THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

အစၥလာမ္ဘာသာဝင္မ်ား သိရှိနိုင်ရန် အကြောင်းကြားခြင်း

 

သို့

     ဂေါပကအဖွဲ့/ဗလီရှေ့ဆောင်ဆရာ

     -------------------ဗလီဝတ်ကျောင်းတော်

 

အကြောင်းအရာ။               အစ္စလာမ်ဘာသာဝင်များ သိရှိနိုင်ရန် အကြောင်းကြားခြင်း။

 

၁။           ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၁၆ခုနှစ်၊ မတ်လကုန်မှ အစပြု၍ ပြည်သူအများဆန္ဒဖြင့် ရွေးချယ်တင်မြောက်ခြင်းခံရသော အစိုးရအဖွဲ့သစ်တာဝန်ယူပြီးသည့်နောက် မလိုလားသူအချို့က လူမျိုးရေး ဘာသာရေး သွေးထိုး လှုံ့ဆော် ဆောင်ရွက်မှုများ ပြုလုပ်လာသည်ကို စိုးရိမ်ဖွယ်ရာ တွေ့ရှိရပါသည်။

 

၂။           ယခုအခါ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် မလိုလားအပ်သော လူမျိုးရေး ဘာသာရေး ကိစ္စရပ်များ မဖြစ်ပေါ်ရလေအောင် စိတ်ဝမ်း မကွဲပြားဘဲ  ဘာသာပေါင်းစုံမှ  ကြိုးပမ်း ဆောင်ရွက်လျက်ရှိနေကြပါသည်။

 

၃။           ယခုကဲ့သို့သော အခြေအနေတွင် အစစအရာရာ ဆင်ခြင်ဉာဏ်အသိဖြင့် အစ္စလာမ်ဘာသာဝင် အချင်းချင်း မလိုလားအပ်သော အငြင်းပွားမှုများကိုရှောင်ကြဉ်ကာ ညီညွတ်စွာ နေထိုင်ကြရန်၊  ပတ်ဝန်းကျင်ရှိ ဘာသာမတူသူ ညီနောင်များနှင့်လည်း အပြန်အလှန်ထောက်ထားလေးစားကာ ချစ်ကြည်ရင်းနှီးစွာနေထိုင်အပ်ပါကြောင်းနှင့် နိုင်ငံတည်ငြိမ်အေးချမ်းဖွံ့ဖြိုးရေးအတွက် ပါဝင် ဆောင်ရွက်အပ်ကြောင်းကို ဂေါပကအဖွဲ့/ဗလီရှေ့ဆောင်ဆရာများက မိမိတို့၏ ဂျမာအသ်ဝင်များအား အစ္စလာမ့်တရားတော်လမ်းညွှန်ချက်များနှင့်အညီအသိပေးဟောပြောကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။

 

 

- အလ်ဟာဂ်ျမောင်လာနာယူစွဖ်၊ ဒုတိယဥက္ကဋ္ဌ ၊ အိုလမာ-အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်

- အလ်ဟာဂ်ျတင်မောင်သန်း ၊ အတွင်းရေးမှူးချုပ် ၊ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်

- အလ်ဟာဂ်ျကျော်စိုး ၊ အထွေထွေအတွင်းရေးမှူးချုပ် ၊ မြန်မာနိုင်ငံလုံးဆိုင်ရာမော်လဝီအဖွဲ့ချုပ်(ဗဟို)

- အလ်ဟာဂ်ျမြင့်ထွန်း ၊ ဥက္ကဋ္ဌ ၊ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့ မ-မ-လဌာနချုပ်

- ဟာဂျီကျော်ခင် ၊ အထွေထွေအတွင်းရေးမှူး ၊ မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ်(မ-အ-ဖ)ဌာနချုပ်