THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

PDF File များ Download ပြုလုပ်နည်း Youtube Link

အစ္စလာမ်သာသနာရေးရာကောင်စီ စတင်တည်ထောင်ရာတွင် ဦးဆောင်ပါဝင်ခဲ့သည့် ဗဟိုအမှုဆောင်

 

သုတေသီ အမတ်မင်း ဦးဘိုးခိုင်

 

 

 

        ဦးဘိုးခိုင်သည် ပရိက္ခရာကုန်သည်ကြီး ဦးကုလားခိုင်နှင့် သံတွဲသူ ဒေါ်မမလေးတို့၏ သားရတနာဖြစ်သည်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် စနဲမြို့ဇာတိဖြစ်သည်။ ဦးကုလားခိုင်သည် ဦးချီဒိုးခိုင်နှင့် ဒေါ်မြစိန်တို့၏သား ဖြစ်သည်။ သံတွဲသူ ဒေါ်မမလေးသည် ရခိုင်ဘုရင့်တပ်မတော် တပ်စဉ် ဗိုလ်ကြီး ဘိုးထွန်းခိုင် အဗ်ဒွလ်ရဟ်မန်နှင့် မင်းကတော် ဒေါ်မဖြူတို့၏ သမီးဖြစ်သည်။

        ဦးကုလားခိုင်တွင် ပထမအိမ်ထောင်မှ ဒေါ်မြသွင်ဦးပါသကဲ့သို့ ဒေါ်မလေးတွင်လည်း သားဦးဘသော်ပါသည်။ ဦးကုလားခိုင်နှင့် ဒေါ်မလေးတို့မှ ဒေါ်စိန်စိန်၊ ဒေါ်မြခိုင်နှင့် ဦးဖိုးခိုင်တို့ကို ဖွားမြင်သည်။

        သမီးကြီးဒေါ်စိန်စိန်သည် အထည်အလိပ်ကုန်သည် ဦးရွှေမောင် နှင့် အကြောင်းပါပြီး ဒေါ်စိန်ခင်၊ ဒေါ်ငွေခင်၊ ဦးဘအိုနှင့် ဒေါ်မြကြည်တို့ လေးဦး ထွန်းကားသည်။ ဒေါ်စိန်စိန်၏သမီးထွေး ဒေါ်မြကြည်မှာ ကျောက်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အတွင်းရေးမှူး ဦးဘစိန်နှင့် အိမ်ထောင်ဖက်ပြီး ဦးဘဌေး(ကျောက်ဖြူမြို့မဈေး တာဝန်ခံအုပ်ချုပ်ရေး မှူး)၊ ဦးဘလှ (ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ ငွေစာရင်းစစ်)၊ ဒေါ်ခင်ခင်ကြည် နှင့် ဦးဘသောင်း (အထူးစုံစမ်းစစ်ဆေးရေး ဦးစီးအရာရှိ) တို့ကို ဖွားမြင်သည်။ ဦးဘသောင်းသည် အငြိမ်းစားယူပြီး ယခုအခါ ပုဇွန်တောင်မြို့နယ်တွင်နေထိုင်ကာ တရားရုံးချုပ်ရှေ့နေနှင့် ကုမ္ပဏီများ ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်လျက်ရှိသည်ဟု သိရပါသည်။

        ဒေါ်မြခိုင်မှ ဒေါ်ပုချေ၊ ဦးဘကျော်နှင့် သားတစ်ဦး ဖွားမြင် သည်။ ဦးဖိုးခိုင်မှာ ပါလီမန်အမတ်ဖြစ်လာမည့် ဒေါ်အေးညွန့်  နှင့် ဦးညီပုတို့ကို ဖွားမြင်ပြီး ဒေါ်မလေးပါ သားရင်းဦးဘသော်မှ ဦးတင်ဇော်ပါ ၆-ဦး ထွန်းကားသည်။

        ဦးဘိုးခိုင်သည် ငယ်စဉ်က စစ်တွေနှင့် ကျောက်ဖြူ အင်္ဂလိပ် ကျောင်းများတွင် ပညာဆည်းပူးခဲ့သည်။ သတ္တမတန်း စာမေးပွဲဖြေဆိုရာ တစ်နိုင်ငံလုံး၌ ပထမဆွတ်ခူးသဖြင့် စကောလားရှစ် ပညာသင်ဆုရရှိ ခဲ့သည်။ ရန်ကုန်ကောလိပ်တွင် ဆက်လက်ဆည်းပူးခဲ့သည်။

