THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

တမန်တော်မြတ်၏ သြ၀ါဒတော်များ (၂)

သီရိပျံချီ အလ္လာမဟ် ဃာဇီ မုဟမ္မဒ် ဟာရှင်မ်

 

 

 မိမိကိုယ်တိုင် စားသောက်နေပါလျက် မိမိအိမ်နီးနားချင်း စားရမဲ့သောက်ရမဲ့ ငတ်နေလျှင် ထိုသူ မွတ်စ်လင်မ် မဟုတ်။

 

 လူကောင်းဟူသည် လူအများကို ဒုက္ခမပေး ၊ ကောင်းကျိုးသာ ပေးသူ ။

 

 လူဆိုးဟူသည် လူအများကို ဒုက္ခသာပေး ၊ ကောင်းကျိုး မပေးသူ ။

 

 နှလုံးသားနှင့် နှုတ်လျှာ (မွတ်စ်လင်မ်)နာခံသူမဖြစ်သမျှ ထိုသူ မွတ်စ်လင်မ် မဟုတ်။

 

 အိမ်နီးနားချင်းများက ၄င်း၏ အန္တရာယ်မှ စိတ်မချရသမျှကာလပတ်လုံး ထိုသူ မုအ်မင်န် ယုံကြည်သူ မဟုတ်။

 

 အသင်တို့၏ သွေးများသည် လည်းကောင်း၊ အသင်တို့၏ ဥစ္စာပစ္စည်းများသည် လည်းကောင်း၊ အသင်တို့၏ ဂုဏ်သိက္ခာသည် လည်းကောင်း၊

 

အသင်တို့အပေါ်၌ (ဟရာမ်) လေးစားရမည့်အရာများဖြစ်သည်။

 

 မွတ်စ်လင်မ်ဟူသည် ချစ်ခင်စရာပင်၊ သူတစ်ပါးကိုလည်း ကိုယ်က မချစ်ခင်၊ သူတစ်ပါး၏ ချစ်ခင်ခြင်းကိုလည်း မခံရသူသည် ကောင်းခြင်းမရှိသူပင်။

 

 သူတစ်ပါး၏ လိုအပ်ချက်ကို စိတ်စေတနာဖြူစင်စွာဖြင့် ဖြည့်ဆည်းပေးလျှင် . . .

 

 

 

 

----------------------------------------­-------------------------
ဤတရားဟောပြောချက်ကို အသံဖမ်း မှတ်တမ်းတင်ပေခဲ့သည့် 
ဟာဂျီ ဦးဘသန်း မိသားစုကို အထူး ကျေးဇူးတင်ရှိပါကြောင်း ။

အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်

Islamic Religious Affairs Council Myanmar