THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

ကိုပေါက်(Myanmar Muslim Media CJ)
ဇူလိုင် ၃၁၊ ၂၀၁၄

ဘာသာရေးလူမျိုးရေးအကြမ်းဖက်မှုရဲ့ အခြေခံ အမုန်းစကားပြောသူတွေကို ပြည်သူနဲ့ အစိုးရပူးပေါင်းထိန်းသိမ်းဖို့ အစ္စလာမ်သာသာနာရေးကောင်စီ အတွင်းရေးမှူးချုပ်က အီးဒ်နှုတ်ခွန်းဆက်စကားမှာထည့်သွင်းပြောကြားလိုက်ပါတယ်။

လွန်ခဲ့တဲ့နှစ်တွေအတွင်းကဖြစ်ပေါ်လာတဲ့ ဘာသာရေးလူမျိုးရေးအကြမ်းဖက်မှုတွေကြောင့် မြန်မာနိင်ငံသူနိင်ငံသားအပေါင်း စိတ်ဆင်းရဲခဲ့ရကြောင်းနဲ့ ဒီလို အကြမ်းဖက်မှုတွေဖြစ်ပွားလာရခြင်းဟာ ပြည်သူလူထုအကြား မုန်းတီးရေးတရားတွေကို ဖြန့်ဝေခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီ အတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းက သုံးသပ်ပါတယ်။

ဒီလို မုန်းတီးရေးတရား(Hate Speech)တွေကို အစိုးရနဲ့ ပြည်သူတွေက ၀ိုင်းဝန်းထိန်းသိမ်းပေးကြစေလိုကြောင်းနဲ့ အစိုးရအနေနဲ့ အမုန်းစကားတွေရဲ့ နောက်ဆက်တွဲအဖြစ် ဖြစ်ပွားလာတဲ့ လူမျိုးရေး ဘာသာရေးအကြမ်းဖက်မှုတွေမှာ ကျူးလွန်ပါဝင်ခဲ့သူတွေကို ဥပဒေအရ ထိထိရောက်ရောက်အရေးယူဖို့အစိုးရမှာတာဝန်ရှိတယ်လို့လည်း ဦးတင်မောင်သန်းက အုပ်ချုပ်သူတွေကို တိုက်တွန်းပါတယ်။

 

ဆက်စပ် အကြောင်းအရာ