        ၁၉၂၇ ခုနှစ် ဇူလိုင်လတွင် စစ်တွေမြို့၌ ရှေ့နေအဖြစ် စတင် လုပ်ကိုင်သည်။ ထိုနှစ်မှာပင် စစ်တွေမြို့ မြူနီစီပါယ်လူကြီးတစ်ဦးအဖြစ် ရွေးကောက်ခံရသည်။ မကြာမီ စစ်တွေမြို့ အင်ဂျာမန် အစ္စလာမီယာ နှင့် ဟောက်တန်စာကြည့်တိုက် အတွင်းရေးမှူးအဖြစ် ရွေးကောက်ခံရ သည်။ ထိုအသင်း၏ နိုင်ငံခြားဇာတ်သွင်းနေမှုကို ဆန့်ကျင်ခဲ့သည်။

        သန်းခေါင်စာရင်းကောက်သည့်အချိန်တိုင်း တိုင်းရင်း မွတ်စလင်မ် များအာှးုညိသ  ဘကမာညေ အိန္ဒိယမြန်မာကပြားဟု စာရင်းသွင်းသည် ကို လက်မခံ၊ ကမန်မြေထူးစသဖြင့် စာရင်းတင်ရန် အရေးဆိုခြင်း၊တိုင်းရင်း မွတ်စလင်မ်ထုအား ပညာပေးခြင်းများပြုလုပ်ခဲ့သည်။

        လွှတ်တော်ရှေ့နေကြီး ဦးယာဆင်ြ.ဗယြ.ူ နှင့်တွဲ၍ မြို့ဟောင်း နှင့် မင်းပြားနယ်တစ်ဝိုက် သုတေသနခရီးဆန့်ခဲ့သည် ။ ဘုရင် စောမွန် လက်ထက် စစ်ဗိုလ်ချုပ် စန္ဒီခန် တည်ဆောက်ခဲ့သော စန္ဒီခန်ဗလီခေါ် သင်းသီးဗလီ၊ မင်းသား ရှားရှုဂျာစံမြန်းနေထိုင်ခဲ့သော ဘားဘူးတောင် ဘုရားခြေရင်းရှိ နန်းတော်ရာ၊ ရှားရှုဂျာနှင့် နောက်တော်ပါးများ တည်ခဲ့ သော ဘုရားရှိခိုးကျောင်း၊ မင်းပြားမြို့ရှိ ဦးကာဒီကြီး၏သင်္ချိုင်း (မြိတ် တောင်ရွာ)တို့ကို အမှတ်တရ  ဓာတ်ပုံများရိုက်ယူလာသည်။ သမိုင်းဝင် အထောက်အထားများပြ၍ မွတ်စလင်မ်ထုအား ဟောပြောခဲ့သည်။

        ၁၉၃၂မှ ၁၉၃၇ ခုနှစ် မင်းတိုင်ပင်အမတ်ဖြစ်စဉ် တိုင်းရင်း မွတ်စလင်မ်တို့၏ နိုင်ငံရေး၊ ပညာရေးများကို ထိရောက်စွာပါဝင် ကူညီခဲ့ သည်။

        စစ်တွေ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်းတော မြို့နယ်ဟူသည့် ၅ မြို့နယ် ကိုယ်စားလှယ်အဖြစ် မင်းတိုင်ပင်အမတ် ရွေးချယ်ခံရစဉ် အရေးကြီးသော ခွဲရေးတွဲရေးကိစ္စတွင် ခွဲရေးဘက်မှ ထောက်ခံမဲ ပေးခဲ့သည်။

        ဦးဘိုးခိုင်သည် နှစ်ဖက်မိဘမှ ဇာတိမာန်စိတ်ဓာတ်ကို အမွေခံသူ ဖြစ်သည်။ ဇာတိမာန်ကို ဖော်ညွှန်းသော ရာဇဝင်သမိုင်းကို စိတ်ဝင်စားသည် အပင်ပန်းခံ၍ ရှာဖွေစုဆောင်းသည်။ အများအကျိုးအတွက် ရေးသား ဖြန့်ချိသည်။

