ေလ အဖြဲ႕က စုေပါင္းလွဴဒါန္းတဲ့ ေငြက်ပ္ သိန္း ၃၀ နဲ႔ ဆန္၊ ဆီ စတာေတြ လႉဒါန္းခဲ့ပါတယ္။

ကာကြယ္ေရးဦးခ်ဳပ္ကိုယ္တိုင္ လာေရာက္တာက ပထမဆံုးျဖစ္စဥ္လည္း ျဖစ္တာေၾကာင့္ ဂုဏ္ယူေၾကာင္းနဲ႔ ပိတ္ထားတဲ့ ဗလီေတြ ျပန္ဖြင့္ေပးဖို႔ကိုလည္း မႏၱေလးတိုင္း အစၥလမ္သာသနာေရးေကာင္စီ ဥကၠ႒ ေဒါက္တာေမာင္ေမာင္ က ေတာင္းဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၆ ရက္ေန႔ကလည္း ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ဟာ ေနျပည္ေတာ္ ပ်ဥ္းမနားက ဦးေဂ်း ဂ်ာေမဗလီနဲ႔ စိန္႔မိုက္ကယ္ ကက္သလစ္ခရစ္ယာန္ေက်ာင္းေတြကိုလည္း သြားေရာက္လွဴဒါန္းခဲ့ပါေသးတယ္။

Photo: Khaymani Win/RFA

-


မန္တလေးက ဂျွန်းဗလီကို ဗိုလ်ချုပ်မှူးကြီး သွားရောက်လှူဒါန်း
~~~~~~~~~~
■ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီကနေ့ မန္တလေးမြို့ ချမ်း...အေးသာစံမြို့နယ်က ဂျွန်းဗလီ အခြေခံဘာသာရေးစာသင်ကျောင်းကို လာရောက်ပြီး တပ်မတော် ကြည်း၊ ရေ၊ လေ အဖွဲ့က စုပေါင်းလှူဒါန်းတဲ့ ငွေကျပ် သိန်း ၃၀ နဲ့ ဆန်၊ ဆီ စတာတွေ လှူဒါန်းခဲ့ပါတယ်။


ကာကွယ်ရေးဦးချုပ်ကိုယ်တိုင် လာရောက်တာက ပထမဆုံးဖြစ်စဉ်လည်း ဖြစ်တာကြောင့် ဂုဏ်ယူကြောင်းနဲ့ ပိတ်ထားတဲ့ ဗလီတွေ ပြန်ဖွင့်ပေးဖို့ကိုလည်း မန္တလေးတိုင်း အစ္စလမ်သာသနာရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင် က တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နေပြည်တော် ပျဉ်းမနားက ဦးဂျေး ဂျာမေဗလီနဲ့ စိန့်မိုက်ကယ် ကက်သလစ်ခရစ်ယာန်ကျောင်းတွေကိုလည်း သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။

Photo: Khaymani Win/RFA