အစ္စလာမ့်ခေါင်းဆောင်မှု ဒီပလိုမာ
သင်တန်းလျှောက်လွှာခေါ်ယူခြင်း
=================
၁။ လူသားအကျိုးပြု ဘက်စုံထူးချွန်သော လူငယ်ခေါင်းဆောင်များပေါ်ထွန်းရေးနှင့် နိုင်ငံတကာ အဆင့်မီ အစ္စလာမ့်တက္ကသိုလ်များသို့ ပညာသင်စေလွှတ်ရေးအတွက် အစ္စလာမ့်ခေါင်းဆောင်မှု ဒီပလိုမာ သင်တန်းဖွင့်လှစ်ပို့ချမည်ဖြစ်ပါသည်။ အောက်ပါ အရည်အချင်းသတ်မှတ်ချက်များနှင့် ညီညွတ်သူ အစ္စလာမ်ဘာသာဝင် လူငယ်များ လျှောက်ထားနိုင်ပါသည်။
-
(က) မြန်မာနိုင်ငံသားဖြစ်ရမည်။
-
(ခ) တက္ကသိုလ်ဝင်တန်းအောင်ပြီးသူ (သို့မဟုတ်) အာလင်မ်ဘွဲ့လက်မှတ်ရပြီးသူ (သို့မဟုတ်) ဟာဖိဇ်ဘွဲ့လက်မှတ်ရပြီးသူဖြစ်ရမည်။
-
(ဂ) ကျန်းမာရေးကောင်းမွန်၍ အသက် ၁၆ နှစ်မှ ၂၃ နှစ်အတွင်း အိမ်ထောင်မရှိသူ အမျိုးသား လူပျိုဖြစ်ရမည်။
-
(ဃ) အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်။
-
၂။ လျှောက်ထားသူများသည် ဝင်ခွင့် စာမေးပွဲဖြေဆို၍ လူတွေ့ စိစစ်ခံရမည်ဖြစ်သည်။ သင်တန်းသား အများဆုံး ၂၀ ဦးထက် ပို၍ လက်ခံမည် မဟုတ်ပါ။
-
၃။ သင်တန်းကာလမှာ ၂ နှစ်ဖြစ်ပြီး သင်တန်းကာလအတွင်း ကျန်းမာရေး၊ စားသောက်နေထိုင်စရိတ်ကို တာဝန်ယူပေးမည့်အပြင် လစဉ် အသေးသုံးငွေ ထုတ်ပေးမည်။ တက္ကသိုလ်ဝင်တန်း အောင်ပြီးသူ သင်တန်းသားများကို အဝေးသင်တက္ကသိုလ်တက်ရောက်နိုင်ရန် စီစဉ်ပေးမည်။ သတ်မှတ်ထားသော နိုင်ငံတကာ အစ္စလာမ့်တက္ကသိုလ်တစ်ခုခုသို့ တက်ရောက် ပညာသင်ကြားခွင့်ရရှိသော သင်တန်း သားကို စရိတ်ငြိမ်း ပညာသင်သွားရောက်နိုင်ရန် တာဝန်ယူ စီစဉ်ပေးမည်။
-
၎။ သင်တန်းလျှောက်လွှာပုံစံများကို အစ္စလာမ်ကောင်စီဌာနချုပ်ရုံးတွင်လည်းကောင်း၊Facebook ; Islamic Religious Affairs Council, Myanmar(https://www.facebook.com/irac.myanmar)နှင့် https:// iracmyanmar.org တွင် ရယူနိုင်ပါသည်။ လျှောက်လွှာပုံစံများကို ပြည့်စုံစွာ ဖြည့်စွက်ပြီးနောက် ၁၅ - ၇ - ၂၀၁၇ ရက်နေ့ နောက်ဆုံးထား၍ အစ္စလာမ်သာသနာ ရေးရာကောင်စီဌာနချုပ်၊ အမှတ် - ၁၈၃၊ ပထမထပ်၊ ဗိုလ်ဆွန်ပက်လမ်း၊ အလယ်ဘလောက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့သို့ ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက်၍ ဖြစ်စေ (သို့မဟုတ်) စာတိုက်မှ တစ်ဆင့်ဖြစ်စေ ပြန်လည် ပေးပို့ရမည်ဖြစ်ပါသည်။
-
အစ္စလာမ့်ခေါင်းဆောင်မှု ဒီပလိုမာ
သင်တန်း အုပ်ချုပ်မှုကော်မတီ
ဖုန်း- ဝ၁ ၂၅၂၆၀၈၊
ဝ၉ ၂၅၀၁၀၄၃၈၈၊
ဝ၉ ၄၂၁၀ဝ၉၇၄၈
-
သင်ကြားမည့် ဘာသာရပ်များ
================
၁။ မြန်မာစာ -
Myanmar Literatures
-
၂။ အရဗီဘာသာ စကားနှင့် စာပေ
Arabic Language and Literatures
-
၃။ အင်္ဂလိပ်စာ -
British Council / American Centre တွင်
သင်ကြားနိုင်ရန် စီစဉ်ပေးမည်။
-
၎။ အစ္စလာမ့်ရေးရာ
(ကုရ်အာန်၊ဟဒီးဆ်နှင့်ဖိကာဟ်)
Islamic Studies
(Qur’an, Hadith and Fiqh)
-
၅။ ဒဟ်ဝါရေးရာနှင့်
ကမ္ဘာ့သာသနာများကိုလေ့လာခြင်း -
Da’wah and Studies of Different Faiths
-
၆။ သမိုင်းနှင့် ယဉ်ကျေးမှု -
History and Civilizations
(တမန်တော်မြတ်၏အတ္ထုပ္ပတ္တိ၊
အစ္စလာမ့်သမိုင်း၊
မြန်မာ့သမိုင်း
ကမ္ဘာ့သမိုင်း၊
မြန်မာနိုင်ငံနှင့် အစ္စလာမ်သာနာ၊
ကမ္ဘာ့ယဉ်ကျေးမှု
ဖွံ့ဖြိုးတိုးတက်ပုံအဆင့်ဆင့်)
-
၇။ ဥပဒေမိတ်ဆက် -
Introduction to the Laws (Jurisprudence)
-
၈။ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုပညာ -
Leadership and Principle of Management
(Capacity Building,
Organizational Development,
Youth Development and
Personal Development)
-
၉။ သိပ္ပံနှင့်နည်းပညာ -
Science and Technology
-
၁၀။ ကိုယ်ကျင့်တရားပညာ -
Moral and Purification of Soul
-
၁၁။ လူမှုရေးသိပ္ပံ -
Social Science and General Studies
(က) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး -
Environmental Issue:
-
(ခ) ဘာသာပေါင်းစုံချစ်ကြည်ရေး -
Interfaith
-
(ဂ) ဟလာဟ်အစားအစာနှင့်
ကျန်းမာရေးစောင့်ရှောက်မှု -
Food Safety and Healthcare:
-
၁၂။ စီးပွားရေးပညာ -
Economics