        ၁၉၃၅-ခု ဧပြီလ၊ ၁၂၉၇-ခု တန်ခူးလထုတ် မြန်မာ့အလင်းနှစ်သစ် မင်္ဂလာသတင်းစာတွင် မင်းတိုင်အမတ် ဦးဘိုးခိုင်သည် မြန်မာမွတ်စလင် ဆောင်းပါးဖြင့် မွတ်စလင်သမိုင်းကို ဖော်ကျူးပါသည်။

        ဦးဘိုးခိုင်သည် ဦးစွာ သမညရခိုင်မွတ်စလင်၊ ကမန်မွတ် စလင်၊ မြေထူးမွတ်စလင်ဟူ၍ ခေါင်းစဉ်သုံးခုဖြင့် တိုင်းရင်း မွတ်စလင် တို့ ဖြစ်ပေါ်လာပုံကို လက်လှမ်းမီသမျှ အထောက်အထားများဖြင့် တင်ပြ သည်။

        ရခိုင်မွတ်စလင်များသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော် လောက်က အစပြု၍ တဖြည်းဖြည်း ရောက်ရှိလာသော အာရဗ်လူမျိုး၊ ပါရှင်းလူမျိုးနှင့် အိန္ဒိယလူမျိုးများမှ ဆင်းသက် ပေါက်ဖွားလာသူများ ဖြစ်သည်။ ရှေးကျသော ရခိုင်လူမျိုးများကဲ့သို့ပင် ဝတ်စားဆင်ယင်သည်။ အဆက်အနွယ်များသည် ကျောက်တော်၊ မင်းပြားနှင့် ပေါက်တောနယ်များ တွင် နေကြသည်။ လယ်ယာကိုင်းကျွန်းလုပ်ကိုင်ကြသည်။

        ကမန်မွတ်စလင်တို့သည် မဂိုလ်ဒေလီဘုရင် ရှာဂျဟန်မင်း မြတ်၏သားတော် ရှာရူဂျာမင်းသားမှအစပြုသည်။ ရှာရူဂျာကို ရခိုင်တို့က သက်သူဇာဟုသိကြသည်။ ကမန်တို့သည် လေးသည်တော်အဖြစ် မင်းမှုထမ်းသည်။ အများအားဖြင့် ကုန်သွယ်လယ်လုပ်များ ဖြစ်သည်။ ရခိုင်လိုဝတ်၊ ရခိုင်လိုပြောသူများဖြစ်သည်။ စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲစီရင်စုများတွင် နေကြသည်။

        မြေထူးမွတ်စလင်များသည် ရခိုင်ပြည်နှင့်ဟံသာဝတီ ပဲခူး မြို့တော်မှ ပြောင်းရွှေ့လာကြသည်။ ဘုရင့်ကိုယ်ရံတော်အဖြစ်ဖြင့် အမှုထမ်းခဲ့ကြသော မွတ်စလင်များမှ ဆင်းသက်လာသည်။ ပဲခူးတွင် အာရဗ် မွတ်စလင်ကုန်သည်များ နေထိုင်ခဲ့ကြသည်။ရွှေဘိုခရိုင်မြေထူးမြို့၊ စစ်ကိုင်းခရိုင်၊ ပင်းယ၊ ကန့်ဘလူ၊ ရမည်းသင်းခရိုင်၊ ယင်းတော်နှင့် ကျောက်ဆည်ခရိုင် လက်ပံမြို့များ၌ စားမြေနေမြေ ချထားပေးခံရသူ အားလုံးကို မြေထူးမွတ်စလင်ဟုခေါ်သည်။ ရခိုင်တိုင်းသံတွဲတွင် မြေထူး မွတ်စလင်အချို့ရှိသည်။ လယ်ယာဥယျာဉ်လုပ်ကိုင်သည်။ ဝတ်စားပြောဆို နေထိုင်မှုမှာမြန်မာတိုင်းရင်းသားများနှင့် မခြားနားပါဟူ၍ ဖြစ်သည်။

