ဘယ်သူ့ကိုမဲပေးမလဲ - ဦးတင်မောင်သန်း အစ္စလာမ်ကောင်စီ၊ အတွင်းရေးမှူးချုပ်
မွတ်စလင်မ်တွေဘယ်သူ့ကိုမဲပေးမလဲ
အပိုင်း(၅)
အောက်တိုဘာ ၃၊ ၂၀၁၅
ဦးတင်မောင်သန်း
အစ္စလာမ်သာသနာရေးရာကောင်စီ၊အတွင်းရေးမှူးချုပ်
အခုလာမယ့်ရွေးကောက်ပွဲက တိုင်းပြည်ပြောင်းလဲရေးအတွက် အရေးကြီးတဲ့အတွက်ကြောင့် မွတ်စလင်မ်တိုင်းမဲပေးဖို့အရေးကြီးတယ်ပေါ့နော် မွတ်စလင်မ်တိုင်းမဲပေးကျဖို့တိုက်တွန်းချင်တယ်။
နောက်တစ်ခုက ၁၉၆၂မတိုင်ခင် လွတ်လပ်ရေးရတဲ့ ၄၈ကနေပြီးတော့ ၆၂ထိ တစ်နိုင်ငံလုံးအတိုင်းအတာ အစစအရာရာကောင်းခဲ့တယ် အဲ့တာကတော့ အဓိကကတော့ဒီမိုကရေစီစနစ်ထွန်းကားလို့ပဲဖြစ်တယ် အဲ့ဒီအတွက်ကြောင့် ဒီမိုကရေစီစနစ်ထွန်ကားတဲ့အချိန်မှာ လူများစုရော လူနည်းစုရော ပညာရေးပိုင်းရော စီးပွားရေးရော ဘက်စုံကဏ္ဍပေါင်းစုံကောင်းခဲ့တယ် ဒီမိုကရေစီစနစ်ဆိတ်သုဉ်းသွားပြီးတဲ့ ၆၂ခုကနေ အခုချိန်ထိကို အဖက်ဖက်ကနေပြီးတော့ တိုင်းပြည်ရဲ့အခြေအနေကဆုတ်ယုတ်ကျဆင်းလာတယ် ဆုတ်ယုတ်ကျဆင်းနေတယ် လူနည်းစုအခွင့်အရေး လူ့အခွင့်အရေး စီးပွားရေး လူမှုရေး ဘယ်ပေါင်းစုံကျဆင်းနေတယ် အဲ့တော့ ဒီအခြေအနေကနေပြီးတော့ အပြောင်းအလဲတစ်ခုဖြစ်ဖို့အတွက်ကို လူတိုင်းက အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်ဖို့လိုတယ် ဒီ့အတွက်ကြောင့် ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားရေးအတွက်ကို လူတိုင်းက ဒီမိုကရေစီအရေးကိုဦးစားပေးပြီးဆောင်ရွက်မယ့်ပါတီ လူ့အခွင့်အရေးကိုရှေးရှု့ဆောင်ရွက်မယ့်ပါတီ လူနည်းစုတွေအပေါ်မှာစာနာထောက်ထားတဲ့ပါတီ အစဉ်အလာကောင်းပြီးတော့ အများအတွက်ကိုယ်ကျိုးစွန့်အနစ်အနာခံခဲ့တဲ့ပါတီကို မဲပေးဖို့တိုက်တွန်းလိုပါတယ်။