THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

တမန်တော်မြတ်၏ သြ၀ါဒတော်များ 
သီရိပျံချီ အလ္လာမဟ် ဃာဇီ မုဟမ္မဒ် ဟာရှင်မ်
 
 

တမန်တော်မြတ်၏ သြ၀ါဒတော်များ (၁)

ဟောကြားသူ - သီရိပျံချီ အလ္လာမဟ် ဃာဇီ မုဟမ္မဒ် ဟာရှင်မ်

 အိမ်နီးနားချင်းများကို ထောက်ထားရမည့်အကြောင်း ၊

 လူ(၃)ဦးအတူတကွရှိနေစဉ် (၂)ဦးတည်း တီးတိုးစကား မပြောအပ်၊

 ဒီန် - သာသနာသည် ကောင်းကျိုးလိုလားသော စေတနာ စကား ၊

 ဆွလာသ် တည်ဆောက်ရန် ၊ဇကာသ် ဆင်းရဲသားအခွင့်အရေးဒါနပြုရန်နှင့် မွတ်စ်လင်မ်အများအကျိုးသယ်ပိုးရန် တမန်တော်မြတ်ထံ ဗိုင်အသ် ပဠိညာဉ်ကတိပြုခြင်း၊

 သနား၊ ကြင်နာ၊ မေတ္တာ၊ ကရုဏာတရားများကို (ယှကီး) ကံဆိုးမိုးမှောင်နဖူးစာ မကောင်းသော သူယုတ်သူဆိုးများ၏ နှလုံးသားမှအပ အခြားမည်သူ၏ နှလုံးသားမှ ထုတ်ယူ ရုပ်သိမ်းခြင်းခံရမည်မဟုတ်၊

 သနား၊ ကြင်နာ၊ မေတ္တာ၊ ကရုဏာတရားထားရှိသူများကို ရဟ်မာန် ဂုဏ်တော်ရှင် အလ္လာဟ် အရှင်မြတ်က ကြင်နာတရား ကရုဏာထားတော်မူမည်။

 ကမ္ဘာမြေပေါ်ရှိသူများကို အသင်တို့ သနားကြင်နာလျှင် မိုးပေါ်ရှိအရှင်ကလည်း အသင်တို့အား သနားကြင်နာမည်၊

 ကြီးသူကို မလေးစားသူ၊ ငယ်သူကို မသနားသူ၊ ကောင်းရာကို မညွှန်သူ၊ မကောင်းရာကို မတားသူသည် ငါ(တမန်တော်)၏ တပည့်နောက်လိုက် မဟုတ်။

 ကောင်းရာကို မညွှန်၊ မကောင်းရာကို မတားသည့် လူ့အစုအဝေး ပျက်စီးမည်၊