        အမတ်မင်းဦးဘိုးခိုင်သည် ဆောင်းပါးနိဂုံးတွင် ၁၉၃၁-ခု အစိုးရ မှတ်ပုံတင်သန်းခေါင်စာရင်းအရ မြန်မာ၊ ကူကူချင်း၊ မြို၊ တယ်၊ ဗသျှူး၊ မွန်၊ ကရင်၊ ပန်းသေး၊ ရခိုင်၊ ကမန်၊ မြေထူးမွတ်စလင်၊ နိုင်ငံခြားသား မွတ်စလင် မြန်မာပြည်မွေး နိုင်ငံခြားသားမွတ်စလင်အပါအဝင် မြန်မာပြည် နေ မွတ်စလင်ဦးရေစာရင်းကို ဖော်ပြသည်။ တစ်ဆက်တည်းမှာပင် ၁၀၆၀ ခု မှ ၁၀၇၆ ခုနှစ်လောက်တွင် မြန်မာပီပီပြဿာဒ်များနှင့် ဆောက် လုပ်ထားသော ရွှေဘိုနယ်မြေမြို့အနီး မှော်ရွာရှိ မွတ်စလင်ဗလီ ဓာတ်ပုံ ကို ဖော်ပြထားသည်။ ဂုဏ်ယူဖွယ်ကောင်းလှပါသည်။

        အမတ်မင်း ဦးဘိုးခိုင်သည် မိမိကိုယ်တိုင် သမိုင်းကို ဝါသနာ ပါသကဲ့သို့ သမိုင်းစူးစမ်းသော အခြားသုတေသီများကိုလည်း လေးစား သည်၊ ပံ့ပိုးကူညီသည်။

        ၁၉၃၈-ခုတွင် နောင်နိုင်ငံ့ဂုဏ်ရည် ပထမဆင့် ချီးမြှင့်ခံရသည့် ဆရာဦးဘိုးချယ်က ဗမာမွတ်စလင်တို့၏ရှေးဟောင်း အတ္ထုပ္ပတ္တိကို ပြုစု သည်။ ထိုစဉ် ဦးဖိုးခိုင်က သမိုင်းဝင် အဆောက်အဦများကို ဓာတ်ပုံရိုက်ပို့ ကူညီသည်။

        ရခိုင်ရှိ စန္ဒီခါန်ဗလီ၊ မူစာဒေဝန်ဗလီ၊ ဘုဒေါမုကံဗလီနှင့် အဆောက် အဦများ၊ ရှူဂျဗလီ၊ ရှူဂျမင်း၏စံနန်းရာ စသည် သမိုင်းဝင်ဓာတ်ပုံများ ပါဝင်သည်။

        စန္ဒီခါန်ဗလီသည် သမိုင်းဝင်ဗလီတစ်လုံး ဖြစ်သည်။ ဘင်္ဂလားပြည် မှ စစ်အကူအညီကြောင့် နရမိတ်လှထီးနန်း ပြန်လည်ရရှိသည့်အခါ ကျေးဇူး တင်သောအားဖြင့် မြို့ဟောင်းကို မြို့တော်သစ်ပြုလုပ်ပြီး လက်အောက်ခံ အဖြစ် အုပ်ချုပ်သည်။ မြို့ဟောင်းမြို့၌ စန်ဒိခန်ဗလီကို ကျောက်ဖြင့် ဆောက်လုပ်ခွင့်ပေးသည်။ ထိုမျှမက မွတ်စလင်တို့၏ ယုံကြည်ချက် ကလ်မာကို ဒင်္ဂါးခပ်နှိပ်ရန် မိန့်မှတ်သည်ဟု ဆရာချယ်၏စာအုပ်တွင် မှတ်တမ်းပြုထားသည်။

        အလားတူပင်မူ စာဒေဝန်ဗလီသည် စစ်တွေမြို့၊ မွတ်စလင် သုဿန်တွင် လွန်ခဲ့သော ခရစ်နှစ် ၁၇၀ဝကျော် ၁၈၀ဝ လောက် အတွင်း က ဆောက်လုပ်ခဲ့သည်။ ဘဒ္ဒရ်မကာန်ခေါ် ဗုဒ္ဓေါမော်ဂူ နှင့် ဗလီသည် ခရစ်နှစ် ၁၇၈၆ နှစ်က ဆောက်လုပ်ခဲ့ပြီး ယခုအခါ လူမျိုးမရွေး ဘာသာ မရွေး ရိုသေကိုင်းရှိုင်းခြင်းခံနေရသည့် သမိုင်းဝင် အဆောက်အဦဖြစ်သည် ဟု ဖော်ပြသည်။

        ရှူဂျာဗလီ၊ ရှူဂျာမင်း၏ စံနန်းရာ စသည်တို့ကား အိန္ဒိယနိုင်ငံ အာဂရမြို့၊ တဂ်ျမဟာလ် ကမ္ဘာကျော်အဆောက်အဦကို ဆောက်တည် တော်မူခဲ့သော ရှာဂျဟန်မင်း၏ သားတော်ရှူဂျာနှင့် ပတ်သက်သည်။ ခရစ်နှစ် ၁၆၆၁-ခုနှစ်က ရှူဂျာမင်းသား၏ အြွေခအရံတို့ကို ရခိုင်မင်း၏ နန်းတော်တွင် ကိုယ်ရံတော်တပ်ဖွဲ့၍ လခပေးခန့်ထားသည်။ ရခိုင်ပြည် ]ကမန်မွတ်စလင်}ဟု ထင်ရှားလာသူများဖြစ်သည်။

        ဆရာဦးဘိုးချယ် ရေးသားဖော်ပြသည့် သမိုင်းအချက်အလက်များ ခိုင်လုံမှုအတွက် အမတ်မင်း ဦးဘိုးခိုင်ပေးပို့သည့် ဓာတ်ပုံများသည်များစွာ အထောက်အပံ့ပြုပါသည်။

        ဂျပန်ခေတ်တွင် ဦးဘိုးခိုင်ကို ကျောက်ဖြူခရိုင်အတွင်း ပထမ တရားမနယ်ပိုင် တရားသူကြီးခန့်ပြီးနောက် ရဲဝန်ထောက်အဖြစ် ခန့်အပ် သည်။ ရဲဝန်ထောက်အဖြစ် တာဝန်ထမ်းဆောင်စဉ် ရဲအဖွဲ့ဝင် ၄၀ နှင့်အတူ မြေပုံမြို့အထိသွားပြီး သူခိုးဓားပြများကို ရှင်းခဲ့သည်။ ဤသို့ နောက်ပါများ နှင့် သွားသည်ကို တော်လှန်ရန်လူစုသည်ဟု စွပ်စွဲဖမ်းဆီးခံရသည်။ တစ်လကျော် ချုပ်ခံရပြီးမှလွတ်ခဲ့သည်။

        အချုပ်မှလွတ်သော် ရန်ကုန်သို့ လိုက်သွားပြီး သခင်မြ ခေါင်းဆောင် သော ကက်ဘိနက်အစည်းအဝေးတက်၍ အဖြစ်အပျက် ပြောပြသည်။ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် ဂျပန် ဃ့ငန် သ်ျအေ် ထံ ခေါ်သွားပြီး ရှင်းပြခိုင်းရာ ဂျပန်က မှားကြောင်းဝန်ခံခဲ့သည်။ ရန်ကုန်မှာရှိနေစဉ် ဗိုလ်ချုပ် အောင်ဆန်းက ခေါ်ယူတွေ့ဆုံကျွေးမွေးဧည့်ခံသည်။ ဆရာကြီး သခင် ကိုယ်တော်မှိုင်းကလည်း ခေါ်ယူတွေ့ဆုံ အားပေးသည်။ ရန်ကုန်မြို့ ပန်ကာ မောင်အေး၏ နေရာတွငိပိ.င.ါ (ခငိ) ခန့်ထားခြင်းခံရသည်။

        ၁၉၄၁-ခုနှစ်တွင် အထက်တန်းရှေ့နေ ဦးဘိုးခိုင်သည် ဗမာ နိုင်ငံ လုံးဆိုင်ရာ နိုးကြားရေး ကွန်ဖရင့်အမှုဆောင်လူကြီးအဖြစ် အရွေးခံရသည်။ ၁၉၄၅-ခု ဩဂုတ်လတွင် မြန်မာမွတ်စလင်အဖွဲ့ချုပ်ွဃဗြ ၌ မင်းတိုင်ပင် အမတ် ဦးဘိုးခိုင်သည် ဒုတိယ ဥက္ကဋ္ဌဖြစ်လာသည်။

        ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ဖဆပလအဖွဲ့ချုပ်တွင် ဗိုလ်ချုပ် အောင်ဆန်း၊ ဦးကျော်ငြိမ်း၊ ဦးဘဆွေတို့နှင့်လည်း မကြာခဏ တွေ့ဆုံဆွေး နွေးခဲ့သည်။

        မကြာမီ ပျဉ်းမနားတွင် ဗမာမွတ်စလင်မ် ညီလာခံပြုလုပ်ရာ ဖိတ်ကြားခံ ရသည်။ ထိုညီလာခံတွင် ဆရာကြီး ဦးရာဇတ်အား ဥက္ကဋ္ဌအဖြစ် တင် မြှောက်ခဲ့ကြသည်။

        ၁၉၄၆ ခုတွင် ဦးဘိုးခိုင်သည် စစ်တွေသို့ပြန်ခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်း၊ ဟင်္သာတ ဦးမြ၊ ဦးအောင်ဇံဝေတို့ စစ်တွေသို့ ရောက်လာ သည်။ ဗိုလ်ချုပ်က-

မွတ်စလင်မ်လူထုလဲ ကျွန်တော်တို့နဲ့ လက်တွဲ ဆောင်ရွက် စေလိုပါတယ်။ ကျွန်တော် ဘူညေု  ခ့နဆကန ပေးပါမယ်။ သေအတူ ရှင်အမျှပါ။ မိမိတို့လိုရာကို တောင်းကြပါ။ ကျွန်တော် တတ်နိုင်သလောက် လိုက်လျောပါမယ်။ တိုင်းရင်းသား ကွဲနေ ရင် ဗမာပြည် လွတ်လပ်ရေးရဖို့ခက်ပါတယ်။}

ဟု မိန့်ခွန်းပေးခဲ့ကြောင်း ဦးဘိုးခိုင်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိတွင် ဖော်ပြပါရှိပါသည်။

        ဦးဘိုးခိုင်သည် ၁၉၄၈-ခု ဒီဇင်ဘာ ၁၉ ရက်နေ့တွင် စစ်တွေ မြို့၌ ကျင်းပသည့် ရခိုင်ပြည်လုံးကျွတ် ရခိုင်မွတ်စလင်ညီလာခံကြီး၏ သဘာပတိအဖြစ် ဆောင်ရွက်သည်။ ညီလာခံသဘာပတိ မိန့်ခွန်းတွင် ညီလာခံကျင်းပရခြင်းအကြောင်းကို ဦးစွာရှင်းပြသည်။ ၁၉၄၈-ခုတွင် မြန်မာအစိုးရသည် မြန်မာနိုင်ငံတော်သားအဖြစ် ရွေးချယ်ရေး အက်ဥပဒေ နှင့် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေနှစ်ရပ် အတည်ပြုခဲ့သည်။ ထို့ကြောင့် ၁၉၄၉-ခု မေလ ၁ ရက်နေ့မတိုင်မီ လျှောက်ထားရန် နှိုးဆော်သည်။ တစ်ဆက်တည်းမှာပင် ကုလားဆိုတာဘာလဲ၊ ရခိုင်မွတ်စလင်ရိုဟင်ဂစခေါ် ရခိုင်မွတ်စလင်၊ ကမန်လူမျိုး၊ မြေထူးလူမျိုး၊ ဇေရဘာဒီလူမျိုး ဟူသည့် မွတ်စလင်များဖြစ်ပေါ်လာပုံ၊ ရခိုင်မွတ်စလင်တို့၏ ရှေးအခါက အခြေအနေ၊ ယခုလက်ရှိအခြေအနေ၊ ဆူပူသောင်းကျန်းမှုကိစ္စ၊ ဒို့သဘောထားဟူသည့် ခေါင်းစဉ်များဖြင့် ရှင်းလင်းမိန့်ကြားသည်။

        အကျဉ်းသဘောမှာ လွတ်လပ်ပြီးစ ရခိုင်မွတ်စလင်တို့၏တာဝန်ကို ရှင်းပြသည်။ ရခိုင်မွတ်စလင်တို့သည် ရှေးကတည်းက ရခိုင်ဗုဒ္ဓဘာသာ များနှင့် ရောနှောသင့်မြတ်စွာနေထိုင်ခဲ့ကြသည်။ ဘုရင့်သစ္စာကို စောင့်သိ သည်။ ဘုရင်မင်းမြတ်ကလည်း နိုင်ငံသုံး ငွေဒင်္ဂါးပေါ်တွင်ပင် ကလေမာ ခေါ် ကျမ်းတော်လာ လင်္ကာတစ်ပိုဒ် (ယုံကြည်ချက်)ကိုပင် ရိုက်နှိပ်ခဲ့သည် သာမက မွတ်စလင်အမည် တံဆိပ်တော်များ ခတ်နှိပ်ခံယူတော်မူခဲ့သည်။ နယ်ချဲ့ပယောဂကြောင့် အထင်လွဲမှုပေါ်ပေါက်ရသည်။ ဒုတိယကမ္ဘာစစ် အတွင်း အမြော်အမြင်ကြီးမားသော နိုင်ငံခေါင်းဆောင်ကြီးများကြောင့် ဘာသာမရွေး၊ လူမျိုးမရွေး၊ ပေါင်းသင်းဆက်ဆံမှု တိုးပွားလာသည်။ တိုင်းရင်းသားစုံပါသော လူထု တပ်ဦး ဖဆပလအဖွဲ့ကြီး ပေါ်လာသည်။ ကုလားမွတ်စလင်မှ ဗမာမွတ်စလင်ကို ခွဲခြားပြနိုင်ခဲ့သည်။ နိုင်ငံဥပဒေများ ပေါ်ပေါက်လာသည်။ သောင်းကျန်းမှုကို မိမိတို့ မထောက်ခံ၊ မလိုလား၊ ဗမာပြည်သည် မိမိတို့ပြည်ဖြစ်သည်။ မိမိတို့သည် ဤပြည်မှာ မွေး၍ ဤမြေမှာပင် အရိုးထုတ်ရမည့်သူများဖြစ်သည်ဟု ရေလည်အောင် ရှင်းပြ ခြင်းဖြစ်သည်။

နိဂုံြးွေကးကြော်သံမှာ

-       ဒို့မျိုးချစ် ရခိုင်မွတ်စလင်အပေါင်းတို့မှာ ယနေ့မှစ၍ စုရုံးကြကုန်အံ့၊ အသင်းအပင်း ဖွဲ့စည်းကြအံ့၊ မိမိတာဝန်ကို မိမိတို့ ကျေပွန် အောင် သစ္စာရှိစွာဖြင့် ထမ်းဆောင်ကြအံ့။

-       မိမိတို့မှာ ကုလားမဟုတ် ဗမာဖြစ်ကြောင်း သတိရကြအံ့၊ ကုလား မဟုတ်ကြောင်း အလုပ်ဖြင့် ပြကြအံ့၊ တိုင်းရင်းသားပီပီ နိုင်ငံ တော်ကြီး၏ အကျိုးကို ဆောင်ကြအံ့။

-       ငါတို့ အရေးတော်ပုံ အောင်ရမည်

ဟူ၍ ဖြစ်ပါသည်။

        ဦးဘိုးခိုင်သည် ၁၉၃၅-ခုနှစ်မှစ၍ြူဃ မင်းတိုင်ပင် အမတ် တစ်ဦးဖြစ်သည်။ ဖဆပလခေတ် ၁၉၅၂-ခုတွင်လည်း ပါလီမန် အမတ် အဖြစ် ရွေးကောက်ခံရသည်။ ပါလီမန် နှစ်ဆက်တွင် အတွင်းဝန်ဖြစ်သည်။ တစ်ဦးတည်းသော သမီးဒေါ်အေးညွန့်နှင့် သမက် စူလတန်အာမက် တို့လည်း ပါလီမန်အမတ်များဖြစ်ကြသည်။

        ဦးဘိုးခိုင်၏မျိုးချစ်စိတ်ဓာတ် ရင့်သန်မှု၊ သုတေသနအရာ လေးစား ရမှု၊ စာစု၊ စာပြုအရာအားထားရမှုတို့ကို ၁၉၇၁ ခုနှစ် မတ်လ ၁၇ ရက် နေ့တွင် ဆရာဦးဖိုးချယ်က ဦးဘိုးခိုင်ထံ ရေးသားသောစာတွင် အထူး ပေါ်လွင်နေပါသည်။

        နိုင်ငံတော်ကောင်စီဝင် ရခိုင်အမျိုးသား ဦးလှထွန်းဖြူက လှထွန်းဖြူ သတင်းစာဆရာအမည်ဖြင့် ရေးသားသော ရခိုင်ပြည်နယ် တိုင်းရင်းသား လူမျိုးစုများစာအုပ်တွင်

        သမိုင်းအထောက်အထားများအရ ကမန်အမျိုးသားများသည် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဖြစ်ကြောင်း၊ ၁၄၅၉ မှ ၁၄၈၂ ခု ရခိုင်ဘုရင် ဘစောဖြူလက်ထက်ကပင် နန်းတော်တွင်း၌ အမှုထမ်းခဲ့ကြောင်း ၊ လှံကိုင် ဓားဆွဲ သူရဲကောင်းတပ်၊ ကမန်လေးကိုင် သူရဲကောင်းတပ်၊ သိုင်းတပ်၊ သူရဲတပ်စသည်များ ဖွဲ့စည်းထားသည့် ရခိုင်တပ်မတော်ဖြစ်ကြောင်း၊ မင်းဘာကြီးလက်ထက် ကမန်သူရဲကောင်းငါးသောင်းကျော်ရှိကြောင်းကို အရှင်ဥက္ကံ(စောမဲကျီ)စာအုပ်မှာ ဖော်ပြထားကြောင်း၊ ရှာရှူးဂျာရဲ့ နောက်လိုက်အချို့ကို ရှိရင်းစွဲကမန်သူရဲကောင်းတပ်ထဲတွင် ပေါင်းလိုက် ကြောင်း၊ ကမန်အမျိုးသားများသည် ကိုးကွယ်သည့်ဘာသာမှအပ အားလုံး ရခိုင်အဆင်၊ ရခိုင်အဝတ်၊ ရခိုင်စကားပြောဆိုကြောင်း၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီကထုတ်သည့် တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာ ဓလေ့ထုံးစံ(ရခိုင်)စာအုပ်တွင် ကမန်အမျိုးသားမျိုးနွယ်ကို ဖော်ပြထား ကြောင်း၊ သမိုင်းစဉ်တစ်လျှောက် ကမန်များသည် မြန်မာများနှင့်တွဲ၍ လုပ်ဆောင်ခဲ့ကြကြောင်း၊ ဟိုက်ကုတ်တရားသူကြီး ဦးစီဘူးသည် စစ်တွေ ကျေးလက် သက္ကေပြင်ရွာမှ ကမန်အမျိုးသားဖြစ်ကြောင်း၊ ညီ ဦးညိုဘူး သည်လည်း ကမန်အမျိုးသားဖြစ်ကြောင်း၊ ဦးဘိုးခိုင်သည် ရမ်းဗြဲသား ဖြစ်ကြောင်း၊ ဥပဒေပြုလွှတ်တော်အမတ်ဖြစ်လာခဲ့ကြောင်း၊ လွှတ်တော် တွင် အင်္ဂလိပ်လို မြန်မာလို ရဲရဲတောက် ပြောရဲဆိုရဲ သတ္တိခဲတစ်ယောက် ဖြစ်ကြောင်း၊ လွတ်လပ်ရေးရပြီးနောက်တွင်လည်း လွှတ်တော်အမတ် ဖြစ်လာခဲ့ကြောင်း၊ ဦးဘိုးခိုင်၏သမီး ဒေါ်အေးညွန့်သည်လည်း ဆတ်ဆတ်ကြဲ၊ လျှာနီအာဇာနည်အမျိုးသမီးဖြစ်ကြောင်း ဖော်ကျူးထား ပါသည်။ ကမန်မျိုးချစ်ခေါင်းဆောင်ကြီး ဦးဘိုးခိုင်၏ သမိုင်းနောက်ခံ ကားဟု ယူနိုင်ပါသည်။

 

ပါမောက္ခ ဒေါက်တာ အောင်ဇော်


(နာယက-အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်)